Radio Free Asia (RFA) is a private, nonprofit corporation that broadcasts news and information to listeners in Asian countries where full, accurate, and timely news reports are unavailable. Radio Free Asia’s mission is to provide accurate and timely news and information to Asian countries whose governments prohibit access to a free press. Guided by the core principles of freedom of expression and opinion, RFA serves its listeners by providing information critical for informed decision-making.
ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေး အခက်အခဲကြုံနေရကြောင်းနဲ့ ဒီဒုက္ခသည်တွေကို ထောက်ပံ့ပေးဖို့ အကူအညီပေးရေးအဖွဲ့တွေကို ခွင့်ပြုသင့်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကပြောပါတယ်။
ဒေါ်ခွန်ဂျာ ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိင်ပါတယ်။
အခုတပတ် အစီအစဉ်မှာ ရန်ကုန်တက္ကသိုလ် သမိုင်းမှန်ဖေါ်ထုတ်ရေးနဲ့ ပတ်သက်ပြီး ဆောင်းပါးရှင်က ဆွေးနွေးထားပါတယ်။
နေပြည်တော်အပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ် အတော်များများမှာ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်တုတွေထားရှိဖို့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေ ဦးဆောင်ပြီး စီစဉ်နေတဲ့အပေါ် တိုင်းရင်းသားဒေသတွေမှာ ကန့်ကွက်မှုတွေ ရှိနေပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။
(ဓါတ်ပုံ - နေပြည်တော်၊ လယ်ဝေးမြို့နယ်က ဗိုလ်ချုပ် အောင်ဆန်း ရုပ်တုကို တွေ့ရစဉ်)
၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးမှာ မြေပြိုမှု နဲ့ မြစ်ကမ်းပါးပြိုကျမှု အကြိမ် ၅၄၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။
ရေဘေးကြောင့် မြေပြိုတာတွေ ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျတာတွေနဲ့ ပတ်သက်ပြီး အစိုးရက စီမံဆောင်ရွက်နေတဲ့ အခြေအနေတွေအပေါ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ဇူလိုင်လဆန်းမှာ ကျင်းပဖို့ လျာထားတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားအဖွဲ့တွေ လိုလားတဲ့ ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ အစိုးရနဲ့ တပ်မတော် က အတည်ပြုလိုတဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ဆိုင်တဲ့ ကိစ္စတွေ ဆွေးနွေးမှာ မဟုတ်သေးဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောကြပါတယ်။ ဒီတတိယအကြိမ် ညီလာခံမှာ ဘာတွေဆွေးနွေးကြမှာလဲ ဒီအကြောင်းကို RFA သတင်းထောက် ကိုသီဟထွန်း က စုစည်းတင်ပြထားပါတယ်။
ဦးမျိုးလွင် အပတ်စဉ် တင်ပြနေတဲ့ လူမှုစီးပွား ကြေးမုံပြင် အစီအစဉ်မှာ အခုတစ်ပတ် အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေကြမ်း နဲ့ ပတ်သက်ပြီး ဆွေးနွေးထားပါတယ်။
ဦးတင်အောင်ခိုင်က ဖတ်ကြားပေးထားပါတယ်။
အခုအခါ အချိန်စက္ကန့် နှစ်စက္ကန့်တိုင်း ကမ္ဘာပေါ်က လူတစ်ဦးကျ အိုးအိမ်စွန့်ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ပါတယ်။ အိုးအိမ်စွန့်ရသူ များပြားတဲ့စာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။
ဦးသစ်ဆင်း က တင်ပြထားပါတယ်။
Photo: Salai
မွန်ပြည်နယ် မော်လမြိုင်စက်မှုဇုန်မှာ စမ်းသပ်လည်ပတ်နေတဲ့ ခနောက်စိမ်း သန့်စင်စက်ရုံနှစ်ရုံက အနံ့ဆိုးတွေထွက်တဲ့အကြောင်း ဒေသခံတွေက အကြိမ်ကြိမ်တင်ပြလို့ လေထု တိုင်းတာရေးစက်နဲ့ သက်ဆိုင်ရာက တိုင်းတာတဲ့အခါ လေထု ညစ်ညမ်းနေတာတွေ့ရပေမယ့် ခုထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးတာ မရှိသေးပါဘူး။ အရင် အစိုးရလက်ထက်မှာ ရပ်နားခဲ့ပြီး ခု အစိုးရလက်ထက်မှာ စမ်းသပ်လည်ပတ်နေတာလို့လည်း ပြောပါတယ်။
ဒီအကြောင်းတွေကို စက်မှုဇုန်မှာ နေထိုင်နေတဲ့ ဦးဇော်ဇော်ဟန်ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေဟာ ကချင်ပြည်နယ်တွင်းက အကျဉ်းထောင်တွေ ရဲစခန်းအချုပ်ခန်းတွေနဲ့ ဒုက္ခသည် စခန်းတွေရဲ့ အခြေအနေတွေကို ကြည့်ရှုစစ်ဆေးဖို့ ကချင်ပြည်နယ်ကို ရောက်ရှိနေပါတယ်။
ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝန်ကြီးဌာနတွေကို ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ ဖိတ်ကြားတဲ့ အခမ်းအနားတွေကို တက်ရောက်ခြင်းမပြုဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက် ထုတ်ပြန်ပြီး တားမြစ်လိုက်ပါတယ်။
အစိုးရအဖွဲ့ဝင်တချို့ဟာ ပွဲလမ်းသဘင်တွေ အခမ်းအနားဖွင့်ပွဲတွေ တက်ရောက်မှု များနေတယ်ဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာ အခုလိုကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မသက်စုအောင် က တင်ပြထားပါတယ်။
လယ်ယာမြေနဲ့ အခြားမြေများ သိမ်ဆည်းခံရမှုတွေကို စိစစ်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လမ်းညွှန်ချက် ၄ချက် ချမှတ်ပေးလိုက်ပါတယ်။
သိမ်းဆည်းခံမြေယာတွေနဲ့ ပတ်သက်တဲ့ အဲဒီလမ်းညွှန်ချက်တွေကို သက်ဆိုင်ရာဌာနဆိုင်ရာတွေက လိုက်နာကြမယ်ဆိုရင် သိမ်းဆည်းခံမြေယာတွေ အမြန်ပြန်ရနိုင်မယ်လို့ မျှော်လင့်ကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများသိမ်ဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင် ကိုအောင်ကျော်ကျော် က ပြောပါတယ်။
ကိုအောင်ကျော်ကျော် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးက စွဲချက်တင်ဖို့ အမိန့်ချမှတ်ထားတဲ့အပေါ် ရန်ကုန်တိုင်း တရားလွှတ်တော်ကို လျှောက်လဲချက် တင်ထားတာကို မနေ့က အမိန့်ချမှတ်လိုက်ပါတယ်။
ရန်ကုန်တိုင်း တရားလွှတ်တော်က ချမှတ်လိုက်တဲ့ အမိန့်ဟာ ကြည်လင်း နဲ့ အောင်ဝင်းဇော်တို့ကို စွဲဆိုထားတဲ့ ပုဒ်မတွေမှာ ပြောင်းလဲမှု သိပ်မရှိဘဲ ဇေယျာဖြိုးကို စွဲဆိုထားတဲ့ ပုဒ်မမှာတော့ ပြောင်းလဲမှုရှိတယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ရန်ကုန်တိုင်း တရားလွှတ်တော်က မနေ့က ချမှတ်လိုက်တဲ့ အမိန့်နဲ့ ပတ်သက်ပြီး ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှာ အသတ်ခံရတဲ့ အငှားယာဉ်မောင်း ဦးနေ၀င်းရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင် ကို ကိုကျော်ဇောဝင်း က ဆက်သွယ် မေးမြန်းထားပါတယ်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့ တရားခံတွေကို အထူးဥပဒေပြဋ္ဌာန်းပြီး သေဒဏ်အပြစ်ပေးဖို့ ရခိုင်အမျိုးသားပါတီ ANP လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ အဆိုတင်သွင်းခဲ့ရာမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒေါ်ခင်စောဝေကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
မိုးရာသီမှာ အဖြစ်များတဲ့ သွေးလွန်တုတ်ကွေးရောဂါဟာ နှစ်စဉ် ရန်ကုန်တိုင်းမှာ အဖြစ်အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တို့က ဒုတိယအဖြစ်အများဆုံးဖြစ်ပါတယ်။ ဒီနှစ်ရောဂါဖြစ်ပွားမှုဟာ မနှစ်ကထက်လျော့နည်းပေမယ့် မပေါ့ဆကြဖို့နဲ့ သွေးလွန်တုတ်ကွေးလို့ သံသယရှိတာနဲ့ ဆေးရုံပို့ကြဖို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် ကပြောပါတယ်။ ဒေါက်တာထွန်းမြင့် ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။
ခုတပတ်မှာ မြန်မာနိုင်ငံတ၀ှမ်းမှာ အရေအတွက် ၆ သိန်းပတ်ဝန်းကျင်ရှိတဲ့ အခြေခံပညာ ဆရာ ဆရာမတွေရဲ့ စားဝတ်နေရေးပြေလည်ရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆောင်းပါးရှင် ကျောင်းဆရာဦးဖိုးစော ကိုယ်တိုင် ဆွေးနွေး ထားပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ၆ လ အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပြီး ဆေးရုံတက်ရသူ အရေအတွက်ဟာ သုံးထောင်ကျော်ရှိပြီး ၂၃ ဦး သေဆုံးခဲ့ပါတယ်။ ရန်ကုန်၊ တနင်္သာရီ နဲ့ ဧရာဝတီတိုင်းတို့မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုနှုန်း အများဆုံး ဖြစ်နေပါတယ်။
RFA သတင်းထောက် မသက်စုအောင် က စုစည်းတင်ပြထားပါတယ်။
ကယားပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိမှာကို ကန့်ကွက်လိုက်ပြီး တည်ဆောက်နေမှုကို ချက်ချင်းရပ်တန့်ပေးဖို့ ကယားပြည်နယ် လူမှုအဖွဲ့ ၇ ဖွဲ့က ပြည်နယ်အစိုးရဆီကို ဒီကနေ့ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။ ကရင်နီပြည် လူငယ်များသမဂ္ဂက ခွန်ဘားနဒ်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။ Photo: Ei Khu Reh
မကွေးတိုင်းဒေသကြီးအစိုးရရဲ့ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်စာရင်းတွေကို တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဇော်မင်းက လွှတ်တော်ထံ တင်ပြတာနောက်ကျတာကြောင့် စိစစ်ချိန်မရလိုက်ဘဲ အတည်ပြုလိုက်ရတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောပါတယ်။ လွှတ်တော်ထံ ဘတ်ဂျက်စာရင်းတင်ပြမှု မကြာခဏနောက်ကျတာကြောင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတထံ တင်ပြထားပါတယ်။
တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ဓါတ်ပုံ - မကွေးတိုင်းဒေသကြီးလွှတ်တော်
ရခိုင်ပြည်နယ်ကို မနေ့က ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Christine Burgener ခရစ်စတင်းဘာဂီးနာ ဟာ ဒီနေ့ မောင်တောမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေကို သွားရောက်လေ့လာခဲ့ပါတယ်။
ခရစ်စတင်းဘာဂီးနာရဲ့ နှစ်ရက်တာ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း တွေ့ဆုံခဲ့တဲ့အဖွဲ့အစည်းတွေ၊ ဒေသခံတွေရဲ့ တင်ပြချက်တွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
Photo: Aung Thurein
ကဗျာတွေတေးတွေ လှလှပပဖွဲ့ဆိုလေ့ရှိခဲ့တဲ့ မိုးဥတုရောက်တိုင်း နိုင်ငံတလွှား ရေဘေးသင့်ရတာဟာ သစ်တောပြုန်းတီးတဲ့အတွက်လို့ ပညာရှင်တွေက ထောက်ပြလေ့ရှိပါတယ်။ ဒါဆိုရင် သစ်တောမပြုန်းတဲ့ အမေရိကန်ပြည်ထောင်စုမှာလည်း ရေကြီးရေလျှံတာပဲလို့ စောဒက တက်စရာရှိပါတယ်။ ဒီအတွက် မြန်မာနိုင်ငံနဲ့ အမေရိကန်ရေကြီးရတဲ့ အကြောင်းရင်းခံ မတူညီတာတွေကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် (Ms. Christine Burgener) ခရစ္စတင်းဘာဂီးနာဟာ ရခိုင်ပြည်နယ် မြေပုံ နဲ့ စစ်တွေက ဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
ဒီခရီးစဉ်အတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေကို အဓိကထား လေ့လာဆွေးနွေးမယ်လို့ ကြေညာထားပါတယ်။
ခရစ္စတင်းဘာဂီးနာ ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
မွန်ပြည်နယ်မှာ မနေ့ညက စတင်ပြီး မိုးကြီးခဲ့တာကြောင့် မော်လမြိုင်၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ် အပါအဝင် မြို့ ၆ မြို့ မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး မြွေကိုက်ခံရကာ သေဆုံးခဲ့ပါတယ်။ လတ်တလောမှာ ကယ်ဆယ်ရေးစခန်းတွေ ယာယီဖွင့်လှစ်ပြီး လူဦးရေ နှစ်ထောင်ကျော် ရွှေ့ပြောင်းနေရပါတယ်။
ဒီအကြောင်းကို RFA သတင်းထောက် ကိုသီဟထွန်း က တင်ပြထားပါတယ်။
Photo: Hom Shin - facebook
ပြင်ပဆောင်းပါးရှင် ကိုစံနီဦးရဲ့ "အလွဲအမှားများနဲ့ တိုးမိတိုက်မိ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ လက်ရှိအစိုးရအနေနဲ့ ကုန်ဈေးနှုန်းကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေသေးကြောင်း မသမာသူ စီးပွားရေးလုပ်ငန်းရှင်တွေကို ထိန်းချုပ်ဖို့ လိုအပ်နေသေးတဲ့အကြောင်း ဆောင်းပါးရှင် တိုက်တွန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်ရဲ့ " ပျိုးခင်းဘေးက တေးသံကဏ္ဍ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ မြန်မာပြည်ရဲ့ ပညာရေးကနေထွက်လာတဲ့ ရလဒ်တွေဟာ အလုပ်အကိုင်တွေအတွက် အရေးကြီးဆုံးအချက်နှစ်ချက်ဖြစ်တဲ့ ဗဟုသုတနဲ့ ကျွမ်းကျင်မှုကို ကောင်းအောင်ပြည့်ဝအောင် မသင်ပေးနိုင်ခဲ့ဘူးဆိုတာနဲ့ ပညာရေးနဲ့ဆိုင်တဲ့ အုပ်ချုပ်ရေးယန္တရားမှာ ဘယ်လိုလူမျိုးတွေပါနေသလဲဆိုတာ စဉ်းစားစရာအချက်ဖြစ်တယ်ဆိုတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ပြင်ပဆောင်းပါးရှင် ကိုအောင်နိုင်ကျော် ရေးသားတင်ပြတဲ့ " လူမှုစီးပွားနဲ့ လယ်ယာကဏ္ဍ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ လယ်ယာမြေကို စိုက်ပျိုးရေးအတွက်ပဲသုံးဖို့ဆိုပြီး သက်ဆိုင်ရာက တင်းတင်းကျပ်ကျပ် ဆောင်ရွက်တာမှန်ပေမယ့် မြေပြင်ရဲ့ လက်တွေ့အနေအထားကို သေချာမလေ့လာဘဲလုပ်ရင် လယ်ယာလုပ်ငန်းကို အကျပ်ရိုက်စေနိုင်တဲ့အကြောင်းကို ဆောင်းပါးရှင်က ဥပမာများနဲ့ တင်ပြထားတာကို နားဆင်နိုင်ပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက မှတ်တိုင် ၆ နဲ့ ၈ မှာ ခိုလှုံနေကြရတဲ့ စစ်ဘေးဒုက္ခသည် ၅ ထောင်နီးပါးကို သွားရောက်ကူညီမယ့် အဖွဲ့အစည်းတွေကို မသွားကြဖို့နဲ့ အကူအညီသွားပေးရင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ငြိစွန်းမှာဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးက သတိပေးစာထုတ်ပြန်တာဟာ မဖြစ်သင့်ကြောင်း ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ ဒုတိယဗိုလ်မှူးကြီး နော်ဘူကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
အရင်က ကမ္ဘာမှာ ဆန်တင်ပို့မှုအများဆုံးဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုအခါ ပဉ္စမနေရာကိုရောက်ရှိနေပြီ ဖြစ်ပါတယ်။ တောင်သူလယ်သမားအများစုရှိတဲ့ မြန်မာနိုင်ငံရဲ့ ဆန်အထွက်တိုးတက်လာဖို့ မျိုးကောင်း မျိုးသန့်နဲ့ နည်းပညာတွေရရှိဖို့ လိုအပ်နေပါတယ်။ ဦးသစ်ဆင်က စုစည်းတင်ပြမှာပါ။
မြန်မာနိုင်ငံတဝှမ်း တိုင်းနဲ့ပြည်နယ်အတော်များများမှာ ရေလွှမ်းမိုးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတာမှာ မကွေးတိုင်းဟာ အဆိုးဝါးဆုံးလို့ ရေဘေးကူညီနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကပြောပါတယ်။ မကွေးတိုင်း ပွင့်ဖြူတစ်မြို့နယ်ထဲမှာတင် သေဆုံးသူ ၂ ယောက်ရှိပြီး ကမ်းပါးပြိုကျလို့ ရွှေ့ပြောင်းပေးခဲ့ရတဲ့ အိမ်ပေါင်း ၆၆ လုံးရှိခဲ့ပြီးဖြစ်တယ်လို့ ရေဘေးဒုက္ခသည်တွေကိုကူညီနေတဲ့ ပွင့်ဖြူဖွံ့ဖြိုးရေးကွန်ရက်က ကိုကျော်ဆန်းဟန်က ပြောပါတယ်။ ကိုကျော်ဆန်းဟန်ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။
Photo: Aung Myint Myat - facebook
ငြိမ်းချမ်းရေးရဖို့အတွက် လက်နက်ကိုင်အဖွဲ့တွေက အဓိကဖြစ်ပေမယ့် ပြည်သူတွေမှာလည်း တာဝန်ရှိတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။ မြန်မာပြည်လက်ရှိ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
လက်ရှိ ရှစ်လေးလုံးပြည်သူ့ပါတီရဲ့ အမည်၊ အလံနဲ့ အမှတ်တံဆိပ်တို့ကို ပြန်လည်ပြင်ဆင်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ပေးဖို့နဲ့ အဲဒီညွှန်ကြားချက်ကို ပြောင်းလဲပြင်ဆင်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့ပေမယ့် မပြင်ဆင်ပေးနိုင်ဘူးဆိုတဲ့ ရလာဒ်ပဲရခဲ့တယ်လို့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ ခေါင်းဆောင်တွေက ပြောပါတယ်။
ရှစ်လေးလုံးပြည်သူ့ပါတီရဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူ ဦးရဲနိုင်အောင် ကို RFA သတင်းထောက် ကိုသန့်ဇင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက မှတ်တိုင်ချောင်းဆိုတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို သွားရောက်ကူညီပေးနေတဲ့ ဝိုင်းမော် KBC အဖွဲ့ကို ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက နောက်ထပ်ပြီး မသွားဖို့ တားမြစ်လိုက်ပါတယ်။
မြစ်ကြီးနားမြို့ KBC အဖွဲ့ချုပ်က ဒေါက်တာဆမ်ဆွန် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီအနေနဲ့ NCA လက်မှတ်ထိုးပြီး လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရေးဟာ နီးစပ်မှုမရှိသေးဘဲ အစိုးရနဲ့ ဆက်လက်ညှိနှိုင်းရမယ့်အချက်တွေ ရှိနေသေးတယ်လို့ KNPP ဗဟိုကော်မတီဝင်တစ်ဦးက ပြောပါတယ်။
KNPP ဗဟိုကော်မတီဝင် ခူတောရယ်ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖေါ်ပြခဲ့ကြတဲ့ ခေါင်းကြီးပိုင်းတွေနဲ့ သုံးသပ်ချက် ဆောင်းပါးတွေကို ဦးသစ်ဆင်းက ကောက်နှုတ် တင်ပြမှာဖြစ်ပါတယ်။
အခုတပတ်မှာ မြန်မာနဲ့ တရုတ်ကြားက ကျောက်ဖြူ အထူးစီပွားရးဇုန် တည်ဆောက်ရေးစီမံကိန်းဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး တင်ပြမှာဖြစ်ပါတယ်။
မွန်ပြည်နယ် မုဒုံ လဝက ရုံးက အဂတိမှု၊ ကော့သောင်းလေဆိပ်က ရဲဝန်ထမ်းတချို့ရဲ့ အာဏာအလွဲပြုမှု၊ ရေနံချောင်းဆေးရုံက ဆရာဝန်မလုံလောက်တဲ့အခြေအနေ အပါအဝင် ရခိုင်ပြည်နယ်မြောက်ဦးက ရေဘေးသင့်ပြည်သူတွေရဲ့ ဒုက္ခအခက်အခဲ နဲ့ ရှမ်းပြည်နယ် အောင်ပန်းက လမ်းတိုးချဲ့ဖို့ နေအိမ်တွေ ဈေးဆိုင်တွေ ဖယ်ရှားရမယ့် ဒေသခံတွေအကြောင်းတွေကို နားဆင်ရမှာပါ။ RFA အဖွဲ့သူ မခင်ခင်အိ စီစဉ်တင်ဆက်ထားပါတယ်။
ပြင်ပကလောင်ရှင် ဦးအောင်မိုးဝင်း တင်ပြမယ့် တံခါးများကိုဖွင့်ကြည့်ခြင်း အစီအစဉ်မှာ ခုတပတ် ပြည်ပဆက်ဆံမှုတွေက ပြောင်းလဲပေးလိုက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ စိတ်သဘောထားတွေအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
ရာသီဥတုအခြေအနေကြောင့် မဲဆွယ်စည်းရုံးဖို့ အခက်အခဲရှိနိုင်တဲ့အတွက် လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ နိုင်ငံရေးပါတီတချို့က ဒီနေ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ပုဂ္ဂလိကသတင်းမီဒီယာတွေ ဝင်ရောက်သတင်းရယူခွင့်ကို ကန့်သတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒီနေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ ဥက္ကဋ္ဌ ဦးစောသန်းမြင့် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ နယ်အတွင်းမှာ ပြီးခဲတဲ့ ဇွန်လ ၉ ရက်နေ့ကစပြီး မိုးသည်းထန်စွာရွာသွန်းတာကြောင့် နမ့်ဆန်မြို့ပေါ်ရပ်ကွက်တွေမှာ မြေပြိုပြီး နေအိမ်တွေပျက်စီးမှု ရှိနေပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မြေပြိုမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ ဦးကြားသီကို RFA သတင်းထောက် ကိုကံသာက ဆက်သွယ်မေးမြန်းထားပါတယ်။ ဓါတ်ပုံ - ဦးကြားသီ
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ကသည်းကျေးရွာအုပ်စုမှာ မိုးကြီးပြီး မြေပြိုကျမှုကြောင့် တောင်ကမ်းပါးကုန်းစောင်းမှာ နေထိုင်သူ ၅ ဦး ဒီနေ့ မနက်အစောပိုင်းက သေဆုံးခဲ့ရပါတယ်။ မိုးကုတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းတင်ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ Photo: Hein Zaw Thu - facebook
ဒီတပတ်မှာတော့ မြန်မာစာအရေးအသား တိုးတက်လာမှု အလားအလာအကြောင်းကို ဆောင်းပါးရှင်မေစာက ကိုယ်တိုင်တင်ပြထားပါတယ်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကျောက်မိုင်းလုပ်ငန်းတွေကို ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းရပ်ဆိုင်း မိန့်ထုတ်ပြန်ပေမဲ့ ဧက ၁၀၀ ရှိတဲ့ ကျောက်မိုင်းတမိုင်းပဲ လုပ်ငန်း ရပ်ဆိုင်းထားပါတယ်။ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာနဲ့ အထွေထွေ ကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မတီက ကျောက်မိုင်းတွေကို မနေ့က သွားစစ်ဆေးပြီး ရွာကထွက်လာချိန်မှာတောင် မိုင်းခွဲသံကြားရတယ်လို့ ဆိုပါတယ်။
ဒီအကြောင်းတွေကို မော်လမြိုင်မြို့ အခြေစိုက် အလွတ်သတင်းထောက် ဦးနေမင်းကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ် မေးမြန်းထားပါတယ်။
NLD အစိုးရ ၂ နှစ်တာကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အစီရင်ခံစာ မိတ်ဆက်ပွဲကို လွတ်လပ်စွာထုတ်ဖော်ခွင့်လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ “အသံ” အဖွဲ့က ဇွန်လ ၁၀ ရက် နေ့က ထုတ်ဝေခဲ့ရာမှာ ဒီ ၂ နှစ်တာအတွင်း မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေဟာ အနုတ်လက္ခဏာဆောင်ခဲ့တယ်လို့ ကောက်ချက်ချထားပါတယ်။ အသံအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ မောင်ဆောင်းခ ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။
ထိုင်းနိုင်ငံမှာ တရားမ၀င် အလုပ်လုပ်နေကြသူတွေကို ဖြေလျော့ပေးတဲ့ကာလဟာ ဒီလကုန်မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် လာမယ့် ဇူလိုင်လဆန်းကစပြီး ထိုင်းနိုင်ငံက ဥပအဒေအတိုင်း အရေးယူတာတွေ စတင်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ လက်ရှိအခြေအနေ၊ သူတို့ရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ပါတီတစ်ခုရဲ့ အမှတ်တံဆိပ်နဲ့ ဆင်တူနေလို့ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အလံ၊ အမှတ်အသား တံဆိပ် နဲ့ ရင်ထိုးတံဆိပ်တို့ကို သိသာထင်ရှားကွဲလွဲတဲ့ ဒီဇိုင်းပုံစံနဲ့ ပြောင်းလဲပြင်ဆင်ပေးဖို့ တိုက်တွန်းတဲ့ အဆိုကို ဒီနေ့ တိုင်းလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ များတဲ့အတွက် အတည်ပြုလိုက်ပါတယ်။ အဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၃ ယောက်က ဒီနေ့ ဆွေးနွေးခဲ့ပြီး မဲခွဲခဲ့တာ ဖြစ်ပါတယ်။
ဆွေးနွေးရာမှာ ပါဝင်ခဲ့တဲ့ ကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝ သာစည်ကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ ပျက်စီးနေတဲ့ စက်လှေတစ်စီးနဲ့အတူ တွေ့ရှိရတဲ့ မွတ်စလင် ၁၀၄ ဦး ကို မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး စိစစ်နေပါတယ်။
အဲဒီအခြေအနေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ တဝိုက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေကြ သူတွေထဲက ဆေးသုံးစွဲသူ နဲ့ လက်လီရောင်းချသူတွေသာ အများဆုံး အဖမ်းခံနေရပြီး အကြီးစား ရောင်းဝယ်နေကြသူတွေကိုတော့ ဖမ်းမမိတာများတယ်လို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။
မိုးညှင်း နဲ့ ဟိုပင်မြို့ တ၀ိုက်မှာ မူးယစ်ဆေးဝါး အန္တရာယ် စိုးရိမ်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဟိုပင်မြို့ခံ ဦးကျော်ငြိမ်း ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရတဲ့အတွက် ရခိုင်ပြည် အမျိုးသား ကောင်စီ (ANC) က ဦးဆောင်ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံတူ နှီးနှောဖလှယ်ပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
စင်္ကာပူနိုင်ငံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ရဲ့ တွေ့ဆုံပွဲဟာ ကမ္ဘာ့ထိပ်တန်း သတင်းဖြစ်ပြီး ကမ္ဘာကြီးငြိမ်းချမ်းဖို့ဦးတည်နေပြီလို့ အကောင်းမြင် သုံးသပ်သူတွေရှိနေပေမဲ့ သတိထားစောင့်ကြည့်နေသူလည်း အများအပြားရှိနေပါတယ်။ အထူးသဖြင့် ကမ္ဘာကြီးကို အကြိမ်ကြိမ် လှည့်စားဘူးတဲ့ မြောက်ကိုရီးယားကို ယုံကြည်လို့ ရမလားဆိုတဲ့ အချက်အပေါ်မှာ ဆွေးနွေးသုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။ ဦးတင်အောင်ခိုင် က ဆက်လက် တင်ပြပါမယ်။
ဦးမျိုးလွင် အပတ်စဉ် တင်ပြနေတဲ့ လူမှုစီးပွား ကြေးမုံပြင် အစီအစဉ်မှာ အခုတစ်ပတ် ယာဉ်မောင်း လိုင်စင်အတု ပြဿနာအကြောင်း ဆွေးနွေးထားပါတယ်။
ဦးတင်အောင်ခိုင်က ဖတ်ကြားထားပါတယ်။
မုတ်သုန်ရာသီရောက်လို့ မိုးဖြိုင်ဖြိုင်ရွာလိုက်ရင် နိုင်ငံတ၀န်း ရေကြီးရေလျှံပြီး လူတွေရေဘေးသင့်ရပါတယ်။ အဲဒိအခါ အလှူရှင်တွေ၊ စေတနာရှင်တွေက ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ကြပါတယ်။ တကယ်တော့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းဆိုတာ နှစ်စဉ် လုပ်သင့်တာ မဟုတ်ဘဲ ရေကြီးရတဲ့ အကြောင်းရင်းကို လူတွေ သတိမူသင့်တဲ့အကြောင်းနဲ့ ရေကြီးရတဲ့ နောက်ခံ အကြောင်းချင်းရာတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေကို စက်လှေနဲ့ရောက်လာတဲ့ မွတ်စလင် ၁၀၄ ယောက်ကို မောင်တောမြို့နယ်ကို ပို့ဆောင် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ သူတို့ကို ထိန်းသိမ်းထားတဲ့အခြေအနေနဲ့ မောင်တောမြို့နယ်ရဲ့ လက်ရှိ လုံခြုံရေးအခြေအနေတွေကို မောင်တော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနဲ့ ရခိုင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လတ်တလော ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လူတွေပြောင်းရွှေ့ရတာ၊ စိုက်ခင်းတွေထဲ ရေ၀င်တာအပြင် လူသေဆုံးမှုတွေလည်း ရှိနေပါတယ်။
RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်ထက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် ကျဆင်းခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို အကြောင်းအရင်းစိစစ်ပြီး ပြန်လည်တင်ပြဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားပါတယ်။
၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ချင်းပြည်နယ်ဟာ အောင်ချက်အနည်း ဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အောင်ချက်ထက်လည်း ကျဆင်းခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ကျဆင်းခဲ့တဲ့ အခြေအနေအပေါ် ပြန်လည်စိစစ်မှုတွေ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့မှာ မနေ့ကစလို့ အနိမ့်ပိုင်း ခြေတံရှည်အိမ်တွေ ကြမ်းပြင်ထိရောက်အောင် ရေကြီးနေပြီး ဒီမနက် လင်းအားကြီးချိန်ထိ ချောင်းရေတက်နေပါတယ်။ ၂၀၀၄ က ရေအကြီးအကျယ် ကြီးခဲ့တုန်းကအတိုင်း ရေတက်နေပြီး ချောင်းထဲမှာ သဲစုပ်တဲ့လုပ်ငန်းတွေကြောင့် ရေစီးကြောင်းတွေ ပြောင်းရတယ်လို့ ဆိုပါတယ်။
ဒီအကြောင်းတွေကို သံတွဲမြို့ အခြေစိုက် မော်ကွန်းမဂ္ဂဇင်း ပင်တိုင်ဆောင်းပါးရှင် မြတ်စုမွန်ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဒီတပတ်မှာတော့ - တက္ကသိုလ်တွေမှာ ကျောင်းခေါ်ချိန်စည်းကမ်း၊ အပတ်စဉ်စာမေးပွဲနဲ့ အိမ်စာကို စနစ်တကျစီစဉ်ပေးနိုင်ဖို့လိုအပ်တာကို အမေရိကန်တက္ကသိုလ်ကစနစ်နဲ့ယှဉ်ပြီး ဆောင်းပါးရှင် ဆရာစော ကိုယ်တိုင် တင်ပြထားတာကို နားဆင်ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မေလနှောင်းပိုင်းက ကျောက်ဖြူမြို့နယ်ထဲက IDP စခန်းတခုက NVC ကတ် ကိုင်ဆောင်ထားသူ အမျိုးသမီးငယ်တယောက် ရန်ကုန်မြို့ကိုအသွား တောင်ကုတ်မြို့နယ်ထဲမှာ အဖမ်းခံခဲ့ရပါတယ်။
သူဘာကြောင့်အဖမ်းခံရတာလဲ၊ NVC ကတ်ကိုင်ဆောင်ထားသူတွေ ခရီးသွားလာလိုတဲ့အခါ ဘာတွေဆောင်ရွက်ဖို့ လိုအပ်သလဲဆိုတာတွေကို အဖမ်းခံရသူအမျိုးသမီးငယ်ရဲ့မိသားစုဝင်နဲ့ IDP စခန်းတာဝန်ခံတွေ၊ အာဏာပိုင်တွေရဲ့ပြောဆိုချက်တွေကို မခက်မာ စုစည်းတင်ပြထားပါတယ်။
အသစ်ခန့်အပ်လိုက်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စခရစ္စတင်းရှယန်နာဘာဂနာ ဟာ မနက်ဖြန်မှာ မြန်မာနိုင်ငံကိုရောက်ရှိပါမယ်။ သူ့ရဲ့ ၈ ရက်ကြာ မြန်မာခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ဒီခရီးစဉ်ကနေ မြန်မာနိုင်ငံအတွက် ဘာတွေကို မျှော်လင့်နိုင်မလဲ။ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေရဲ့ အမြင်တွေကို RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
အနည်းဆုံးအခကြေးငွေနှုန်းထား တစ်ရက် ၄၈၀၀ သတ်မှတ်ပြီးနောက်မှာ အလုပ်ရှင်တွေဘက်က မလိုက်နာမှုတွေကြောင့် အနည်းဆုံး လုပ်ခလစာ လေ့လာစောင့်ကြည့် ကူညီပေးရေးကော်မတီထံ တိုင်ကြားထားတဲ့ အမှု ၂၅ မှုရှိပြီး လက်ရှိမှာ အမှု ၁၂ မှုကို ဖြေရှင်းပေးနေရတယ်လို့ ကော်မတီအဖွဲ့ဝင် ကိုနေလင်းအောင် က ပြောပါတယ်။
ကိုနေလင်းအောင်ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီရက်ပိုင်းအတွင်း မုန်တိုင်းငယ်အရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ်အတော်များများမှာ မိုးကြီးနေတဲ့အတွက် မကွေးတိုင်းဒေသကြီးမှာ ကားလမ်းရေကျော်တာတွေ သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်တာတွေ ရှိနေပါတယ်။ မင်းတုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။ Photo: Aye Hlaing Oo - facebook
ဒေသခံတွေ ကန့်ကွက်ခဲ့မှုကြောင့် ယာယီရပ်ဆိုင်းထားခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ဟိန်းမေတ္တာ သတ္တုတူးဖော်ရေးကုမ္ပဏီက တူးဖော်မယ့် ကျောက်မီးသွေးစီမံကိန်းကို နိုင်ငံတော် သမ္မတရုံးက သက်တမ်းကုန်ချိန် ၂၀၂၀ အထိ ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ညွှန်ကြားလိုက်ပါ တယ်။
စီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ ရှမ်းပြည်နယ်လွှတ်တော် သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်နဲ့ လျှပ်စစ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးစိုင်းလင်းမြတ်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပွားတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားဒေ့ရှ်ကုန်းတွင်းကို ဝင်သွားပေမယ့် မြန်မာနိုင်ငံအနှံ့ မိုးဆက်လက်ရွာနေဦးမယ်လို့ မိုးလေ၀ဥဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ပဋိပက္ခဖြစ်ပွားတာနဲ့ သဘာဝဘေးအန္တရာယ်ကို လူသားချင်းစာနာမှုဆိုင်ရာ ပညာရှင်တွေက ဆက်စပ်ပြပေမယ့် ပတ်ဝန်းကျင်ဝါဒီတွေကတော့ ဂေဟစနစ်ယိုယွင်းတာကို ထောက်ပြတတ်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
ကချင်ပြည်နယ်လွှတ်တော် စီးပွားရေး နဲ့ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကော်မတီရဲ့ စီးပွားရေး စစ်တမ်းအတွက် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ တရုတ် တစ်သျှူးငှက်ပျော စိုက်ခင်းတွေကို ကော်မတီအဖွဲ့ဝင်တွေက သွားရောက်လေ့လာခဲ့ကြပါတယ်။
အဲဒီ လေ့လာတွေ့ရှိချက်တွေအရ ကုမ္ပဏီ ၄ ခု ရဲ့ တရုတ် တစ်သျှူးငှက်ပျော စုစုပေါင်း စိုက်ဧကဟာ ၁ သောင်းဝန်းကျင်ရှိပြီး အားလုံးဟာ တရားမဝင် စိုက်ပျိုး လုပ်ကိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
ကွင်းဆင်းရာမှာ ပါဝင်ခဲ့တဲ့ စီးပွားရေး နဲ့ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ ဆက်သွယ်မေးမြန်းထားပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းက တရားမ၀င် သစ်မှောင်ခိုလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့အတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အပါအ၀င် ကိုယ်စားလှယ် ၇ ဦး နဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လွှတ်တော်က ဖွဲ့စည်းလိုက်ပါတယ်။
တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ပြင်ပဆောင်းပါးရှင် မခင်မျိုးသွယ်ရဲ့ " မြန်မာ့လယ်ယာကဏ္ဍ" အစီအစဉ်ဖြစ်ပါတယ်။ အခုဒီအပတ်မှာ စိုက်ပျိုးစရိတ်ချေးငွေစနစ်သစ်ကြောင့် ချေးငွေမထုတ်တော့ဘူးဆိုသူတွေ၊ ချေးငွေမထုတ်နိုင်တဲ့ တောင်သူတွေရှိနေတဲ့အတွက် ချေးငွေမူဝါဒကို အမြန်ဆုံး ပြန်လည်သုံးသပ်ပြင်ဆင်သင့်ကြောင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်ရဲ့ " ပျိုးခင်းဘေးက တေးသံကဏ္ဍ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ ဆယ်တန်းစာမေးပွဲရလဒ်ဟာ ကလေးတွေအတွက် ဘ၀တစ်ခုမဟုတ်တဲ့အကြောင်း၊ ကမ္ဘာကြီးမှာဘယ်လောက် ကျယ်ပြန့်ပီးတော့ ရွေးစရာတွေဘယ်လောက်များနေကြတယ် အောင်မြင်မှုကို ကိုယ့်အစွမ်းအစနဲ့ကိုယ် ဘယ်လိုရှာကြတယ် ဆိုတာကို ကလေးတွေသိအောင်ပြောကြဖို့ အချိန်တန်တဲ့အကြောင်းနဲ့ စာမေးပွဲတစ်ခုရဲ့ရလဒ် အတွက်နဲ့ အဲ့ဒီ့ကလေးတွေ ဘ၀ပျက်မတက်ခံစားရတဲ့ အချိန်မျိုး စနစ်မျိုး ကုန်စေချင်နေပြီဆိုတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ပြင်ပဆောင်းပါးရှင် ကိုစံနီဦးရဲ့ "အလွဲအမှားများနဲ့ တိုးမိတိုက်မိ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအတွက် ကားအကောင်းစားတွေ ဝယ်ဖို့ဘတ်ဂျတ် ထည့်သွင်းထားတာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးနဲ့ အခြေအတင် ဖြစ်ခဲ့ကြပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအနေနဲ့ နိုင်ငံတိုးတက်ဖို့ကို ဦးစားပေး လုပ်ဆောင်သင့်တဲ့အကြောင်း တိုက်တွန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။
ကချင်ဒေသမှာ ၂ဝ၁၁ ခုနှစ်က စတင်ကာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့အတွက် စစ်ပွဲတွေ ရပ်တန်ဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ရည်ရွယ်ပြီး နှစ်စဉ်အထိမ်းအမှတ် အခမ်းအနားတွေ ၆ နှစ်ဆက်တိုက် ကျင်းပခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ရန်ကုန်နဲ့ ဗန်းမော်မြို့တို့မှာ ကျင်းပတဲ့ အခမ်းအနားတွေ ကျင်းပခွင့်မရဘဲ ဖျက်သိမ်းလိုက်ရပြီး မြစ်ကြီးနားမှာ ကျင်းပတဲ့အခမ်းအနားကတော့ စစ်ဘေးရှောင်လူငယ်တွေရဲ့ သရုပ်ပြဖျော်ဖြေမှု တားမြစ်ခံခဲ့ရပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဒေါ်ခွန်ဂျာကို RFA သတင်းထောက် ကိုအောင်သိင်္ခက ဆက်သွယ်မေးမြန်းထားပါတယ်။
NCGUB ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အစိုးရ ကို မတရားအသင်းလို့ ကြေညာထားရာကနေ ပယ်ဖျက်လိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး NCGUB ရဲ့ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်းနဲ့ ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
Photo: Ministry of Home Affairs, Myanmar - facebook
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ဝန်ကြီးဟောင်း ဦးအောင်မင်း၊ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်၊ ဝန်ကြီး သူရဦးအောင်ကို၊ စာရေးဆရာ ကျော်ရင်မြင့် စတဲ့ မြန်မာနိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာတွေ မှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်စားစရာ ပြောကြားချက် တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
NLD အစိုးရနဲ့ စစ်ဖက်ထိပ်တန်းခေါင်းဆောင်တွေ ဒီကနေ့ တွေဆုံမှုဟာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာဖိအားပေးမှုတွေ လျော့ချနိုင်ဖို့နည်းလမ်းကို ပူးပေါင်းအဖြေရှာဖို့အတွက်ဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ အရပ်သားအစိုးရနဲ့ စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေရဲ့ ဒီကနေ့ တွေဆုံမှုကနေ ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဘယ်လိုမျှော်လင့်နိုင်ပါသလဲ .. မသင်းသီရိ ဆက်ပြောပြမှာပါ။ Photo: Myanmar President Office
မြန်မာနိုင်ငံက အမျိုးသားရေးလှုပ်ရှားနေတဲ့ အဖွဲ့ကြီးဖြစ်တဲ့ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ကြီးရေး အဖွဲ့ကြီး (မဘသ) နဲ့ မြန်မာသံဃာတော် ၂ ပါး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးကို ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အမုန်းတရား ဖြန့်ဝေရေးသားမှုနဲ့ FB က ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။
ရန်ကုန်မြို့တာမွေမြို့နယ်မှာ စစ်ပွဲတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြတဲ့အတွက် ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀နဲ့ တရားစွဲဆိုခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဒီကနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးတောင်းဆိုသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးနေတာဟာ ဥပဒေက ပြည်သူတွေကို ကာကွယ်တာ မဟုတ်ဘဲ ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့သဘော ဖြစ်တယ်လို့ မခင်စန္ဒာ က ပြောပါတယ်။
ဆန္ဒပြပွဲမှာပါဝင်ခဲ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ မခင်စန္ဒာ ကို RFA သတင်းထောက် ကိုအောင်သိင်္ခ က တွေ့ဆုံ မေးမြန်းထားပါတယ်။
ဒီကနေ့ မနက်ပိုင်းက အစိုးရ၊လွှတ်တော်နဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေဟာ နိုင်ငံတော်သမ္မတအိမ်တော်မှာ အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အရေးကိစ္စ အပါအဝင် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးအခြေအနေတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်ကြတဲ့ UNHCR ၊ UNDP တို့နဲ့ နားလည်မှုစာ ချွန်လွှာရေးထိုးခဲ့တဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ် ပြန်ပါတယ်။
အဲဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းရဲ့ အမြင်သဘောထားကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင် ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကြား သဘောထားတင်းမာမှုတွေ မဖြစ်လာအောင် နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆောင်ရွက်သင့်တယ်ဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။ ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရီက စုစည်းတင်ပြထားပါတယ်။
ပြင်ပဆောင်းပါးရှင် ဦးအောင်မိုးဝင်း အပတ်စဉ်၊ စီစဉ်တင်ဆက်နေတဲ့ တံခါးများကို ဖွင့်ကြည့်ခြင်း အစီအစဉ်မှာ ခုတပတ် တရုတ်ပြည်က ချေးယူမယ့် ငွေကြေးအကူအညီနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အတွေ့အကြုံကို ဆွေးနွေးတင်ပြထားပါတယ်။
ဒီတပတ်အစီအစဉ်မှာ မကွေးတိုင်း ရေနံချောင်းတရားရုံးက အဂတိမှုအကြောင်း ၊ ရခိုင်ပြည်နယ်အတွင်းက ကျေးရွာချင်းဆက်လမ်းတွေ ဆိုးရွားနေတာကြောင့် ဒေသခံတွေ သွားလာရေးခက်ခဲနေရတဲ့ အခြေအနေ၊ ရန်ကုန်လှိုင်မြို့နယ်တွင်းက သံပန်းတံခါးလုပ်ငန်းက ဆူညံသံတွေ ညှော်နံ့တွေကြောင့် ဒေသခံတွေ စိတ်ဒုက္ခရောက်ရတဲ့အကြောင်းတွေ နားဆင်ရမှာပါ။
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း မိုးကြီးတဲ့အတွက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်တချို့ ရေထဲမျောပါတာတွေရှိခဲ့တာကြောင့် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင် က တင်ပြထားပါတယ်။ ဓါတ်ပုံ - ပခုက္ကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - ဖေ့စ်ဘွတ်
လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု PACE အဖွဲ့က လူအင်အား ၆ဝဝ ခန့်နဲ့ စောင့်ကြည့်လေ့လာဖို့ စီစဉ်နေပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကြေညာပြီး တစ်ပတ်အတွင်းမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ် အသေးစိတ်ကို ကြေညာခဲ့ပေမယ့် လက်ရှိမှာ ပွင့်လင်းမြင်သာမှု အားနည်းနေတယ်လို့ PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။ စိုင်းရဲကျော်စွာမြင့်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်ထဲက လူ့အခွင့်ရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်သစ်တရပ် ဖွဲ့စည်းတာနဲ့အတူ ဒုက္ခသည်ပြန်လည်လက်ခံရေး UN လက်အောက်ခံ အေဂျင်စီတွေ ပူးပေါင်းပါဝင်လာတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တချိုရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို မသင်းသီရိ က စုစည်းတင်ပြထားပါတယ်။
အစိုးရလျို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးဟာ ထောင်ချောက်ဆင် ဖမ်းဆီးခံရတယ်ဆိုတာ ပေါ်ပေါက်လာနေပြီဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ ဦးခင်မောင်ဇော်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လာရေးမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP နဲ့ မြန်မာအစိုးရတို့ ပူးပေါင်း ဆောင်ရွက်ဖို့ နှစ်ဖက်နားလည်မှုစာချွန်လွှာကို ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ လက်မှတ်ရေးထိုးကြပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ UNHCR ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Giuseppede Vincentiis ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
ဒေါက်တာ ဒေါ်ညိုညိုသင်းရဲ့ " နိုင်ငံတော်သစ်ဆီသို့ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ တရားရုံးကို အမှုများမစွဲတင်ခင် ရဲနဲ့ ဥပဒေအရာရှိများ ဖြောင့်မတ်မှန်ကန်ဖို့ အရေးကြီးတဲ့အကြောင်း တင်ပြထားပါတယ်။
ပြင်ပကလောင်ရှင်မေစာ တင်ပြတဲ့ စာဝိုင်းပေ၀ိုင်း စကားဝိုင်း အစီအစဉ်မှာ ခုတပတ် အခြေခံပညာ အထက်တန်း မြန်မာစာမေးခွန်းနဲ့ မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း တင်ပြထားပါတယ်။
မနေ့က မိုးကြီးခဲ့တာကြောင့် စစ်ကိုင်းတိုင်း နဲ့ ရှမ်းပြည်နယ်တို့မှာ ရပ်ကွက်၊ ကျေးရွာတွေအတွင်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ၁၀ နှစ်အရွယ် ကလေးတစ်ဦး ရေထဲမျောပါ သေဆုံးခဲ့ပါတယ်။
RFA သတင်းထောက် မသီရိမင်းဇင် က တင်ပြထားပါတယ်။
Photo: Aung Myo - facebook
ခေတ်ရဲ့လိုအပ်ချက်အရ နိုင်ငံအတွင်း ဘိလပ်မြေစက်ရုံတွေ များပြားလာသလို စက်ရုံဘေးထွက်ပစ္စည်းတွေကြောင့် ကျန်းမာရေးနဲ့ လူမှုဘဝထိခိုက်ရတာတွေကို ပြန်လည်ကုစားဖို့နဲ့ သဘာဝဝန်းကျင် ပျက်စီးရတာတွေကို ပြန်လည်တည်ဆောက်ဖို့ဟာ တန်ဖိုးကြီးလှတာကြောင့် စက်ရုံတွေကရမယ့် အကျိုးအမြတ်နဲ့ ထိုက်တန်ပါ့မလား စဉ်းစားသင့်တဲ့အကြောင်း မခက်မာ တင်ပြထားပါတယ်။
ဦးမျိုးလွင် အပတ်စဉ် တင်ပြနေတဲ့ လူမှုစီးပွား ကြေးမုံပြင် အစီအစဉ်မှာ အခုတစ်ပတ် ဗိုလ်ချုပ် အောင်ဆန်းပုံနဲ့ ငွေစက္ကူ ထုတ်ဝေသင့် မသင့် ဆွေးနွေးထားပါတယ်။ ဦးတင်အောင်ခိုင်က ဖတ်ကြားပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းတွေဟာ ဒီထက် ပိုပြီးပွင့်လင်းမြင်သာဖို့လိုသလို အဂတိလိုက်စားသူတွေကို စံပြအဖြစ် အရေးယူဆောင်ရွက်မှသာ ထိရောက်အောင်မြင်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။
မသင်းသီရိ စုစည်းတင်ပြထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးတွေအတွက် Ford ကားအသစ် ၁၀ စီး ၀ယ်ယူဖို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ထည့်သွင်းလျာထားတာနဲ့ မြို့တော်ဘဏ်မှာ ငွေကျပ် သန်း ၆၈၀၀ ရင်းနှီးမြှုပ်နှံမယ့်အပေါ် တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်တွင်းမှာ အပြင်းအထန် ကန့်ကွက်ကြသလို ပြည်သူတွေကြားမှာလည်း တိုင်းအစိုးရကို ဝေဖန်နေကြပါတယ်။
RFA သတင်းထောက် မသီရိမင်းဇင် က တင်ပြထားပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ ပြည်ပခရီးစဉ်နဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရဘက်က ခွင့်ပြုချက်ပေးရတာ မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနကစိစစ်ပြီး ပြည်ထောင်စုအစိုးရဘက်က ခွင့်ပြုချက်ပေးတာဖြစ်လို့ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၇ ဦး အင်ဒိုးနီးရှားနိုင်ငံ ခရီးစဉ် သွားရောက်ခွင့်မရတဲ့ကိစ္စကို အတိအကျပြောဖို့ခက်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ကပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ပြည်ပခရီးစဉ်သွားရောက်ရာမှာ အဆင့်တူသူတွေ ဖိတ်ကြားမှသာ သွားရောက်ဖို့ ညွှန်ကြားထားတာရှိတယ်လို့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ က ပြောပါတယ်။
ဦးစိုင်းရှဲန်တစ်လုံ ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါ နဲ့ ဝူယန်ရွာအနီးက သစ်တောဧရိယာမှာ တရားမဝင် တစ်ရှူးငှက်ပျောတွေ စိုက်ပျိုးနေတဲ့အခြေအနေကို ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးနဲ့ တာဝန်ရှိသူတွေအပြင် ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့ မနေ့က သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါတယ်။
တရုတ်တစ်ရှူးငှက်ပျောတွေ တရားမဝင် စိုက်ပျိုးနေတာကြောင့် ပြည်သူတွေနဲ့ တိုင်းပြည်အတွက် ထိခိုက်ဆုံးရှုံးနေရတဲ့ အခြေအနေကို ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံး ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ ဆက်သွယ် မေးမြန်းထားပါတယ်။
ဒီတပတ်မှာ တက္ကသိုလ်တွေမှာ နိုင်ငံတကာဆက်ဆံရေးလမ်းပွင့်လာတာနဲ့ အများပြည်သူအတွက် ဝန်ဆောင်မှုပေးနိုင်တာ တိုးတက်မှုဖြစ်တယ်လို့ ဆောင်းပါးရှင်ကိုယ်တိုင် တင်ပြထားပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Ms. Christine Schraner Burgener ဟာ အခုဇွန်လလယ်မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့သိရပါတယ်။ သူ့ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက လှဖိုးခေါင်ကြားစခန်းမှာ ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ မွတ်စလင် ၆၂ ဦးထဲက ၁၀ ဦး ထွက်ပြေးသွားတာတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ မောင်တောမြို့နယ်ရဲ့ ပြည်သူလွှ့တ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော် ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးဟာ အစားအသောက် ဘေးကင်းလုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံကို လေ့လာရေးသွားရောက်ဖို့ ပြင်ဆင်ဆောင်ရွက်ခဲ့ပေမယ့် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်နဲ့ မကိုက်ညီဘူးဆိုပြီး သွားခွင့်မပြုခဲ့ပါဘူး။ သမ္မတရုံးက ခွင့်မပြုတာကြောင့် ခရီးစဉ်မသွားရောက်ခဲ့ရသူတွေထဲက ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မက်မန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီနပ် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးသုံးစွဲရင်း နေ့စဉ် အနည်းဆုံး လူတစ်ဦးနှုန်း သေဆုံးနေတယ်လို့ ချမ်းမြသာစည်မြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောပါတယ်။ တိုင်းအတွင်း မူးယစ်မှုတွေကို ဖမ်းဆီးတဲ့အခါမှာလည်း သတင်းပေါက်ကြားမှုတွေရှိနေတာကြောင့် အမှန်တကယ် ရောင်းချသူတွေကို ဖမ်းမိခြင်းမရှိဘူးဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ဦးမြင့်အောင်မိုးဟာ တိုင်းအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေမှုတွေဟာ ပွဲတော်ကြီးတစ်ခုလိုဖြစ်နေပြီး ရောင်းဝယ်နေသူတွေကို ရဲတပ်ဖွဲ့က ကင်းစောင့်ပေးနေသလိုဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တိုင်းလွှတ်တော်မှာ တင်ပြခဲ့သူဖြစ်ပါတယ်။
တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ထိုင်းနိုင်ငံ ချာချင်ဆောင်ခရိုင်က ကွန်ပျုတာဆက်စပ်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ ပိတ်သိမ်းခံလိုက်ရတာကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာအလုပ်သမား ၇၀၀ နီးပါး ရှိနေပါတယ်။
အဲဒီအလုပ်သမားတွေကို နစ်နာကြေးပေးဖို့ အလုပ်ရှင်ဘက်က ငြင်းဆိုနေတဲ့အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားအရာရှိက ဦးဆောင်ပြီး အလုပ်ရှင်ကို တရားစွဲဆိုဖို့ ဆုံးဖြတ်ထားပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
Photo: Labour Hittai - facebook
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ ကျင်းပဖို့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နှစ်ဖက်ဘုံသဘောတူညီချက် ရထားပြီး အဲဒီညီလာခံမှာ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးနဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ ဆိုင်တဲ့ကိစ္စတွေကို မဆွေးနွေးသေးဘဲ ချန်လှပ်ခဲ့ဖို့ ရှိနေပါတယ်။
PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ပြည်နယ် ၄ ခု မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို လက်ရှိအစိုးရကာလအတွင်း ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
ဒေါက်တာ ဝင်းမြတ်အေးကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော်မောင်မေတ္တာနဲ့ အဖွဲ့သားတွေ စီစဉ်တင်ဆက်တဲ့ " အကျိုးမျှော် နှိုးဆော်ပါရစေ " အသံ လွှင့်ဇာတ်လမ်း အစီအစဉ် ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ "စိန်ခေါ်မှုကို ရင်ဆိုင်ခြင်း" အစီအစဉ်ကို နားဆင်ရမှာပါ။
ပြင်ပဆောင်းပါးရှင် ကိုအောင်နိုင်ကျော် ရေးသားတင်ပြတဲ့ " လူမှုစီးပွားနဲ့ လယ်ယာကဏ္ဍ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ လယ်ယာဘဏ်အနေနဲ့ တောင်သူတွေဆီကနေ အပေါင်ယူပြီး ငွေချေးတာဖြစ်တာကြောင့် ချေးငွေပမာဏကို သင့်တင့်လျောက်ပတ်အောင် တိုးမြှင့်ပေးပါမှ တောင်သူတွေအတွက် မျှတမှာဖြစ်သလို လယ်ယာစိုက်ပျိုးရေးကဏ္ဍရဲ့ ကုန်ထုတ်စွမ်းအားလည်း မထိခိုက်မှာဖြစ်တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာကို နားဆင်နိုင်ပါတယ်။
ကိုမင်းကိုနိုင်ရဲ့ " ပျိုးခင်းဘေးက တေးသံကဏ္ဍ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ အပြင်မှာဖြစ်ဖြစ် အင်တာနက်မှာပဲဖြစ်ဖြစ် လောကကြီးဟာ အမုန်းတရားတွေကနိုင်သွားပြီ၊ ရန်လိုရိုင်းပြမှုတွေဖုံးသွားပြီ၊ ရက်စက်ခြင်းတွေက ပွဲသိမ်းသွားပြီလို့မထင်ကြဘဲ လောကကိုကောင်းအောင် နေချင်စရာကောင်းအောင် စောင့်ရှောက်နေတဲ့သူတွေ ထုနဲ့ထည်နဲ့ရှိတယ်ဆိုတာ ဆောင်းပါးရှင်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ပြင်ပဆောင်းပါးရှင် ကိုစံနီဦးရဲ့ "အလွဲအမှားများနဲ့ တိုးမိတိုက်မိ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ လူမှုကွန်ယက် Facebook နဲ့ အင်တာနက်တွေပေါ်မှာ လိမ်လည်မှုတွေ ပေါများလာတာဟာ SIM Card တွေ ပေါများလာသလို ဖုန်းလိုင်း ကုမ္ပဏီတွေအနေနဲ့ တာဝန်ခံမှု တာဝန်ယူမှု နည်းပါးတဲ့အတွက် SIM Card ကုမ္ပဏီတွေကို အစိုးရအနေနဲ့ စိစစ်ပေးဖို့ တိုက်တွန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်များ ပြန်လည်လက်ခံရေးကို ကုလသမဂ္ဂ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရခြင်းဟာ ပြည်ပဖိအားများကြောင့် မဟုတ်ဘဲ လုပ်ငန်းအစဉ်ပြေ ချောမွေစေရေးအတွက်ဖြစ်တယ်လို့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွန်းက ပြောပါတယ်။ သံအမတ်ကြီးကို ဒုက္ခသည်များ ပြန်လည်လက်ခံရေးကိစ္စ၊ သမ္မတရုံးက ကြေညာထားတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းတဲ့ကိစ္စများနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း အာဆာအကြမ်းဖက်အဖွဲ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ နိုင်ငံတကာက ဥပဒေပညာရှင်တွေပါဝင်တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ဖွဲ့စည်းသွားမယ်ဆိုတဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း နာမည်ကြီးနေတဲ့ ဇီးအုပ်ကျေးရွာအတွင်းက မူးယစ်ဆေးဝါး ရောင်းချနေတဲ့ နေအိမ်အလုံး ၂ဝ ကျော်ကို ရဲတပ်ဖွဲ့က အင်အားသုံးပြီး ဒီနေ့မနက်က ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာမှာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေအပြင် အမှုနဲ့ဆက်စပ်သူ ၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီနေ့မနက် ဝင်ရောက်ရှာဖွေစစ်ဆေးမှု အခြေအနေကို မန္တလေးခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မျိုးအောင် ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။ ဓါတ်ပုံ - မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်မှာ ဒီတစ်ပတ် ဇေကမ္ဘာဦးခင်ရွှေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ရှေ့နေ ဦးသန်းဇော်အောင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စတဲ့ မြန်မာနိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်စားစရာ ပြောကြားချက် တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါအထည်အလိပ်စက်ရုံမှာ အလုပ်သမားတွေ သပိတ်မှောက်လို့ အလုပ်ရှင်နဲ့ နှစ်ဖက်ပြေလည်သွားတာ ကြာပြီဖြစ်ပေမယ့်၊ အလုပ်သမားခေါင်းဆောင် မဇာခြည်ဝင်းနဲ့ ဦးချမ်းမိုးအောင်တို့ နှစ်ယောက်ကို အလုပ်ပြန်မခန့်ဘူးလို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ မဇာခြည်ဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
မေလ ၅ ရက်နေ့ကစတင်ပြုလုပ်ခဲ့တဲ့ စစ်ဆန့်ကျင်ရေးနဲ့ ငြိမ်းချမ်းရေးတောင်းဆိုတဲ့ဆန္ဒပြပွဲတွေကြောင့် ဒီကနေ့အထိ ဖမ်းဆီးပြီးတရားစွဲဆိုခံခဲ့ရသူ ( ၄၇ ) ယောက်၊ ထောင်ဒဏ်ကျခံခဲ့ရသူ ၃ ယောက်နဲ့ အမှုပြီးဆုံးသွားသူ ၂ ယောက် ရှိသွားပြီဖြစ်ပြီး လူမှုအဖွဲအစည်းတွေက အဲဒီလိုတရားစွဲဆိုထောင်ချနေတာတွေကို ကန့်ကွက်ရှုတ်ချနေကြပါတယ်။ မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။
ရခိုင်ပြည်နယ်ထဲကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ထွက်ပြေးသွားကြတဲ့သူတွေကို ပြန်လည်လက်ခံရေး အစီအစဉ်မှာ ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီတွေ ပူးပေါင်းပါဝင်ဖို့ မြန်မာအစိုးရက သဘောတူလိုက်သလို လူ့အခွင့်ရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့ ကော်မရှင်သစ်တစ်ခုလည်း ဖွဲ့စည်းလိုက်ပါတယ်။ ဒီအပေါ်မှာ ကြိုဆိုတဲ့သူတွေရှိသလို စိုးရိမ်မှုတွေလည်းရှိကြပါတယ်။ မသင်းသီရိက စုစည်းတင်ပြထားပါတယ်။ Photo: AFP
တောင်ကိုရီးယားနိုင်ငံကိုရောက်နေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးအောင်ကြည်နဲ့ အဖွဲ့ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ပတ်သက်ပြီး နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲကျင်းပမယ်လို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းပြန်ကြားရေးတာဝန်ခံ ဦးဟန်ညွန့် က ပြောပါတယ်။
ဦးဟန်ညွန့် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်အပါအ၀င် နယ်စပ် ဝင်ထွက်ပေါက်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး မြန်မာဘက်ကနေ တရုတ်နိုင်ငံကို ၀င်ရောက်တဲ့သူတွေကို စစ်ဆေးမှုတွေ တင်းကြပ်လာတယ်လို့ မူဆယ်မြို့ ခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံဘက်က နယ်စပ်စခန်းတွေမှာ စစ်ဆေးမှု တင်းကြပ်နေတဲ့ အခြေအနေအပေါ် မူဆယ်မြို့ခံ ကိုခင်မောင်လွင် ကို RFA သတင်းထောက် ကိုကံသာ က ဆက်သွယ်မေးမြန်းထားပါတယ်။
လာမယ့် ဇွန်လ ၆ ရက်နေ့စွဲနဲ့ ဒီကနေ့ကြိုတင် ဖြန့်ချိလိုက်တဲ့ Newsweek နယူးစ်ဝိခ် အပတ်စဉ်သတင်း မဂ္ဂဇင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ် ဖေါ်ပြထားပါတယ်။ ဆောင်းပါးမှာ ပါဝင်တဲ့ အချက်တချို့ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ကောက်နုတ်တင်ပြပါလိမ့်မယ်။
ဒီတပတ်မှာတော့ ကျောင်းဖွင့်ချိန် သုံးခွမြို့နယ်နဲ့ ဘိုကလေးမြို့နယ်က အခက်အခဲတွေ၊ ပလိပ်မြို့က ပန်ဒါစက်ရုံမှာ နေစရာခက်နေတဲ့ အလုပ်သမားတယောက် တရားစွဲခံရတဲ့အကြောင်း၊ မန္တလေးမြို့က ရာဇဝတ်မှုကို ရဲတပ်ဖွဲ့က တိတိကျကျအရေးမယူတဲ့ကိစ္စအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
ခုတပတ် အမေရိကန်တက္ကသိုလ်ကျောင်းအတွင်းလှုပ်ရှားမှုတွေနဲ့ မြန်မာတက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုတွေကြား နှိုင်းယှဉ်ပြီး ဦးအောင်မိုးဝင်း က ဆွေးနွေးထားပါတယ်။
အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ တက္ကသိုလ် ဒီဂရီကောလိပ်နဲ့ ကျောင်းတွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲတွေကို ခွင်မပြုဖို့ ထုတ်ပြန်ချက်နဲ့အတူ NLD အစိုးရအဖွဲ့စာရင်း မငြိမ်သေးတာတွေနဲ့ ပတ်သက်လို့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်၊
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြခဲ့သူတွေကို တရားစွဲထားတာ အမြန်ဆုံးဖျက်သိမ်းပေးဖို့ဆိုပြီး ဆန္ဒပြတောင်းဆိုသူတွေထဲက ၈ ဦးကို ဒီကနေ့ ပြည်မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲမှာ ဝန်းရံပါဝင်ခဲ့တဲ့ ကိုမေတ္တာဦးကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။ Photo: Myit Taoo - facebook
ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းငယ်ရဲ့အရှိန်နဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၈ မြို့နယ်မှာ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့သလို မာန်အောင်မြို့နယ်မှာ လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။ လတ်တလော ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်ဆောင်နေမှုတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးရဲမင်းဦး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။ Photo: Rakhine Fire Force - facebook
ကျောင်းတွေမှာလုပ်တဲ့ ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲနဲ့ ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ ခွင့်မပြုရဘူးဆိုတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ ပညာရေးလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာကောင်းတယ်လို့ ကျောင်းသားခေါင်းဆောင်ဟောင်းတွေရဲ့ သုံးသပ်ချက်တွေကို မသင်းသီရိ တင်ပြထားပါတယ်။
အစိုးရ၊ တပ်မတော် နဲ့ အပစ်ရပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကြားမှာ ညှိနှိုင်းဖို့ခက်ခဲနေတဲ့ အချက်တွေနဲ့ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲကို ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ညှိနှိုင်းမရတဲ့ ပြဿနာတွေ ကျော်လွှားနိုင်ဖို့ သဘောထားတွေ စုစည်းနိုင်ခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က စောမြရာဇာလင်း က ပြောပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က စောမြရာဇာလင်း ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
Photo: Myo Win - facebook
တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှာ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ ကျင်းပမယ်ဆိုရင် သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ကျောင်းအုပ်တွေအပြင် အဆင့်မြင်ပညာဦးစီးဌာနကိုပါ အသိပေးပြီး သဘောထားမှတ်ချက်ယူဆောင်ရွက်ဖို့ အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေဆိုရင်တော့ ကျင်းပဖို့ ခွင့်မပြုကြောင်း ပါရှိပါတယ်။
ဒီအပေါ်မှာ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ထားတဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားရေးရာကော်မတီအဖွဲ့ဝင် ကိုမင်းဟိန်းခန့်ကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
Photo: Yangon University of Economics Student Union - facebook
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးတွေဟာ လုပ်ငန်းတွေဆောင်ရွက်ရာမှာ ဝန်ကြီးချုပ်ထံ အစီရင်ခံတင်ပြပြီး သဘောတူညီချက် အတည်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ကြဖို့ နိုင်ငံတော် သမ္မတရုံးက မေလ ၂၉ ရက်နေ့ မနေ့ကရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီကြေညာချက် ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်သူ က လေ့လာသူတွေ ဥပဒေရေးရာကျွမ်းကျင်သူတွေရဲ့ အမြင်တွေကို စုစည်းတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ဘာသာရေးအရ အနည်းစုဖြစ်တဲ့ မွတ်စလင်တွေအပေါ် လူမျိုးတုံးရှင်းလင်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ယုံကြည်ရပြီး တိုးတက်မှု သိပ်ပြီးမမြင်တွေ့ရပါဘူးလို့ အမေရိကန်အစိုးရ နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ အထူးသံအမတ်ကြီး Sam Brownback ဆမ် ဘရောင်းဘက်က အင်္ဂါနေ့ မနေ့က ပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်တဲ့ ၂ဝ၁၇ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာ ကောက်နုတ်ချက်ကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
ဦးမျိုးလွင် အပတ်စဉ် တင်ပြနေတဲ့ လူမှုစီးပွား ကြေးမုံပြင် အစီအစဉ်မှာ မြန်မာနိုင်ငံမှာ နိုင်ငံခြားကုမ္ပဏီ ၀ီစကီ လာထုတ်မှာနဲ့ပတ်သက်ပြီး ဆွေးနွေးထားပါတယ်။
RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဖတ်ကြားထားပါတယ်။
ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ရခိုင်ကမ်းရိုးတန်းဒေသကို ဗဟိုပြုနေပြီး အနီရောင် အရေးပေါ်အခြေအနေ အဆင့်သတ်မှတ်ထားပါတယ်။ ရခိုင်ပြည်နယ်ထဲ မုန်တိုင်းဖြတ်နိုင်တဲ့ မြို့နယ်တွေမှာ အခုညနေပိုင်း ရာသီဥတုအခြေအနေနဲ့ ဒေသခံတွေ မုန်တိုင်းအတွက် ဘယ်လိုပြင်ဆင်နေကြပါသလဲ။ RFA သတင်းအဖွဲ့သူ မသင်းသီရိ တင်ပြထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်း ၃ ခုကို တိုင်းစာရင်းစစ်ချုပ်ရုံးကနေ စစ်ဆေးပြီး လွှတ်တော်ထံတင်ပြပေးဖို့ ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ အဆိုကို ဒီနေ့ တိုင်းဒေသလွှတ်တော်မှာ ကိုယ်စားလှယ် ၄ဦးက ဆွေးနွေးခဲ့ပါတယ်။
ပါဝင်ဆွေးနွေးခဲ့တဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ မုန်တိုင်းငယ်ဟာ ဒီနေ့ ညပိုင်းမှာ ရခိုင်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
မုန်တိုင်းဖြတ်သွားချိန်မှာ စစ်တွေနဲ့ ကျောက်ဖြူတို့မှာ အမြင့်ဆုံးလေတိုက်နှုန်းအနေနဲ့ တစ်နာရီကို ၄၅ မိုင်ကနေ မိုင် ၅၀ နှုန်းထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
မိုးလေ၀သနဲ့ ဇလဗေဒ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်က တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ချက်ချင်းရပ်ဆိုင်းပေးဖို့၊ ဒေသခံလူထုရဲ့ နစ်နာမှုတွေကို ကုစားပေးဖို့ နဲ့ လျော်ကြေးပေးဖို့ ပအိုဝ်းလူငယ်အစည်းအရုံးက ဦးဆောင်ပြီး ဒေသခံတွေရဲ့ သဘောထားကို မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
လတ်တလော တီကျစ်ဒေသမှာ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသခံ ခွန်ဝင်းထိန် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ပြင်ပဆောင်းပါးရှင် ကျောင်းဆရာဦးဖိုးစော ရေးသားတင်ဆက်တဲ့ “ပညာရေးရာ ပဒေသာ” အပတ်စဉ်ပါ။
ဒီတပတ်မှာတော့ တက္ကသိုလ်ဆရာ/ဆရာမတွေမှာ တနှစ်ပတ်လုံးအတွက် နားရက်သတ်မှတ် ပေးထားပေမဲ့ နားခွင့်မရအောင်ဖြစ်နေရတဲ့စနစ်ကြောင့် အလုပ်မတွင်တာကို ဆောင်းပါးရှင် ကိုယ်တိုင် တင်ပြထားတာကို နားဆင်ရမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ကို Pen American အဖွဲ့က ဖိတ်ကြားချက်အရ ရောက်ရှိလာတဲ့ ဧရာဝတီသတင်းဌာနက အကြီးတန်းသတင်းထောက်၊ ကိုလဝီဝမ်ဟာ မနှစ်က ရှမ်းပြည်မြောက်ပိုင်းမှာ ပလောင်လွတ်မြောက်ရေးတပ်ဦး TNLA အဖွဲ့က ပြုလုပ်တဲ့ မူးယစ်ဆေးဝါးဖျက်စီးတဲ့ အခမ်းအနားကို သတင်းသွားယူစဉ်မှာ မတရားသင်းဥပဒေ ၁၇-၁နဲ့ အဖမ်းခံရသူတဦးဖြစ်ပါတယ်။ သူ့ကို မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။
အိမ်အကူလုပ်ကိုင်ရင်း မတရားနှိပ်စက်ခံရသဖြင့် သေဆုံးသွားတဲ့ တွံတေးမြိုနယ်က မကရင်မရဲ့ အမှုနဲ့ ပတ်သက်လို့ အမှန်တရားပေါ်ပေါက်ရေးအတွက် ၀ိုင်းဝန်ကူညီပေးမယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်ကပြောပါတယ်။
နှိပ်စက်ခံရပြီး အခွင့်ရေးချိုးဖောက်ခံနေရတဲ့ အိမ်အကူအလုပ်သမားတွေအတွက် အမျိုးသားလူ့အခွင့်ရေးကော်မရှင်က ဘယ်လိုအကာကွယ်ပေးတာတွေ လုပ်နေပါသလဲ။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်းမှာ တရားမဝင်သစ်လုပ်ငန်းတွေကို အဖွဲ့အစည်းနဲ့ လုပ်ကိုင်နေကြပြီး ဌာနဆိုင်ရာဝန်ထမ်းတွေကပါ ပူးပေါင်းပါဝင်ကာ လာဘ်ပေး၊ လာဘ်ယူမှုတွေ ရှိနေတယ်လို့ သာပေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါက ပြောပါတယ်။ ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်းကြောင့် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို နေပြည်တော် သတ္တုတွင်းဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံစဉ် ဒေသခံတွေက တင်ပြလိုက်ပြီး စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းပေးဖို့လည်း အရပ်ဖက်အဖွဲ့တွေနဲ့အတူ တောင်းဆိုလိုက်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ တာကပေါအဖွဲ့က မနော်ပီသလော ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ဒီနေ့အမည်စာရင်း တင်သွင်းခံရတဲ့ ဦးစိုးဝင်းဟာ အတွေ့အကြုံများသူဖြစ်တဲ့အတွက် မြန်မာ့စီးပွားရေးမှာ အပြောင်းအလဲကောင်းတွေဖြစ်လာနိုင်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ယူဆကြပြီး တဖက်မှာလည်း ဦးစိုးဝင်းဟာ အသက် ၈ဝ ခန့်ရှိပြီဖြစ်တာကြောင့် စွမ်းဆောင်မှုအပိုင်းမှာ လိုအပ်ချက်တွေရှိလာမှာကို စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။
မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရဲ့ ဒုဥက္ကဋ္ဌ ဦးမောင်မောင်လေး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ဓါတ်ပုံ - UMFCCI ရဲ့ ဒုဥက္ကဋ္ဌ ဦးမောင်မောင်လေး ကို တွေ့ရစဉ်
Photo: UMFCCI - facebook
ရခိုင်ပြည်နယ် မောင်တောဒေသကို ရောက်ရှိနေတဲ့ ပြည်တွင်းပြည်ပ ဘာသာပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့မှာ ဝေသာလီကျေးရွာ၊ တောင်ပြိုလက်ဝဲနဲ့ ငါးခူရ ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ပတ်သက်ပြီး ခရီးစဉ်မှာ ပါဝင်တဲ့ ဦးအေးလွင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲက ရရှိလာတဲ့ အချက်တွေကို အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ကစပြီး နှစ်ရက်ကြာ ပြန်လည်ညှိနှိုင်းဆွေးနွေးနေကြပါတယ်။
တပ်မတော်က လာမယ့် တတိယအကြိမ် ပင်လုံညီလာခံမှာ တိုင်းရင်းသားအဖွဲ့တွေဘက်က ပြည်ထောင်စုက လုံးဝခွဲမထွက်ပါဘူးဆိုတဲ့ သဘောတူညီချက်စာတမ်းကို လက်ခံသဘောတူမှသာ တခြားအချက်ကို ဆက်လက်ဆွေးနွေးမယ်ဆိုပြီး ပြောဆိုနေတာဟာ ရှေ့ဆက်ညှိနှိုင်းနိုင်ဖို့အတွက် အတားအဆီးဖြစ်နေတဲ့အကြောင်းတစ်ခုဖြစ်တယ်လို့ ဒီနေ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ ဒု ဥက္ကဋ္ဌ နိုင်ဟံသာ က ပြောပါတယ်။
မွန်ပြည်သစ်ပါတီ ဒု ဥက္ကဋ္ဌ နိုင်ဟံသာကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ပြင်ပဆောင်းပါးရှင် မခင်မျိုးသွယ်ရဲ့ " မြန်မာ့လယ်ယာကဏ္ဍ" အစီအစဉ်ဖြစ်ပါတယ်။ အခု ဒီတစ်ပတ်မှာ တောင်သူတွေအနေနဲ့ မိုးစပါးချေးငွေအတွက် ပုံစံ ၇ မိတ္ထူကိုသာ အပေါင်ထားငွေချေးလိုမှုနဲ့ ပတ်သတ်ပြီး တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။
ပြင်ပဆောင်းပါးရှင် ကိုစံနီဦးရဲ့ "အလွဲအမှားများနဲ့ တိုးမိတိုက်မိ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ NLD အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်လို့ အရေးယူမှုတွေ စစ်ဆေးမှုတွေကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်း စစ်ဆေးမှု အပြီးမှာလည်း ပြည်သူကို ပွင့်လင်းမြင်သာစွာချပြဖို့ လိုအပ်တဲ့အကြောင်း ဆောင်းပါးရှင်က တိုက်တွန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်ရဲ့ " ပျိုးခင်းဘေးက တေးသံကဏ္ဍ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ လူငယ်တွေဘဝမှာ လောကဓံနဲ့ ကြုံတွေ့တဲ့အခါ သူတို့ကို အထိုက်အသင့်ရင်ဆိုင်စေပြီးတော့ အဲဒီကနေမှ သင်ခန်းစာယူတတ်စေဖို့နဲ့ မလျှော့လွန်း မတင်းလွန်းတဲ့ ပုံစံနဲ့ကိုင်တွယ်ဖို့လိုတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ချင်းပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး နေရာအတွက် လက်ရှိ အမျိုးသားလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဦးစိုးထက် ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ပြည်နယ်ဝန်ကြီး ခန့်အပ်မှုနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်မှုတွေ ရှိနေပါတယ်။ မနေ့က ချင်းပြည်နယ်လွှတ်တော်မှာ ဝန်ကြီးနာမည်စာရင်းတင်သွင်းစဉ် လွှတ်တော်အစည်းအဝေးကနေ ထွက်လာခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက တစ်ဦးဖြစ်တဲ့ မင်းတပ်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတိတ်ထန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
တရားရုံးချုပ် ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ အသတ်ခံရတဲ့ အမှုမှာ မနေ့က နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ အဓိက အမှုမှာ စွဲချက်တင်ထားတဲ့ ပုဒ်မများပြင်ဆင်ရေးအတွက်ဖြစ်ပါတယ်။ ကိုနေဝင်းရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။မြန်မာနိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်စားစရာ ပြောကြားချက်တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
အခုတစ်ပတ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ စစ်ဆန့်ကျင်ရေးဆန္ဒပြသူ ကိုအောင်မှိုင်းဆန်း၊ မြန်မာသတင်းမီဒီယာကောင်စီက ကိုဇေယျာလှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးက ဦးဇော်ဌေး စတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ပြောကြားချက်တွေကို စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖေါ်ပြခဲ့ကြတဲ့ ခေါင်းကြီးပိုင်းတွေနဲ့ သုံးသပ်ချက် ဆောင်းပါးတွေကို ဦးသစ်ဆင်းက ကောက်နှုတ်တင်ပြမှာဖြစ်ပါတယ်။
အခုတစ်ပတ်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ နိုင်ငံခြားခရီးသွားဧည့်သည် ကျဆင်းသွားတဲ့အကြောင်းနဲ့ မြန်မာ့ငြိမ်းချမ်းရေး ပြဿနာတွေနဲ့ပတ်သက်ပြီး တင်ပြမှာဖြစ်ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ နယ်စပ်ဒေသက ဘွဲ့ရလူငယ်တွေအလုပ်အကိုင်ရရှိရေးအတွက် မေးမြန်းမှုမှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဖြေကြားမှုဟာ တာဝန်ခံမှု တာဝန်ယူမှု မရှိဘူးလို့ပြောပြီး နောင်မွန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က ကန့်ကွက်ခဲ့ပါတယ်။
ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားခဲ့တဲ့ လူမှုရေးဝန်ကြီးရဲ့ ပြောဆိုဆွေးနွေးမှုကို ကန့်ကွက်ခဲ့တဲ့ နောင်မွန်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ က နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ရခိုင်ပြည်နယ်မှာ ARSA အဖွဲ့က ဟိန္ဒူဘာသာဝင် ရွာသူ ရွာသား ၉၉ ဦးကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး က AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ ယုတ္တိကင်းမဲ့ပြီး ဘယ်သူကမှ ယုံကြည်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က သတင်းစာရှင်းပွဲမှာပြောခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်အပေါ် နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို RFA သတင်းထောက် ကိုထက်အာကာက ဆက်သွယ်မေးမြန်းထားပါတယ်။
ရက္ခိုင့်တပ်မတော် AA က အစိုးရတပ်မတော်က စစ်သား ၃ ယောက်ကို သုံ့ပန်းအဖြစ်နဲ့ ဖမ်းမိထားပြီး သူတို့ကို ရှေ့ဆက်ဘယ်လိုလုပ်ပေးမယ်ဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ AA အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကပြောပါတယ်။
ခိုင်သုခကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန်အောက်လွှတ်တော် Russell Senate ရုံးမှာ ကြာသပတေးညနေက ကျင်းပတဲ့ မြန်မာ့စာနယ်ဇင်းလောက အခြေအနေဆွေးနွေးပွဲမှာ တက်ရောက်ပြောဆိုခဲ့တဲ့ မင်နီဆိုးဒါးတက္ကသိုလ် လူ့အခွင့်အရေးဘွဲ့လွန်ကျောင်းသူ မအိမ့်သီရိသူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
ဒီတပတ်အစီအစဉ်မှာ ကျုံပျော်မြို့နယ်တွင်း ကျေးရွာတွေမှာ အရက်ရောင်းချခွင့်ပေးထားတာတွေ၊ မုံရွာမြို့နယ်တွင်းမှာ ကျေးရွာအုပ်စုကွဲနေတာတွေကို တပေါင်းတစည်းတည်း ဖြစ်စေလိုတဲ့အကြောင်း အပါအဝင် တရားရေးကဏ္ဍက အဂတိမှုတွေအကြောင်း ကြားရမှာပါ။ RFA အဖွဲ့သူ မခင်ခင်အိ တင်ဆက်ထားပါတယ်။
ဦးအောင်မိုးဝင်း အပတ်စဉ်၊ စီစဉ်တင်ဆက်နေတဲ့ တံခါးများကို ဖွင့်ကြည့်ခြင်း အစီအစဉ်မှာ ခုတပတ် အာမေးနီးယားနိုင်ငံ အခြေအနေနဲ့ ယှဉ်ပြီး မြန်မာနိုင်ငံအကြောင်း ဆွေးနွေးထားပါတယ်။
မြန်မာနိုင်ငံမှာ ဒုစရိုက် ကျူးလွန်တာနဲ့အတူ ရာဇ၀တ်မှုတွေ ပိုမြင့်တက်လာနေပါတယ်။ ဒါတွေဟာ လူ့အဖွဲ့စည်းရဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေပြီး အကြမ်းဖက်မှုဆိုတဲ့ဘက်ကို ဦးတည်လာနေတာမို့ အစိုးရနဲ့အတူ တာဝန်ရှိ အဖွဲအစည်းတွေ အမြန်ဆုံး ဖြေရှင်းဖို့ လိုနေပြီလို့ထောက်ပြနေကြပါတယ်။ မသင်းသီရိ စုစည်းတင်ပြထားပါတယ်။
ဘာသာပေါင်းစုံ ပါဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့ဖြစ်တဲ့ Religions For Peace (Myanmar) ငြိမ်းချမ်းမေတ္တာအဖွဲ့က မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိတဲ့ အချက်တွေကို ပြည်သူတွေသိရှိနိုင်ဖို့ "မြန်မာပြည်သူတွေထံသို့ ပေးစာ" ဆိုတဲ့ သဝဏ်လွှာတစ်စောင်ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် မနက်ဖြန်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ဒီသဝဏ်လွှာကို ပေးအပ်သွားမယ်လို့ သိရပါတယ်။ Religions For Peace (Myanmar) အဖွဲ့က ဥက္ကဋ္ဌ ဖြစ်သူ ဦးမြင့်ဆွေကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်အတွင်းက သစ်တန်ချိန် ၁၃ဝဝ ကျော်ကို တရုတ်ပြည်က ကားတွေနဲ့ တရားမဝင် သယ်ဆောင်သွားမှုနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့က စုံစမ်းမှုတွေလုပ်နေပါတယ်။ ဒီနေ့ မြစ်ကြီးနားမြို့ အစိုးရအဖွဲ့ရုံးမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ပြည်နယ်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သံယံဇာတဝန်ကြီး ဦးH လအောင်တို့ကို ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေး က သီးခြားစီ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်မဒိန်ကျေးရွာအုပ်စု ကူချောင်းဖျားကျေးရွာနားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် ကူချောင်းဖျားကျေးရွာကနေ ဇဉ်ဘောင်းပြင်ကျေးရွာ စာသင်ကျောင်း လာရောက်ခိုလှုံနေကြတဲ့ ဒေသခံ အယောက် ၆ဝ ဝန်းကျင်ဟာ ကျောင်းဖွင့်ခါနီးပြီ ဖြစ်တာကြောင့် တစ်ခြားနေရာမှာ ပြောင်းရွှေ့နေထိုင်နိုင်ဖို့ ကျေးရွာ တာဝန်ရှိသူတွေက ညှိုနှိုင်းနေကြပါတယ်။ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ ပလက်ဝမြို့နယ် လူမှုကူညီရေး ပရဟိတအဖွဲ့က တာဝန်ရှိသူတစ်ဦးကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ် ကုလားဂုတ်ကျွန်း အလယ်ဆိပ်ရွာမှာ ခမရ ၅၈၇ ခြေမြန်တပ်ရင်းက တပ်မတော်အရာရှိ ဗိုလ်ကြီးတစ်ဦးက ဒေသခံရွာသားတစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် ရေးမြို့နယ် လမိုင်းနယ်မြေရဲစခန်းမှာ လူသတ်မှုနဲ့ အရေးယူပေးဖို့ အမှုဖွင့်တိုင်ကြားထားပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်ပြီး ရေးမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး မြင့်ဝင်းကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
ARSA ခေါ် ရိုဟင်ဂျာ စစ်သွေးကြွအဖွဲ့ရဲ့ အကြမ်းဖက် လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်လို့ နိုင်ငံတကာဖိအားပေးမှုတွေအတွက် အထောက်အကူဖြစ်ခဲ့တယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူတွေက မြင်ပါတယ်။
ရခိုင်ပြည်နယ်ထဲ ARSA အကြမ်းဖက်အဖွဲ့ဟာ ဟိန္ဒူဘာသာဝင်တွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်လိုက်တာပါ။ အပြည့်အစုံကို မသင်းသီရိ တင်ပြထားပါတယ်။
ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်က ဟိန္ဒူဘာသာဝင်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ထုတ်ပြန်လိုက်တဲ့အပေါ် ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ARSA ရဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်အောင် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း ပြန်ကြားရေးဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပွင့်လင်းမြင်သာမှုရှိရေးတွေအတွက် ကြိုးစားနေကြောင်းလည်း ပြောပါတယ်။
ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာမှာ ဟိန္ဒူရွာသားတွေကို ပစ်မှတ်ထားပြီး ARSA အဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်လိုက်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မောင်တောမြို့က ဟိန္ဒူလူမှုကူညီရေးခေါင်းဆောင် ဦးနီမောလ်ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေနဲ့ ဒေသအာဏာပိုင်တွေအကြား လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတာကြောင့် တိုင်းပြည်ရဲ့သဘာဝ သယံဇာတတွေ ပျက်စီးပြုန်းတီးနေရတယ်လို့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး က ပြောပါတယ်။
အဲဒီလိုလာဘ်ပေး လာဘ်ယူမှုတွေနဲ့ ပတ်သက်ပြီး ကျောက်မျက်ကုမ္ပဏီတချို့ စစ်ဆေးခံနေရတယ်လို့လည်း ပြောပါတယ်။
ဖားကန့် ကျောက်စိမ်းလုပ်ကွက်တွေ အခြေအနေနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် ဦးတင့်စိုး ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
ရှစ်လေးလုံး ပြည်သူ့ပါတီရဲ့ ပါတီအမည်၊ အလံ၊ တံဆိပ်တွေအပေါ် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ အခြားနိုင်ငံရေးပါတီတချို့က ကန့်ကွက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ထားတဲ့ စာ ၂၀၀ ခန့် ရှိနေပါတယ်။့ 
ဒါ့အပြင် ပါတီတည်ထောင်ခွင့်လျှောက်ထားသူတွေထဲမှာ အခြားပါတီရဲ့ ပါတီဝင်အဖြစ် ရှိနေသေးသူတွေပါနေတယ်ဆိုတဲ့ အငြင်းပွားမှုတွေလည်း ရှိနေပါတယ်။
အဲဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရှစ်လေးလုံးပြည်သူ့ပါတီရဲ့ ဒုတိယ ခေါင်းဆောင် ဦးရဲနိုင်အောင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
၂၀၁၇ ခုနှစ် ဇွန်လကစပြီး တနိုင်းဒေသမှာ တပ်မတော်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် အင်ဂါးဂါး၊ နန့်ခမ်း၊ ကောင်ဂျား၊ အောင်လော့ဒ်၊ ဆွတ်ရိယန် နဲ့ ဆွတ်ရာ စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ တနိုင်းမြို့က ခရစ်ယာန်အသင်းတော်တွေမှာ လာရောက်ခိုလှုံနေကြတာ အခုဆိုရင် လူဦးရေ ၁၆၀၀ ကျော်လောက် ရှိနေပါတယ်။
အဲဒီ စစ်ဘေးတိမ်းရှောင်လာသူတွေဟာ စားဝတ်နေရေး၊ ပညာရေးနဲ့ လူမှုဘ၀လုံခြုံရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် တရားဝင်စခန်းတွေ အမြန်ဆုံးစီစဉ်ပေးဖို့ဆိုပြီး တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ပြည်ထောင်စုအစိုးရထံ မနေ့က စာပေးပို့တောင်းဆိုလိုက်ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
Photo: Ulin Linu - facebook
မြန်မာနိုင်ငံရဲ့ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ ပိုပြီးကျဆင်းလာနေတယ်လို့ သတင်းလွတ်လပ်ခွင့်အတွက် ကြိုးပမ်းနေသူတွေက သုံးသပ်ကြပါတယ်။ ဘာကြောင့် အခုလို သုံးသပ်ကြတာပါလဲ၊ RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
(ဓါတ်ပုံ - ရန်ကုန်မြို့ NLD ပါတီရုံးချုပ်ရှေ့မှာ ၂ဝ၁၈ ခုနှစ် မေလ ၁၉ ရက်နေ့က ဆန္ဒပြတောင်းဆိုသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်)
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သထုံစုကျေးရွာအုပ်စုမှာ အရင်က တနိုင်တပိုင် တူးနေတဲ့ ကျောက်မိုင်းတွေမှာ ၂၀၁၆ လောက်က စတင်ပြီး ကုမ္ပဏီတွေ တူးဖော်နေပါတယ်။ တရုတ်လူမျိုး တွေနဲ့ အလုပ်သမားတွေ ၀င်ရောက်လုပ်ကိုင်နေတာဖြစ်ပြီး ဒေသခံဦးရေထက် လူပိုများတယ် လို့လည်း ပြောပါတယ်။ ဒီအကြောင်းတွေကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ မော်လမြိုင်မြို့ အခြေစိုက် အလွတ်သတင်းထောက် ကိုနေမင်းခေါ် ကိုမျိုးအောင်ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
(ဓါတ်ပုံ - ကရင်ပြည်နယ် ဘားအံမြို့နယ်က လွန်းညတောင် ကျောက်မိုင်းလုပ်ငန်းခွင်ကို တွေ့ရစဉ်)
ပြည်တွင်းစစ်ကြောင့် ဆင်းရဲမွဲတေနေရတဲ့ မြန်မာနိုင်ငံမှာ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် တရားစွဲခံရ၊ ထောင်ချခံရတာဟာ ဖြစ်သင့်လားဆိုတာ ဝေဖန်ထောက်ပြနေကြပါတယ်။
ဒီလိုပြည်တွင်းစစ်ရဲ့ဒဏ်ကို တိုင်းရင်းသားဒေသတွေက လူငယ်တွေက မြို့ပြလူငယ်တွေထက် ပိုခံနေရတဲ့အတွက် ငြိမ်းချမ်းရေးလိုချင်တာလို့ Generation Wave အဖွဲ့ရဲ့အတွင်းရေးမှူး မအိအိမိုးက ပြောသလို၊ စစ်နဲ့ဝေးတဲ့မြို့ပြက လူငယ်တွေ၊ တိုးတက်တဲ့ တိုင်းပြည်ကလူငယ်တွေနဲ့အတူ ရင်ဘောင်တန်းနေချင်ကြတဲ့အတွက် စစ်ပွဲတွေရပ်ရုံတင်မကပဲ၊ တကယ့်ကိုစစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး လိုချင်လို့ ဒီလှုပ်ရှားမှုတွေလုပ်နေတာလို့ ကချင်အမျိုးသမီးသမဂ္ဂရဲ့ စီမံကိန်းတာဝန်ခံ ဆွတ်ဆိုင်းထွယ် ကလည်း ပြောပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို အမြန်ဆုံး ပြန်လည် ပို့ဆောင်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့တွေ ဒါကာမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ဆုံခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို လိုက်ပါသွားတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
Photo: Ministry of Social Welfare, Relief and Resettlement Myanmar
ကရင်ပြည်နယ်မှာ ဇွဲကပင်တောင် အရှေ့ဘက်ခြမ်းကနေ တောင်ပေါ်ကို မြိုင်ကြီးငူဆရာတော်ကြီးက လမ်းဖောက်လုပ်နေတဲ့အတွက် တောင်ကြောတဝိုက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုပြီး ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဦးစီးဌာနက ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြလာတာကြောင့် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် မနေ့က ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
ကျောက်တောင်တွေ အက်နေတာကို တွေ့ရတဲ့အတွက် လမ်းဖောက်လုပ်မှုကို ပြန်လည်သုံးသပ်ဖို့ ပြည်နယ်အစိုးရအဖွဲ့က လမ်းဖောက်လုပ်နေသူတွေနဲ့ ညှိနှိုင်းထားယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။
ဝန်ကြီး ဦးမင်းတင်ဝင်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်း ပြီးခဲ့တဲ့ဧပြီလ ၂၆ရက်နေ့က တရားမ၀င် သစ်သယ်ဆောင်လာသူနှစ်ဦးကို ဖမ်းမိထားရာကနေ ပြန်လွှတ်ပေးလိုက်ပြီး ပိုင်ရှင်မဲ့အဖြစ် ပြောင်းလဲအမှုဖွင့်ဖို့ စီစဉ်ခဲ့တဲ့ကိစ္စနဲ့ဆက်စပ်ကာ ရဲတပ်ဖွဲ့ဝင် ၅ဦးကို ရဲတရားရုံးမှာ မနေ့က စတင်စစ်ဆေးနေတာဖြစ်ပါတယ်။
အဲဒီအချိန်က ကျောက်ဆည်မြို့မရဲစခန်းမှာ တာဝန်မှူးအဖြစ် တာဝန်ကျခဲ့တဲ့ ဒုရဲအုပ် ကိုကိုလင်း ရဲ့ ဇနီးဖြစ်သူ မခိုင်သဇင်ကို RFA သတင်းထောက် မခေမဏီဝင်း က မေးမြန်းထားပါတယ်။
ဂျပန်၊ သြစတြေးလျ စတဲ့ နိုင်ငံတွေမှာ ဖမ်းဆီးရမိတဲ့ Methamphetamine စိတ်ကြွဆေးပြားတွေ ထုတ်လုပ်တဲ့နေရာကို ခြေရာခံတဲ့အခါ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လမ်းဆုံးတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို ထိထိရောက်ရောက် ကြမ်းကြမ်းတမ်းတမ်း ဆောင်ရွက်နေပါတယ်။ ဒီအကြောင်းတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
Photo: Getty Images
ပြင်ပဆောင်းပါးရှင် ကျောင်းဆရာဦးဖိုးစော ရေးသားတင်ဆက်တဲ့ ပညာရေးရာ ပဒေသာ အစီအစဉ်ပါ။
ဒီတပတ်မှာတော့ - ပညာရေးလောကမှာ ဝန်ထမ်းတွေ၊ ဆရာ/ဆရာမတွေအတွက် အစီအစဉ်ဇယာ ကြိုတင်သတ်မှတ်ချက်တွေ၊ သတ်မှတ်ရက်တွေမရှိဘဲ လုပ်ကိုင်နေတဲ့စနစ်ကနေ ပညာရေးပြက္ခဒိန်ရေးဆွဲပြီး စနစ်တကျလုပ်ကိုင်တဲ့စနစ်ဆီသွားကြဖို့ ဆောင်းပါးရှင်ကိုယ်တိုင် တင်ပြထားပါတယ်။
မေလကုန်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ မကျင်းပနိုင်တာ ဘယ်လိုအခြေအနေတွေကြောင့်ပါလဲ။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်၊
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးက နုတ်ထွက်စာတင်ပြထားကြောင်း သတင်းအပါအဝင် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တချို့ကို စုံစမ်းစစ်ဆေးအရေးယူတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့် ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာပါတယ်။
ရိုက်တာသတင်းထောက် ၂ ယောက်အမှုမှာ ထောင် ၁ နှစ်ချခံလိုက်ရတဲ့ ဒု-ရဲမှူးမိုးရန်နိုင်အတွက် စာချွန်လွှာတင်ဖို့ သူ့ရှေ့နေဦးရောဘတ်စန်းအောင်က အင်းစိန်ထောင်မှာ ဒီနေ့ တွေ့ခွင့်ရပြီး၊ သူ့ဖြစ်ရပ်ကိုမေးမြန်းနိုင်ခဲ့ပါတယ်။ သူ့ကို သတင်းထောက်တွေနဲ့ တွေ့တာ အပြစ်ရှိ-မရှိ ရဲတရားသူကြီးကမေးပြီး၊ ထောင်ချလိုက်တဲ့အခါမှာတော့ တရားရုံးမှာ ဆုံးဖြတ်သလို အမိန့်ဖတ်ပြတာမဟုတ်ဘဲ၊ ထောင်ကိုပို့မှသာ ပြစ်ဒဏ်ကိုပြောလိုက်တာလို့ ဆိုပါတယ်။ ဒါကြောင့် တရားရုံးမိတ္တူ ဘယ်မှာကူးယူနိုင်မယ်ဆိုတာ ဆက်ပြီးစုံစမ်းရဦးမယ်လို့ ရှေ့နေကပြောပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ ရှေ့နေဦးရောဘတ်စန်းအောင် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို အခုလကုန်မှာ ကျင်းပဖို့ လျာထားခဲ့ပေမယ့် ကြိုတင်ပြင်ဆင်ရမယ့် လုပ်ငန်းကော်မတီ အစည်းအဝေးတွေအတွက် အချိန်လုံလောက်မှုမရှိတာကြောင့် ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ့် ရက်သတ်မှတ်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ အခုလကုန်ပိုင်းမှာ နေပြည်တော်မှာ တွေ့ဆုံဖို့ သဘောတူ ထားတယ်လို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြောပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
စိုက်ပျိုးမြေတိုးချဲ့တာတွေ ပိုးသတ်ဆေးသုံးတာတွေနဲ့ ရာသီဥတုပြောင်းလဲတာတွေကြောင့် ပျားနဲ့ တခြား ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်တွေ အန္တရာယ်ကျရောက်နေပါတယ်။ ပျားကောင်တွေဟာ ပျားရည်ပေးရုံ သက်သက်မဟုတ်ဘဲ ရိက္ခာနဲ့ အဟာရဖြည့်တင်းပေးတဲ့ သတ္တ၀ါလည်းဖြစ်ပြီး ဒီလို ကမ္ဘာကို အကျိုးပြုတဲ့သတ္တဝါတွေ မျိုးမပျောက်အောင် သင်ကြားပို့ချနေတဲ့ပညာရပ်တွေထဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဗိသုကာပညာရပ်လည်း ပါဝင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်း ကေအိုင်အေနဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် အင်ဂျန်းယန်မြို့ပေါ် ထွက်ပြေးရောက်ရှိနေသူတွေကို မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူးအပါအ၀င် ခရိုင်အဆင့်တာဝန်ရှိသူတွေ၊ ကြက်ခြေနီအသင်း နဲ့ အင်ဂျန်းယန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေဟာ မနေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။
စစ်ဘေးဒုက္ခသည်တွေရဲ့ တောင်းဆိုချက်တွေကို လုံခြုံရေးယူပေးထားတဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေးတာတွေ ဆောင်ရွက်နေတယ်လို့ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူး ဦးခေါင်လဒီး က ပြောပါတယ်။
ဦးခေါင်လဒီး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
(အင်ဂျန်းယန်မြို့နယ်တဝိုက်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကို ၂၀၁၈ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်၊ Photo: Ja Seng Hkawn Maran - facebook)
ပြင်ပဆောင်းပါးရှင် ကိုစံနီဦးရဲ့ "အလွဲအမှားများနဲ့ တိုးမိတိုက်မိ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကို တအန်းလွတ်မြောက်ရေး တပ်မတော် TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားသေဆုံးမှု ရှိခဲ့တာနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး နှစ်ဖက်တပ်တွေအနေနဲ့ ကိုယ်ကျိုးစီးပွားကိုလျှော့ချဖို့ တိုက်တွန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော်မောင်မေတ္တာနဲ့ အဖွဲ့သားတွေ စီစဉ်တင်ဆက်တဲ့ " အကျိုးမျှော် နှိုးဆော်ပါရစေ " အသံလွှင့်ဇာတ်လမ်း အစီအစဉ် ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ "စစ်ပွဲတွေရပ်" အစီအစဉ်ကို နားဆင်ရမှာပါ။
ပြင်ပဆောင်းပါးရှင် ကိုအောင်နိုင်ကျော် ရေးသားတင်ပြတဲ့ " လူမှုစီးပွားနဲ့ လယ်ယာကဏ္ဍ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ ပဲစိုက်တောင်သူတွေအနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အမှားတွေ မဖြစ်စေဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်တဲ့အခါမှာ မြန်မြန်ဆန်ဆန်ရှိဖို့နဲ့ ဘယ်လိုပဲမျိုးတွေပါ စိုက်သင့်တယ်ဆိုတဲ့ အချက်တွေပါ ထည့်သွင်းဖော်ပြသင့်တယ်လို့ ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ကိုမင်းကိုနိုင်ရဲ့ " ပျိုးခင်းဘေးက တေးသံကဏ္ဍ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ ကျား/မတန်းတူအခွင့်အရေးဆိုတဲ့ ကိစ္စတွေနဲ့ ပက်သက်ပြီး အမျိုးသမီးတွေ၊ လူငယ်တွေကြားထဲမှာ ဆွေးနွေးငြင်းခုန်မှုတွေ အားကောင်းလာဖို့နဲ့ အဖြေမှန်ကိုလည်းရှာတွေ့ကြဖို့ ဆောင်းပါးရှင်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယအကြိမ်မြောက် လူငယ်ညီလာခံကို လာမယ့် မေလ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နေပြည်တော် ပါတီဌာနချုပ်မှာ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။ လူငယ်ညီလာခံကျင်းပဖို့ စီစဉ်ထားတာနဲ့ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
ရန်ကုန်မြို့ မြေနီကုန်းမှာ မေလ ၁၂ ရက်နေ့က ငြိမ်းချမ်းရေးအတွက် ဆန္ဒပြသူများကို အင်အားသုံး ဖမ်းဆီးခြင်းဟာ ဥပဒေနဲ့ အညီ ဆောင်ရွက်တာမဟုတ်ဘူးလို့ အာရှလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ တဆက်တည်း ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့ပေမယ့် တန်ပြန်ဆန္ဒပြသူများကို ဖမ်းဆီးခြင်း မရှိတာဟာလည်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သဘောထားအမှန်ကို ပြသနေတာဖြစ်တယ်လို့ ဆိုပါတယ်။ အာရှ လူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြန့်ကျက်စဉ်းစားပြီးဖြေဆိုရတဲ့ မေးခွန်းပုံစံကို ပြောင်းမှာဖြစ်တဲ့အတွက် ကျောင်းသားတွေ အဲဒီဖြေဆိုနည်းနဲ့ အကျွမ်းတဝင်ဖြစ်အောင် သင်ကြားပေးနိုင်ဖို့ မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကဦးစီးပြီး တက္ကသိုလ်ဝင်တန်းသင် ဆရာ၊ ဆရာမ ၄ဝဝ လောက်ကို ရန်ကုန်တက္ကသိုလ်မှာ မွမ်းမံသင်တန်းပေးခဲ့ပါတယ်။
မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး၊ မန္တလေး၊ ရတနာပုံတက္ကသိုလ် အင်္ဂလိပ်စာဌာန ကထိက ဆရာ ဦးသုတကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။
Photo: Myanmar Teachers' Federation - facebook
မြန်မာနောင်းသတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်း တရားစွဲခံနေရတဲ့အမှုမှာ တရားမျှတမှုမရတဲ့ အခြေအနေရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ မနေ့က ရုံးချိန်းမှာ တရားလိုကိုမဖြစ်မနေမေးရမယ့် မေးခွန်းတွေပယ်ချခံရတယ်လို့ ကိုဆွေဝင်းက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုဆွေဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
မွန်ပြည်နယ်မှာ အရပ်ဖက်လူ့မှုအဖွဲ့အစည်းတွေ အလုပ်ရုံဆွေးနွေးပွဲလုပ်ဖို့အတွက် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုမိန့်ယူရမယ်လို့ အမိန့်စာထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး ဒါဟာ ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ကြောင်းပြန်သလိုဖြစ်နေတယ်ဆိုတဲ့ အမြင်တွေရှိသလို ပြည်သူတင်တဲ့ အစိုးရက အာဏာရှင်စနစ်ကို ကျင့်သုံးနေသလားဆိုတဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်စားစရာ ပြောကြားချက်တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ Myanmar Economic Monitor ထဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လာမယ့် ၂၀၁၈- ၂၀၁၉ ခုနှစ်မှာ တိုးတက်လာမယ်လို့ ခန့်မှန်းထားပေမယ့် စိန်ခေါ်မှုတွေရှိနေဆဲဖြစ်ပြီး အဲဒီအစီရင်ခံစာထဲက ထောက်ပြထားတဲ့အချက်တွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ရင် အနာဂတ်စီးပွားရေး တိုးတက်မှုအပေါ်မှာ သက်ရောက်မှုရှိမယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ ဘယ်လိုအကြံပြုချက်တွေပါသလဲ ဆိုတာကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Smart Group of Companies ရဲ့ ဥက္ကဌဖြစ်သူ ဦးကျော်ကျော်လှိုင် ကို RFA သတင်းထောက် ကိုသန့်ဇင်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
မေလ ၁၂ ရက်နေ့ ရန်ကုန်မြို့ တာမွေမြို့နယ်မှာ စစ်ပွဲတွေရပ်တန့်ပေးဖို့ တောင်းဆိုဆန္ဒပြမှုအတွင်း သတင်းမီဒီယာတွေကို ခြိမ်းခြောက်ပြောဆိုမှုတွေရှိခဲ့ရာမှာ တာဝန်ကျရဲဝန်ထမ်းတွေက ကာကွယ်မှု မပေးခဲ့တဲ့အတွက် ရှုတ်ချကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဒီနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ကြေညာချက်နဲ့ ပတ်သက်ပြီး သတင်းမီဒီယာကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇေယျာလှိုင် ကို RFA သတင်းထောက် ကိုအောင်သိင်္ခ က ဆက်သွယ်မေးမြန်းထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ NYDC- New Yangon Development Company Ltd. ဟာ ရန်ကုန်မြစ် အနောက်ဘက်ကမ်းမှာ ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည် ဖော်ပါမယ်။ ဒီမြို့သစ်စီမံကိန်းရဲ့ ကောင်းကျိုး-ဆိုးကျိုး၊ NYDC ဘဏ္ဍာရေးကိစ္စ၊ ပွင့်လင်းမြင်သာမှု စတာတွေနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးရေးဆိုင်ရာ စာပေရေးသားနေတဲ့ စာရေးဆရာမ သွေး-( စစ်ကိုင်း)ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်ကထွက်ပြေးလာတဲ့ မွတ်စလင်တွေကို နေရပ်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ ဆောင်ရွက်နေတဲ့ အခြေအနေ၊ ရခိုင်အရေး လာရောက်လေ့လာသွားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ မြန်မာအပေါ်သဘောထားနဲ့ မြန်မာကို နိုင်ငံတကာခုံရုံး ICC တင်ဖို့ ကြိုးပမ်းနေမှု စတာတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးအောင်မိုးဝင်း အပတ်စဉ်၊ စီစဉ်တင်ဆက်နေတဲ့ တံခါးများကို ဖွင့်ကြည့်ခြင်း အစီအစဉ်မှာ ခုတပတ် စစ်ပွဲတွေက ပုံဖေါ်လိုက်တဲ့ နိုင်ငံရေးအပြောင်းအလဲများအကြောင်း ဆွေးနွေးထားပါတယ်။
ဒီတပတ်အစီအစဉ်မှာ ဖျာပုံက မတရားအလုပ်ထုတ်ခံလိုက်ရတဲ့ ကျောင်းအုပ်ဆရာကြီးအကြောင်း၊ မုံရွာ အရာတော်က လျပ်စစ်ဌာနအကြီးအကဲတွေရဲ့ အဂတိမှုတွေ၊ ရခိုင်ပြည်နယ် မြောက်ဦး လေးမြို့မြစ်အတွင်း ကျောက်စရစ်တူးလုပ်ငန်းတွေကြောင့် ကမ်းပါးတွေပြိုပြီး နေအိမ်တွေမျောပါတော့မယ့် အခြေအနေ နဲ့ မကွေးတိုင်းအတွင်း လမ်းခင်းတာတွေ အရည်အသွေးမပြည့်မီတာ စတဲ့ ရင်ဖွင့်သံတွေကို နားဆင်ရမှာပါ။ RFA အဖွဲ့သူ မခင်ခင်အိ က တင်ဆက်ထားပါတယ်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ငါးပေါင်းမှုန့်စက်ရုံက အနံ့ဆိုးတွေထွက်တဲ့အတွက် ပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံတွေ ကျန်းမာရေးထိခိုက်တာတွေရှိနေလို့ အဲဒီစက်ရုံကို ပိတ်သိမ်းပေးဖို့ ဒေသခံ ၂ဝဝ ကျော်က ခွင့်ပြုမိန့်တင်ပြီး မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကိုမင်းကိုနိုင်ကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ ဓါတ်ပုံ - မင်းကိုနိုင် - ဖေ့စ်ဘွတ်
ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကျင်းပခဲ့ရာမှာ ပါဝင်ခဲ့သူတွေကို ဆုတောင်းပွဲအပြီးမှာ နတ္တလင်းမြို့မရဲစခန်းက ဖမ်းဆီးသွားပြီး ဦးဆောင်သူ ၃ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ အဲဒီနေ့ကဖမ်းဆီးခံခဲ့ရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံရတဲ့အထဲမှာပါဝင်တဲ့ အခြေခံပညာကျောင်းသားသမဂ္ဂ(အကသ) ဗဟို ကော်မတီဝင် ကိုရန်နောင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။ ဓါတ်ပုံ - လပြည့် ပြည် - ဖေ့စ်ဘွတ်
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးအမှုကိစ္စနဲ့ ပတ်သက်ပြီး တရားလိုဘက်က တင်သွင်းထားတဲ့ သက်သေ ၂၅ ဦးထဲမှာ ထွက်ဆိုဖို့ကျန်နေသေးတဲ့ ၅ ဦးဟာ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး သူတို့ရဲ့ ထွက်ဆိုချက်တွေဟာ အမှုအတွက် အရေးကြီးနိုင်တယ်လို့ တရားစွဲခံရသူ သတင်းထောက်နှစ်ဦးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။ လက်ရှိအချိန်အထိ တရားလိုပြသက်သေ ၁၉ ဦးစစ်ဆေးပြီးစီးပြီး မနေ့က တရားသူကြီးတစ်ဦးကို သက်သေအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။ အမှုစစ်ဆေးပြီးစီးမှုအခြေအနေတွေနဲ့ ပတ်သက်လို့ ရှေ့နေ ဦးသန်းဇော်အောင်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့မေလဆန်းပိုင်းကစပြီး ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ ဒေါ်လာငွေလဲလှယ်နှုန်းတွေ မြင့်တက်မူနဲ့အတူ တစ်ရိပ်ရိပ်မြင့်တက်လာနေပါတယ်။ မေလဆန်းပိုင်းက ၉၂ ဓာတ်ဆီတစ်လီတာကို ၈၁ဝ ကျပ်ကနေ ဒီကနေ့ မေလ ၁၇ ရက်နေ့ဈေးနှုန်းအရ တစ်လီတာကို ၈၄၅ ကျပ်အထိ မြင့်တက်နေသလို ၉၅ ဓာတ်ဆီ တစ်လီတာဟာလည်း မေလဆန်းက ၈၅ဝ ကျပ်ကနေ ၈၉၅ ကျပ်အထိ မြင့်တက်နေပါတယ်။ စက်သုံးဆီဈေးတွေဘာကြောင့် တက်နေရသလဲဆိုတာကို မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းက ရုံးအဖွဲ့မှူး ဗိုလ်မှူးကြီး ဝင်းနိုင်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
ပြင်ပကလောင်ရှင်မေစာ တင်ပြမယ့် စာဝိုင်းပေဝိုင်း စကားဝိုင်း အစီအစဉ်မှာ ခုတပတ် နိုင်ငံရေးစိတ်ဝင်စားသူတိုင်း ဖတ်သင့်တဲ့ ရာဇဓမ္မသင်္ဂဟ ကျမ်းအကြောင်း တင်ပြထားပါတယ်။
တိုင်းရင်းသားဒေသတချို့မှာ အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေ အမြန်ရပ်ဆိုင်းဖို့ နိုင်ငံတော်သမ္မတအနေနဲ့ ဆွေးနွေးတောင်းဆိုသင့်တယ်ဆိုတဲ့ အမြင်တွေရှိသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ လွှတ်တော်ရဲ့ အခန်းကဏ္ဍဟာလည်း အားနည်းတယ်ဆိုတဲ့ ထောက်ပြချက်တွေလည်းရှိနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တချိုရဲ့ အခုလိုအမြင်တွေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
မြန်မာ့တပ်မတော်က ကချင်ပြည်နယ်မှာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေရပ်ဖို့၊ တပ်မတော်နဲ့ ဆက်ဆံနေတဲ့ နိုင်ငံတကာအနေနဲ့လည်း စစ်တပ်ကိုဖိအားပေးပြီး၊ ငြိမ်းချမ်းရေးရန်ပုံငွေပေးနေတာကို ဆိုင်းငံ့ထားဖို့၊ အစိုးရအနေနဲ့ ဒုက္ခသည်ပြည်သူတွေကို ထိရောက်တဲ့ အကူအညီပေးနိုင်အောင် လမ်းဖွင့်ပေးဖို့ ထိုင်းနိုင်ငံအခြေစိုက် KWAT ကချင်အမျိုးသမီးများ အစည်းအရုံးက တောင်းဆိုလိုက်ပါတယ်။
ဒါနဲ့ပတ်သက်လို့ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး မွန်းနေလီကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
တိုက်ပွဲတွေအတွင်းက ပြည်သူတွေကို အမြန်ဆုံး ကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ဦးဆောင်တောင်းဆိုခဲ့တဲ့ ဒေါ်နန်ပူ၊ ဦးဇော်ဂျတ်နဲ့ ကိုလွမ်းဇောင်းတို့ ၃ ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ အမှုဖွင့်ထားပါတယ်။
တဖက်သတ် ထိုးစစ်ဆင်မှုကြောင့် ရွာသားတွေ ထွက်ပြေးခဲ့ရကြောင်း၊ ပိတ်မိနေတဲ့ ပြည်သူတွေကို လမ်းကြောင်းဖွင့်ပေးဖို့ဟာ တပ်မတော်ရဲ့ တာဝန်သာဖြစ်ကြောင်း၊ လေယာဉ်နဲ့ ဗုံးကြဲခြင်း ချက်ချင်းရပ်ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က အမှုဖွင့်ထားတာဖြစ်တယ်လို့ တရားစွဲခံရသူ ဦးဇော်ဂျတ် က ပြောပါတယ်။
ဦးဇော်ဂျတ်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်း နဲ့ နမ္မတီး ဘူတာအကြား တစ်နေရာ၊ ထိုပူး နဲ့ မိုးကောင်းဘူတာ အကြားက နေရာ ၃ ခု မှာ မနေ့ည သန်းခေါင်ချိန် နဲ့ ဒီကနေ့ နေ့လည်ပိုင်းမှာ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။
သံလမ်းတံတား ၃ စင်း နဲ့ ရထားတွဲတချို့ ပျက်စီးခဲ့ပြီး အများပြည်သူတွေ ခရီးသွားလာရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
မိုင်းခွဲခံရမှုကြောင့် မြစ်ကြီးနား နဲ့ မန္တလေးလမ်းပိုင်းပေါ်မှာ မီးရထားခရီးစဉ်တွေ ရပ်ဆိုင်းထားရတဲ့အခြေအနေကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က မြစ်ကြီးနား ရုံပိုင်ချုပ် ဦးခင်သော် ကို ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။
ကချင်ပြည်နယ် တနိုင်းဒေသအတွင်း အစိုးရတပ်နဲ့ KIA တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးရသူတွေကို စစ်ပွဲများအပြီး ရွာပြန်ဖို့ကိစ္စကို အစိုးရတပ်တွေဘက်က ခွင့်မပြုဘူးလို့ သိရပါတယ်။ ပိတ်မိဒုက္ခသည်တွေကို အာဏာပိုင်တွေဘက်က ဒုက္ခသည်အဖြစ် မသတ်မှတ်ဘူးလို့လည်း ကြားသိရလို့ ဒုက္ခသည်များအရေးဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးစံအောင် ကို ဦးတင်အောင်ခိုင် က ဆက်သွယ် မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ် တောင်းဆိုတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့သူတွေကို ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့အပေါ် လူ့အခွင့်ရေးအဖွဲ့ရဲ့ သုံးသပ်ချက်တွေကို မသင်းသီရိ တင်ပြထားပါတယ်။
စစ်ပွဲတွေရပ်ဖို့တောင်းဆိုတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုကြောင့် လူငယ်အများစုအပါအဝင် တရားစွဲခံနေရ တဲ့သူ ရန်ကုန်နဲ့ မန္တလေးမှာ ၄၂ ယောက်ရှိပြီလို့ သိရပါတယ်။ ရန်ကုန်တိုင်း တာမွေမြို့နယ်နဲ့ ဗဟန်းမြို့နယ်မှာ စနေနေ့က လှုပ်ရှားမှုကြောင့် ၁၇ ယောက်တရားစွဲခံရပြီး၊ တနင်္ဂနွေက ကဗျာရွတ်ပွဲ မှာလည်း ၄ ယောက်ထက်မနည်း တရားစွဲခံရပါတယ်။
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးကတည်းက ခုချိန်ထိ အနှစ် ၇၀ ကြာ လက်နက်ကိုင်တိုက်နေကြတဲ့ ပြည်တွင်းစစ်ရဲ့ ဝန်ထုတ်ဝန်ပိုးကို ခေတ်လူငယ်တွေအနေနဲ့ မထမ်းချင်တော့ဘဲ ငြိမ်းချမ်းတဲ့ခေတ်သစ် တစ်ခုဆီ ကမ္ဘာ့ရေစီးကြောင်းနဲ့အတူ အားသွန်ခွန်စိုက်ကူးခတ်ချင်ကြပြီလို့ လူငယ်တွေကပြောနေကြပါတယ်။
ဒါကြောင့် တရားစွဲခံရတဲ့ လူငယ်တွေ၊ ကဗျာဆရာတွေရဲ့အသံနဲ့ လူကြီးတွေက ဒီအပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြထားပါတယ်။
ရန်ကုန်တိုင်းအစိုးရက တင်ပြထားတဲ့ မြို့ပြ ဖွံ့ဖြိုးရေးဆိုင်ရာစီမံကိန်းတွေကို အသေးစိတ်ဖော်ပြ တာမရှိဘဲ လွှတ်တော်မှာ ဆွေးနွေးအတည်ပြုခိုင်းခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန် ဆောင်ရွက်နေတယ်လို့မြင်ကြောင်း တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း က ဝေဖန်လိုက်ပါတယ်။
ဒေါ်စန္ဒာမင်းကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးမျိုးလွင် အပတ်စဉ် တင်ပြနေတဲ့ လူမှုစီးပွား ကြေးမုံပြင် အစီအစဉ်မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ သဘောထားကို ဆွေးနွေးထားပါတယ်။ ဦးတင်အောင်ခိုင်က ဖတ်ကြားပေးထားပါတယ်။
KNU တပ်မဟာ (၅) ဒေသဖြစ်တဲ့ ခေးပူးနဲ့ လယ်မူပလောဒေသမှာ အစိုးရတပ်မတော်က ပြီးခဲ့တဲ့ မတ်လဆန်းပိုင်း စတင်ပြီး လမ်းဖောက်လုပ်မှု၊ တပ်အင်အားတိုးချဲ့ ချထားမှုတွေရှိနေကြောင်းနဲ့ အဲဒီလိုဆောင်ရွက်နေတာဟာ နှစ်ဖက်သဘောတူညီချက်နဲ့ ဆောင်ရွက်နေတာ မဟုတ်ကြောင်း KNU နဲ့ KNLA ဘက်က ကြေညာချက် ထုတ်ပြန်မှုတွေ ရှိလာပါတယ်။
တပ်မဟာ( ၅) ဒေသအတွင်း အစိုးရတပ်မတော်နဲ့ KNU တို့ကြားဖြစ်နေတဲ့ လမ်းဖောက်လုပ်မှုပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ KNUရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မေလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့သူတွေထဲမှာ တရုတ်နိုင်ငံသား ၃ ယောက် ပါဝင်ခဲ့ပါတယ်။ အဲဒီတရုတ်နိုင်ငံသား ၃ယောက်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအစိုးရအကြား ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့ အခြေအနေနဲ့ လက်ရှိမူဆယ်မြို့အခြေအနေကို မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ပြင်ပဆောင်းပါးရှင် ကျောင်းဆရာဦးဖိုးစော ရေးသားတင်ဆက်တဲ့ “ပညာရေးရာ ပဒေသာ” အပတ်စဉ် ဆောင်းပါးကို အခုတပတ်ကစပြီး၊ တနင်္လာနေ့ညပိုင်းမှာ အပတ်စဉ်ထုတ်လွှင့်မှာဖြစ်တဲ့အတွက် ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ဆောင်းပါးရှင်ကိုယ်တိုင် ရှင်းလင်းမိတ်ဆက်ထားတာကို နားဆင်ရမှာဖြစ်ပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေဟာ ရှုပ်ထွေးလာနေတဲ့ သဘောမျိုးတွေရပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့အပေါ် မေးခွန်းထုတ်စရာတွေလည်း ရှိလာနေတယ်ဆိုတဲ့အမြင်နဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်၊ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် သုံးသပ်ချက်တချို့ကို မသင်းသီရိ တင်ပြထားပါတယ်။
စစ်ပွဲတွေရပ်ဖို့ ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုကြတဲ့လူငယ်တွေကို အကြမ်းဖက် ဖမ်းဆီးတရားစွဲတာဟာ ဥပဒေနဲ့ရော ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းနဲ့ပါ မညီညွတ်ဘူးလို့ ရှေ့နေတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြကြပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်းက အလုပ်သမားအားလုံးအတွက် အနည်းဆုံးလုပ်ခလစာ တရက် ၄၈၀၀ ကျပ်ပေးဖို့ ဒီကနေ့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဒီနှုန်းထားဟာ အလုပ်သမားထုလိုအပ်နေတဲ့ နှုန်းထားမဟုတ်တဲ့အတွက် လက်မခံနိုင်တာတွေရှိနေသလို အစိုးရအနေနဲ့ အလုပ်သမားတွေရဲ့ လစာနဲ့ ကုန်ဈေးနှုန်းကို သဟဇာတဖြစ်အောင်လုပ်ဖို့ လိုအပ်နေတယ်ဆိုတဲ့ ထောက်ပြမှုတွေရှိနေပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဝါကျဲမှော်က တောက်ပကြယ်ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေအကြား မေလ ၁၃ ရက် မနေ့က အလုပ်စောဆင်းခိုင်းရာကနေ လစာကိစ္စ အချေအတင်ဖြစ်ပြီး မကျေနပ်တဲ့ ဝန်ထမ်းတချို့က အဆောက်အဦနဲ့ ယန္တရားတချို့ကို ည ၇ နာရီလောက်မှာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ အဆောက်အဦ မီးလောင်သွားတာကြောင့် နေစရာမရှိတော့တဲ့ အဲဒီကုမ္ပဏီက ဝန်ထမ်း အယောက် ၂ ထောင်ကျော်ဟာ ဆန်ခါရွာ ဘုန်းတော်ကြီးမှာ ယာယီခိုလှုံနေကြပါတယ်။ ဆန်ခါရွာက ဦးတင်လှိုင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ ဆက်သွယ်မေးမြန်းထားပါတယ်။ Photo:Tin Hlaing - facebook
ရေမဆေးသမားတွေနဲ့ တပိုင်တနိုင်ကျောက်မျက်တူးဖော်လိုသူတွေ လုပ်ကိုင်နိုင်အောင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာနယ်မြေအတွင်းမှာရှိတဲ့ နန်စလင်းချောင်းဖျားမှော်က လုပ်ကွက်ပေါင်း ၃၇ဝ ကျော်ကို တိုင်းဒေသကြီးအစိုးရက ရောင်းချပေးတော့မှာဖြစ်ပါတယ်။ အများပြည်သူသိရှိအောင် အစိုးရသတင်းစာကနေ ထုတ်ပြန်ကြေညာမှာဖြစ်ပြီး အခုလ ၂၈ ရက်နေ့ကနေ ဇွန်လ ၂၈ ရက်နေ့အတွင်း လုပ်ကွက်တွေ လျှောက်ထားရမှာဖြစ်တယ်လို့ ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာ့သစ်တောတွေကို ခုတ်ထွင်ပြီး တောထဲမှာပဲ ထုတ်လုပ်တဲ့ မီးသွေးတွေကို တရုတ်နိုင်ငံ တင်ပို့ပုံ အဆင့်ဆင့်ကို အမေရိကန်ပြည်ထောင်စုအခြေစိုက် Mongabay ဆိုတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ရေဆုံးရေဖျားလိုက်စုံစမ်းဖော်ထုတ်ပါတယ်။ သူ့နိုင်ငံမှာ သစ်ပင်တပင်တောင် ခုတ်ခွင့်မရှိတဲ့ တရုတ်နိုင်ငံဟာ မြန်မာ့သယံဇာတတွေ ရယူနေပါတယ်။ ဒါဟာလည်း တာဝန်ရှိသူတွေ အကျင့်ပျက်ခြစားတဲ့အတွက်လို့ Mongabay က ပြောတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါကျေးရွာအနီးက လယ်မြေဧက ၁ဝဝ ပေါ်မှာ ဦးပိုင်ကုမ္ပဏီ နဲ့ မနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ကျောက်တန်းမြို့မရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ လယ်သမား ၃ ဦးကို ဒီနေ့ အာမခံနဲ့ လွှတ်လိုက်ပါတယ်။ အဲဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
Photo: Aye Mya Mya Myo - facebook
ပြင်ပဆောင်းပါးရှင် ကိုစံနီဦးရဲ့ "အလွဲအမှားများနဲ့ တိုးမိတိုက်မိ " အစီအစဉ် ဖြစ်ပါတယ်။ Forever Group ကုမ္မဏီကနေ 4TV ရုပ်သံလိုင်းကနေ Canal+ ဆိုပြီးပြောင်းလဲလိုက်ချိန်မှာ ကြည့်ရှုသူ ပြည်သူတွေကို အလေးမထားဘဲ အကြောင်းကြားတာမျိုး မရှိတဲ့အပြင် တိုင်ကြားမှုတွေ ပြုလုပ်ချိန်မှာလည်း ကတိကဝတ်ဖောက်ဖျက်သလို စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့လည်း သေချာကိုင်တွယ်မဖြေရှင်းပုံကို ဆောင်းပါးရှင်တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။
ပြင်ပဆောင်းပါးရှင် မခင်မျိုးသွယ်ရဲ့ " မြန်မာ့လယ်ယာကဏ္ဍ"အစီအစဉ်ဖြစ်ပါတယ်။ အခုတစ်ပတ်မှာ လယ်ယာမြေပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ သမ္မတ ဦးဝင်းမြင့်ရဲ့ ၂၀၀၈ အခြေခံဥပဒေအောက်မှာ တကယ်သက်ရောက်ဖို့ လိုတဲ့အကြောင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်ရဲ့ " ပျိုးခင်းဘေးက တေးသံကဏ္ဍ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ လူငယ်တွေရဲ့ စုပေါင်းအားနဲ့ စာပေဟောပြောပွဲ ကြီး တစ်ခုလုံးကို အဆင်ပြေချောမွေ့ပြီးအောင်ပွဲတစ်ခုရအောင် လုပ်ဆောင်နိုင်ခဲ့တဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ပြည်သူ့စစ်အဖွဲ့နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့တွေအကြား ပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရသူတွေ သေဆုံးသူတွေကို မူဆယ်ကရုဏာလူမှုကူညီရေးအသင်းက မူဆယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။ ဒဏ်ရာရသူတွေထဲက ၃ ဦးကို တရုတ်နိုင်ငံ ရွှေလီဆေးရုံကို အရေးပေါ်ပို့ ဆောင်လိုက်ရပြီး နောက်ထပ်ဒဏ်ရာရသူတစ်ဦးကိုတော့ မန္တလေးဆေးရုံကို ပို့ဆောင်ပေးလိုက်ရတယ်လို့ မူဆယ်မြို့ ကရုဏာလူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းက မူဆယ်ဆေးရုံမှာရောက်နေတဲ့ ဦးသောင်းထွန်းကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပန်ခမ်းတံတားအနီးက လောင်းကစားရုံကို ဝင်ရောက်တိုက်ခိုက်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တအာင်းတပ်မတော်ရဲ့ တောတွင်းယာယီစခန်းတွေနဲ့ မဟာမိတ်ဖြစ်တဲ့ ကေအိုင်အေတို့ကို တပ်မတော်က စဉ်ဆက်မပြတ် လိုက်လံတိုက်ခိုက်နေတာတွေကြောင့် အသေးစားစစ်ဆင်ရေး ပြန်လည်ပြုလုပ်တာဖြစ်တယ်လို့ TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
ဗိုလ်မှူး မိုင်းအိုက်ကျော်ကို RFA သတင်းထောက် ကိုအောင်သိင်္ခက ဆက်သွယ်မေးမြန်းထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တဝိုက်ကို TNLA က ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ရာကနေ ပြည်သူ့စစ်အဖွဲ့၊ ရဲတပ်ဖွဲ့တို့နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့မနက် ပစ်ခတ်မှုတွေကြောင့် ဒုရဲအုပ်တစ်ဦးနဲ့ အရပ်သားပြည်သူ အပါအဝင် စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ပြီး ၂၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်သိန်းက ပြောပါတယ်။ စိုင်းကျော်သိန်းကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ သမ္မတအိမ်တော် (အိမ်ဖြူတော်) ရှေ့မှာ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်ဖို့၊ စစ်ဘေးဒုက္ခသည်တွေကို ကယ်တင်နိုင်ဖို့ ကချင်၊ ရခိုင်၊ ချင်းနဲ့ ကရင်လူမျိုးတွေ မနေ့က ဆုတောင်းပွဲပြုလုပ်ပါတယ်။ ဒီအကြောင်း သတင်းသွားယူတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုးမင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
Photo: Kachin Alliance - facebook
အညာဒေသရဲ့သဘာဝပတ်ဝန်းကျင်ကိုထိန်းညှိပေးသလို ဒေသခံပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေးကိုလည်း အထောက်အကူပြုတဲ့ နှစ်ရှည်ပင်ထန်းတွေကို အပင်လိုက်ခုတ်ရောင်းတာတွေ အများအပြားရှိလာတာကြောင့် သဘာဝဝန်းကျင်မျှခြေပျက်စီးပြီး ရာသီဥတုဖောက်ပြန်ဆိုးဝါးလာမယ့် အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒါကြောင့် ထန်းပင်တွေခတ်ုရောင်းတာရပ်ဆိုင်းဖို့ ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။
၂ နှစ်တာပြည့်မြောက်လာခဲ့ပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး ဆောင်ရွက်ချက်တွေအပေါ် သုံးသပ်ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဥပဒေအရ ညီတူညီမျှ ခံစားခွင့်ဆုံးရှုံးနေတဲ့ ဘယ်လိုအမှုမျိုးကိုမဆို ကူညီမယ်လို့ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးဥာဏ်ဝင်းကပြောပါတယ်။
NLD ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ရှေ့နေ ဦးဥာဏ်ဝင်း ဦးဆောင်ပြီး ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးကို နေပြည်တော်မှာ ဒီကနေ့ဖွင့်လှစ်လိုက်ပါတယ်။
ဦးဥာဏ်ဝင်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာစာနယ်ဇင်းသမဂ္ဂ - MJU ရဲ့ ၂၀၁၈-၂၀၁၉ နှစ်ပတ်လည်ပွဲအခမ်းနာကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ဥက္ကဌ၊ အတွင်းရေးမှူး၊ဘဏ္ဍာရေးမှူး စတဲ့အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ရွေးချယ်ခဲ့ပါတယ်။ သမဂ္ဂအကြောင်း ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဦးဇော်သက်ထွေးကို RFA သတင်းထောက်ကို ထက်အာကာ က ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်စဲဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့အတွက် မနက်ဖြန် ရန်ကုန်မြို့မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး လူထုလမ်းလျှောက်ချီတက်ပွဲကို ရဲတပ်ဖွဲ့က ခွင့်ပြုချက်မပေးပေမဲ့ ဆက်လုပ်သွားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။
ငြိမ်းချမ်းရေးလမ်းလျှောက်ချီတက်ပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မသဉ္ဇာရွှန်းလဲ့ရည် ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။
၄၅ ကြိမ်မြောက် အစ္စလာမ်မစ် ကူးပေါင်းဆောင်ရွက်ရေး OIC အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းဝေးက ထုတ်ပြန်လိုက်တဲ့ ဒါကာကြေညာချက်ထဲက လူ့အခွင့်ရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို မြန်မာအစိုးရက လက်မခံကြောင်း တုံ့ပြန်လိုက်ပါတယ်။ ရခိုင်ပြည်နယ် ပြသနာနဲ့ကို ဖြေရှင်းနိုင်ဖို့ ဖိအားပေးတာမျိုးထက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သင့်တယ်ဆိုတဲ့ အမြင်တွေလည်းရှိနေပါတယ်။ မသင်းသီရိ တင်ပြထားပါတယ်။
KNU ထိန်းချုပ်နယ်မြေတွေမှာ မြန်မာ့တပ်မတော်က စစ်အင်အားဖြည့်နေတဲ့အတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတဲ့ NCA စာချုပ်ချိုးဖောက်ရာရောက်နေပြီဖြစ်လို့၊ ငြိမ်းချမ်းရေးရအောင် NCA လမ်းကြောင်းအတိုင်းလျှောက်လှမ်းဖို့ကို အယုံအကြည်ကင်းမဲ့လာပြီလို့ KNLA ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ဌာနချုပ်က ဒီနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒါနဲ့ပတ်သက်လို့ KNLA ဗဟိုစစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
ပြင်ပဆောင်းပါးရှင် ဦးအောင်မိုးဝင်းတင်ပြနေတဲ့ တံခါးများကို ဖွင့်ကြည့်ခြင်း အစီအစဉ်ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ အာဖဂန်နစ္စတန် ပြည်တွင်းစစ်နဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေကို ချိန်ထိုးဆွေးနွေး တင်ပြထားပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် အပတ်စဉ်တင်ပြနေတဲ့ RFA သောတရှင် ပေးစာကဏ္ဍ နားဆင်ရမှာဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ဟုမ္မလင်းအချုပ်ထဲမှာ နှိပ်စက်ခံရလို့ သေသွားတဲ့ အကျဉ်းသားတယောက် အကြောင်း၊ ဖားကန့်က ဆင်ခေါင်းတောင်အန္တရာယ်ရှိနေတယ် ဆိုတဲ့အကြောင်းနဲ့ ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။
မေလ ၉ ရက်နေ့ မနေ့ညနေပိုင်းက လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကင်းကျေးရွာအုပ်စုအတွင်းက နေအိမ်အလုံးပေါင်း ၁ဝဝ ကျော် ပျက်စီးခဲ့ပြီး စေတီနှစ်ဆူ ထိခိုက်ပျက်ဆီးခဲ့ပါတယ်။ နေအိမ်ပျက်စီးသွားတဲ့ ဒေသခံတွေကို ဒီနေ့သွားရောက်တွေ့ဆုံခဲ့တဲ့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။ Photo: Tun Tun Win - facebook
ရခိုင်ပြည်နယ်ထဲ NVC ကတ် ကိုင်ထားသူတွေအနေနဲ့ ပုံစံ (၄) ကို ဖြည့်စွက်လျောက်ထားပြီး ခွင့်ပြုချက်ရမှ ခရီးသွားလာခွင့်ရမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူုး ဦးအောင်မင်းက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး နောက်ဆုံးအခြေအနေအပြင် NVC ကတ်ကိုင်ထားသူတွေ ခရီးသွားလာခွင့်နဲ့ ပတ်သက်လို့ ဦးအောင်မင်း ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
ရိုက်တာသတင်းထောက်တွေရဲ့အမှုမှာ အမှန်အတိုင်းထွက်ဆိုတဲ့ ဒုရဲမှူးမိုးရန်နိုင်ကို ပြည်ထဲရေးက ပြစ်ဒဏ်ချထားတဲ့ကိစ္စအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၈) မှာပြဌာန်းထားတဲ့အတိုင်း စာချွန်တော်တက်နိုင်ဖို့ သူ့ရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်ကကြိုးစား နေပါတယ်။ ဒီအတွက် ဦးမိုးရန်နိုင်နဲ့တွေ့ဖို့ ဒီနေ့ထောင်ကို သွားပြီးခွင့်တောင်းပေမယ့် အကျဉ်းဦးစီးက တွေ့ခွင့်မပေးသေး ဘူးလို့ဆိုပါတယ်။
ဒီလို ရှေ့နေနဲ့ အမှုသည်ကို တွေ့ခွင့်မပေးတဲ့ အကျဉ်းဦးစီးရဲ့လုပ်ရပ်ဟာ ဖွဲ့စည်းပုံပါပြဌာန်းချက်ရော၊ အကျဉ်းဦးစီးလက်စွဲနဲ့ ပါဆန့်ကျင်နေတယ်လို့လဲပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ရှေ့နေဦးရောဘတ်စန်းအောင် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
ဒေါက်တာ ဒေါ်ညိုညိုသင်းရဲ့ " နိုင်ငံတော်သစ်ဆီသို့ " အစီအစဉ် ဖြစ်ပါတယ်။
ဒီတပတ်မှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်ရှိဖို့ တရားမျှတမှုကို လက်လှမ်းမီခြင်းဟာ ကနဦးလိုအပ်ချက်ဖြစ်ကြောင်း တင်ပြထားပါတယ်။
ပြင်ပကလောင်ရှင်မေစာ တင်ပြမယ့် “စာဝိုင်းပေ၀ိုင်း စကားဝိုင်း” အစီအစဉ်မှာ ခုတပတ် ဆရာမြင့်သန်းရဲ့ မြန်မာမိန်းမ စာရေးသူတို့၏ အရေးအသားအချို့ စာအုပ်အကြောင်း တင်ပြထားပါတယ်။
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ စစ်ရေးပဋိပက္ခတွေအတွင်း ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေသူတွေနဲ့ ပိတ်မိနေသူတွေကို ပြည်နယ် ကြက်ခြေနီအသင်းက ကူညီထောက်ပံ့နေပါတယ်။ မန်ဝယ်၊ နမ္မတီး၊ တနိုင်း-အောင်လွတ်ဒ်၊ အင်ဂျန်းယန်၊ ချီဖွေ၊ စတဲ့ ဒေသတွေဘက်ကို ဧပြီလ ၁၉ ရက်နေ့ကစပြီး မြေပြင်ကွင်းဆင်းကာ ကူညီထောက်ပံ့နေတဲ့ ကချင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးဂဲနက်စ် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။
လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့က မေလ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအပေါ် နိုင်ငံရေးပါတီခေါင်းဆောင်တချို့ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။
ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIO/ KIA ကို မြန်မာ့ တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA၊ ကိုးကန့်တပ်မတော် MNDAA တို့က ကေအိုင်အိုကို စစ်ရေး နိုင်ငံရေးအရ ၀န်းရံသွားမယ်လို့ မနေ့က ရက်စွဲနဲ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
TNLA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို RFA သတင်းထောက် ကိုအောင်သိင်္ခ က ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီတပတ်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ စာကြည့်တိုက်ယဉ်ကျေးမှု ပြန်လည်ထွန်းကားလာအောင် ဘာတွေလုပ်ဆောင်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးထားပါတယ်။ ဦးတင်အောင်ခိုင်က ဖတ်ကြားပေးထားပါတယ်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ပြင်စာရွာနဲ့ သပြေရေရွာက လယ်ယာမြေပြဿနာကြောင့် အဖမ်းခံနေရတဲ့ တောင်သူ ၉ ယောက် တိမ်းရှောင်နေရတဲ့တောင်သူ ၁၃ ယောက် အမှုဟာ ၂ နှစ်နီးပါးကြာပြီဖြစ်ပေမယ့်၊ တရားရုံးက ဆုံးဖြတ်ချက်မပေးနိုင်သေးဘဲ ဖြစ်နေပါတယ်။
ဒီလိုအချိန်ကြာမြင့်အောင် တရားရင်ဆိုင်ရတဲ့အတွက် တောင်သူလယ်သမားတွေရဲ့ ဘဝတွေလည်း တော်တော်လေးထိခိုက်နေပြီလို့ ပြောကြပါတယ်။
ဒါနဲ့ပတ်သက်လို့ တောင်သူ ကိုမင်းသူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်အတွင်း တောတောင်တွေထဲ ပိတ်မိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေးတွေနဲ့ ပတ်သက်လို့ NLD ပါတီပြောခွင့်ရသူ ဒေါက်တာ မျိုးညွန့်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
ဥရောပရောက် ဗုဒ္ဓဘာသာလူငယ်တွေ တွေ့ဆုံပြီး ဘာသာရေးနဲ့၊ ယဉ်ကျေးမှုအကြောင်းတွေ ဆွေးနွေးပြီး ဆက်လက်ချိတ်ဆက်ဆောင်ရွက်နိုင်မယ့် ‘ဥရောပလူငယ်ဗုဒ္ဓဘာသာဖိုရမ်’ ကို ဇူလိုင်လအတွင်း ဒိန်းမတ်နိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။ ဥရောပရောက် ဗုဒ္ဓဘာသာလူငယ်တွေရဲ့ ပညာနဲ့ အတွေ့အကြုံတွေကို မြန်မာနိုင်ငံ တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ပြန်လည်အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်တယ်လို့ ဖိုရမ်ကို ဦးဆောင်စီစဉ်သူ ဒိန်းမတ်နိုင်ငံ၊ ဓမ္မအရိပ်သာသနာပြုကျောင်းတိုက်၊ ပဓာန နာယကဆရာတော် ဦးကုသလသာမိက မိန့်ကြားပါတယ်။
ဆရာတော် ဦးကုသလသာမိကို မခက်မာ ဆက်သွယ်မေးမြန်း လျှောက်ထားပါတယ်။
၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့က ပုသိမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှာ ကပြခဲ့တဲ့ စစ်ပွဲတွေ အလိုမရှိကြောင်း ပြဇာတ်ကို လူမှုကွန်ရက်မှာ Live လွှင့်ခဲ့တဲ့ ဦးထွန်းထွန်းဦးကို တပ်မတော်ဘက်က ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုထားတဲ့အမှုကို မနေ့က ထောင်ဒဏ် ၃ လ အမိန့် ချမှတ်လိုက်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုထားတဲ့ အမှုတွေကို စာရင်းပြုစုနေတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့-အသံအဖွဲ့က မောင်ဆောင်းခ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီကယ်ထုတ်နိုင်ဖို့အတွက် နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ ညွှန်ကြားထားပါတယ်။
ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့တဲ့ မေလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ မြစ်ကြီးနားနဲ့ နမ္မတီးမြို့တွေကို သွားရောက်ပြီး စစ်ဘေးတိမ်းရှောင်လာသူတွေကို တွေ့ဆုံခဲ့သလို တနိုင်းမြို့နယ်အတွင်း ကျန်ရှိနေတဲ့ ဒုက္ခသည်တွေ ကယ်ထုတ်ရေးအတွက်လည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ရှမ်းပြည်နယ် သံလွင် အထက်ပိုင်း မိုင်းတုံရေကာတာ စီမံချက်အကောင်အထည်ဖော်ဖို့ အရင် စစ်အစိုးရလက်ထက် ၂၀၁၀ ကတည်းက တရုတ်ကုမ္ပဏီတွေနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပါတယ်။ ကန့်ကွက်သူတွေ၊ အဖွဲ့အစည်းတွေ ရှိတဲ့ကြားကပဲ ရေကာတာတည်ဆောက်ဖို့ တရုတ်နိုင်ငံသားတွေ ၀င်ရောက်လုပ်ကိုင်နေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
“သောတရှင်တွေရယ်၊ လမ်းဆုံရယ်၊ ဂျမ်းဘုံရယ် လှမ်းခဲ့ကြတဲ့ အတိတ်လမ်းကို လည်ပြန်ကြည့်လိုက်တော့ ပီတိဖြစ်ချက် မကျန်ဘူး” တဲ့။ အသေးစိတ်ကို ဆက်လက်နားဆင်နိုင်ကြပါတယ်။
မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေ ၂၁ ရာစုပင်လုံညီလာခံမှာ ဆွေးနွေးနိုင်မယ့် မွန်တိုင်းရင်းသားတွေရဲ့ သဘောထား အချက်အလက်တွေရရှိခဲ့ပြီလို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကျင်းပရေးကော်မတီ အတွင်းရေးမှူး မင်းအောင်ထူး ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဆွစ်ဇာလန် ၀ါရင့်အမျိုးသမီးသံအမတ်ကြီး Christine Schraner Burgener ကို ခန့်အပ်ခြင်းအပေါ် မြန်မာအစိုးရ က သဘောတူ လက်ခံလိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
အစိုးရတပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒါဏ်ခံနေရတဲ့ မန်ဝယ် ( လိုင်နောင်းခူ ) ရွာသားတွေကို ဘေးကင်းရာတွေမှာ နေရာချထားပေးနိုင်ပြီဆိုမှသာ မနောကွင်းမှာ စုဝေးနေတဲ့ ကချင်လူငယ်တွေက သူတို့ရဲ့ သပိတ်စခန်းကို ရုပ်သိမ်းမှာလို့ ပြောပါတယ်။ အဲဒီ မန်ဝယ်ဒေသဘက်က ရွာသား အယောက် ၁ ရာကျော်ကို အစိုးရ နဲ့ တပ်မတော်ပူးပေါင်းပြီး သွားရောက် ခေါ်ဆောင်နေပြီဖြစ်ပါတယ်။ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် မနောကွင်းမှာ စုရုံးပြီး တောင်းဆိုနေကြသူတွေထဲက ကချင်လူငယ် တာဝန်ခံတစ်ဦးဖြစ်တဲ့ မဆွတ်ဆိုင်းထွယ် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း ဒီကနေ့ တွေ့ဆုံ မေးမြန်းထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော်ထံ ကြိုတင်အသိပေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ထောက်ပြဆွေးနွေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ၃ နှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်ဖို့ရှိတဲ့ လုပ်ငန်းတွေကို ထည့်သွင်းရေးဆွဲထားတဲ့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနဲ့ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းအစီရင်ခံစာကို အစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ထံ ဒီနေ့ တင်သွင်းရာမှာ ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ ဒဂုံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
လုပ်ငန်းအကောင်အထည်ဖော်မှု အားနည်းတာ၊ နှောင့်နှေးတာတွေကြောင့် ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးနေရာ ၃ ခုကို အပြောင်းအလဲလုပ်ဖို့ နိုင်ငံတော် သမ္မတထံ တင်ပြထားတယ်လို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲက ပြောပါတယ်။ ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။ Photo: Salai Isaac Khen - facebook
မြန်မာတွေ အသိနည်းပေမဲ့ ကမ္ဘာလှည့်တွေဟာ မြန်မာ့ကမ်းရိုးတန်းက dive site ဆိုတဲ့ရေအောက်က ပန်းခြံတွေကို လာရှုစားကြပါတယ်။ ရေအောက်ပန်းခြံ သတ်မှတ်ပုံ သတ်မှတ်နည်း၊ ရေအောက်က သန္တာကျောက်တန်းတွေဟာ ကမ္ဘာကြီးအတွက် အောက်ဆီဂျင် ၈၀ % ထုတ်ပေးတဲ့အကြောင်းနဲ့ ကမ္ဘာမှာ ဒါတွေ မပျက်စီးအောင်ထိန်းသိမ်းသလို မြန်မာနိုင်ငံမှာလည်း ထိန်းသိမ်းသင့်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည် ၁၀၀ ကျော်ဟာ နေရပ်ပြန်လိုတာကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံးက တဆင့် လျှောက်ထားခဲ့ရာမှာ မနက်ဖြန်ကစတင်ပြီး မြဝတီနယ်စပ်ဂိတ်ကနေတဆင့် ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာမှာဖြစ်ပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီး ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ KRC ဥက္ကဌ ရောဘတ်ထွေး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော်မောင်မေတ္တာနဲ့ အဖွဲ့သားတွေ စီစဉ်တင်ဆက်တဲ့ " အကျိုးမျှော် နှိုးဆော်ပါရစေ " အသံ လွှင့်ဇာတ်လမ်း အစီအစဉ် ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ "အုန်းမှုတ်အောက်က ဖား" အစီအစဉ်ကို နားဆင်ရမှာပါ။
ပြင်ပဆောင်းပါးရှင် ကိုစံနီဦးရဲ့ "အလွဲအမှားများနဲ့ တိုးမိတိုက်မိ " အစီအစဉ် ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လယ်ယာကဏ္ဍအတွက် အရေးကြီးတဲ့ သက်ရှိအရင်းအမြစ်တွေဖြစ်တဲ့ ကျွဲနွားတွေကိုပြည်တွင်းမှာသာ ထိန်းသိမ်းမွေးမြူထားသင့်ပြီး ပိုလျှံမှသာ အကောင်ရေအကန့်အသတ်နဲ့ နိုင်ငံခြားကို တင်ပို့ရောင်းချခွင့်ပြုသင့်ကြောင်း ဆောင်းပါးရှင် တင်ပြထားတာနားဆင်နိုင်ပါတယ်။
ပြင်ပဆောင်းပါးရှင် ကိုအောင်နိုင်ကျော် ရေးသားတင်ပြတဲ့ " လူမှုစီးပွားနဲ့ လယ်ယာကဏ္ဍ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ ဆန်စပါးကဏ္ဍ တိုးတက်ဖို့အတွက် ပြည်ပတင်ပို့တာလည်း မထိခိုက်စေ၊ ပြည်တွင်းဈေးကွက်မှာလည်း ဈေးတွေထိုးတက်တာမဖြစ်ဖို့ ပြည်တွင်းစားသုံးမှု၊ ပိုလျှံမှုနဲ့ ပြည်ပတင်ပို့မှု ပမာဏအချိုးအစားမျှတအောင် လုပ်ဖို့လိုအပ်ကြောင်း ဆောင်းပါးရှင် တင်ပြတာ နားဆင်နိုင်ပါတယ်။
ကိုမင်းကိုနိုင်ရဲ့ " ပျိုးခင်းဘေးက တေးသံကဏ္ဍ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ လူငယ်တွေကျောင်းပြီးတဲ့အခါမှာ သင်တန်းတွေဆက်တက်တာပဲဖြစ်ဖြစ် အလုပ်ခွင်ထဲကိုတန်းဝင်တာပဲဖြစ်ဖြစ် နှစ်သက်ရာကိုလုပ်နိုင်ပေမယ့် ပျော်ရွင်ဖို့နဲ့ အောင်လက်မှတ်ရဖို့သက်သက် သင်တန်းတွေတက်တာမျိုး မလုပ်သင့်ကြောင်းနဲ့ လက်တလော မိဘတွေကြွားလို့မကောင်းတဲ့အလုပ်ဖြစ်နေပါစေ တစ်ချိန်မှာရရှိလာမယ့်ရင့်ကျတ်မှုကို ဘာနဲ့မလဲနိုင်တဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းဒေသ ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာထဲက ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက် မနေ့က ပြိုကျခဲ့ပါတယ်။ မြေပြိုတဲ့အထဲ ပါသွားသူတွေကို ရှာဖွေနေရာကနေ ရာသီဥတုဆိုးဝါးလာတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်နားလိုက်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။ ဦးတင့်စိုးကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။ ဓါတ်ပုံ - မှော်မင်းသား - ဖေ့စ်ဘွတ်
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်မှာ မြေပြိုလို့ မကြာခဏ လူပေါင်းများစွာ သေဆုံးနေတာတွေ၊ နှစ်ရှည်ထိမ်းသိမ်းထားရမယ့် တန်ဖိုးကြီးတဲ့ကျောက်တွေကို ရေတိုအတွင်း အထိန်းအကွပ်မဲ့ ထုတ်လုပ်နေတာတွေကို ဘယ်လိုထိန်းချုပ်ကိုင်တွယ်မလဲဆိုတာ မြန်မာနိုင်ငံမှာ ဖြေရှင်းရမယ့်ပြဿနာကြီးတရပ် ဖြစ်နေပါတယ်။ ကျောက်စိမ်းကို တရုတ်လူမျိုးတွေ အထွတ်အမြတ်ထား သုံးစွဲကြတာပါ။ ဒါ့အပြင် ကျောက်စိမ်းဆိုတာ သီးနှံလို စိုက်ပျိုးလိုက် ရိတ်သိမ်းရောင်းချလိုက်ဆိုတာမျိုး လုပ်လို့ရတဲ့ ထုတ်ကုန်မဟုတ်ပဲ သဘာဝ သယံဇာတဖြစ်နေတဲ့အတွက် နောင်လာနောက်သား သားစဉ်မြေးဆက်အထိ ရေရှည်စားသုံးနိုင်အောင် ထိန်းထိန်းသိမ်းသိမ်း ထုတ်လုပ်ရောင်းချစေချင်နေကြတဲ့သူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ကျောက်စိမ်းကို ရေရှည်ထိန်းသိမ်းထုတ်လုပ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ၊ အသက်အန္တရာယ်တွေ ကြုံနေရတာကိုရော ဘယ်လိုကာကွယ်ကြမလဲဆိုတာ အစိုးရအနေနဲ့ ဥပဒေသစ်တခု ပြဌာန်းပြီး၊ အဲဒီဥပဒေအတိုင်း လုပ်ကိုင်ဆောင်ရွက်အောင်ကြိုးစားနေတယ်လို့ ဒီအကြောင်းနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေကို ကယ်ထုတ်နိုင်ရေးမှာ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ကြန့်ကြာအောင်လုပ်တာကို လက်မခံနိုင်ဘူးဆိုတဲ့ အမြင်နဲ့ထောက်ပြချက်တွေ ရှိနေပါတယ်။ ကချင်စစ်ဘေးရှောင် ဒုက္ခသည်တွေ ဘေးလွတ်ရာ ကယ်ထုတ်နိုင်ရေးအပေါ် CSOs လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို မသင်းသီရိ ဆက်ပြောပြမှာပါ။
‘ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့’ ကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးလိုက်ပြီး ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအတွက် နိုင်ငံရဲ့ အရေးပေါ်ရန်ပုံငွေထဲကနေ ကျပ်သန်း ၆,၄ဝဝ ကျော်ဖိုးအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအသင်းဖွဲ့စည်းပြီး အဲဒီလောက်ငွေပမာဏသုံးစွဲခဲ့တာဟာ ဆိုရှယ်မီဒီယာ၊ အထူးသဖြင့် ဖေ့စ်ဘွတ်သုံးစွဲသူတွေအတွက် တကယ်အကျိုးရှိပါသလား။ မခက်မာ ဆက်လက်တင်ပြပေးပါ့မယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မန်လွယ်ရွာက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကယ်တင်ကြမယ့်အဖွဲ့တွေကို မြောက်ပိုင်းတိုင်းတိုင်းမှူးရဲ့ အမိန့်အရ ဒုက္ခသည်တွေကို ခေါ်ဆောင်ခွင့်မပြုဘူးဆိုတဲ့အတွက် ကာမိုင်းမြို့အရောက်မှာ ပြန်လည်ညှိနှိုင်းနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ထဲမှာပါတဲ့ မြစ်ကြီးနားမြို့ KBC အသင်းတာဝန်ခံ ဆရာခါးလီ ကပြောပါတယ်။
ကာမိုင်းမြို့ကို ဒီကနေ့ညနေပိုင်းမှာ ရောက်ရှိနေတဲ့ ဆရာခါးလီ ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
တပ်မတော်နဲ့ KIA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာကနေ ထွက်ပြေးပြီး တောထဲမှာ ပုန်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး ကယ်ထုတ်ဖို့စီစဉ်နေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကချင်ဘာသာရေးအဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေနဲ့ မနေ့က တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
တောတောင်တွေထဲကို ထွက်ပြေးနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို တပ်မတော်က အောင်လော့ဒ်ကျေးရွာမှာ ပြန်လာနေလို့ရပြီဖြစ်တယ်လို့ ပြောကြားထားပေမယ့် ဒီနေ့အထိ ပြန်လာနေတဲ့ သူမရှိသေးဘူးလို့ ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီအဖွဲ့ဝင် ဒေါ်ဆွတ်ဆိုင်းထွယ် ကပြောပါတယ်။
ဒေါ်ဆွတ်ဆိုင်းထွယ် ကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျောက်စိမ်းဒေသ ဆိပ်မူကျေးရွာ ဝှေခါရွာမှာ ဒီနေ့မနက်အစောပိုင်းက မြေစာပုံပြိုကျခဲ့တဲ့အတွက် လက်ရှိအချိန်အထိ သေဆုံးသူ ၁၃ ဦးရဲ့ ရုပ်အလောင်းကို ရှာတွေ့တယ်လို့ ဆိပ်မူကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ က ပြောပါတယ်။
ဆိပ်မူကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးရွှေသိန်း ကို RFA သတင်းထောက် မဇာဏီထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်မှာ အစိုးရ တပ်မတော်နဲ့ KIA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး ဒီကနေ့ သွားရောက် ကယ်ဆယ်ကြမှာဖြစ်ပါတယ်။
မနေ့ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီးနောက်မှာ ဒီကနေ့ သွားရောက်ကယ်ဆယ်ကြမှာလို့ ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်နန်ပူ ကပြောပါတယ်။
ဒေါ်နန်ပူ ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
၂၀၁၃ ခုနှစ်ကတည်းက ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေအရ ၂၀၁၈ မေလ ၂ ရက်နေ့ထိ တရားစွဲဆိုတဲ့အမှုပေါင်း ၁၂၅ မှုရှိတယ်လို့ အသံ ဆိုတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့က မှတ်တမ်းပြုစုထားပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အသံ အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ကဗျာဆရာမောင်ဆောင်းခကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။ အဖွဲ့က မှတ်တမ်းပြုစုထားပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အသံ အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ကဗျာဆရာမောင်ဆောင်းခ ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင် တိုးတက်လာဖို့အတွက် ပြုပြင်ပြောင်းလဲရေးတွေလုပ်တဲ့အခါ ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှုတွေ ရှိဖို့လိုမယ်လို့ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေထောက်ကူပြုသူများအဖွဲ့ဥက္ကဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ထောက်ပြလိုက်ပါတယ်။ ရှေ့နေ ဦးကြီးမြင့်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
အခုတစ်ပတ်မှာတော့ ကုန်ထုတ်လုပ်မှုဈေးကွက်နဲ့ ပတ်သက်လို့ ပြင်ပဆောင်းပါးရှင် ဦးအောင်မိုးဝင်းက ဆွေးနွေးတင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက် မြန်မာနိုင်ငံရဲ့ သတင်းစာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ အမြင်တွေကို RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို နိုင်ငံတကာက စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေကို အကဲဖြတ်ဖို့ရည်ရွယ်ချက်နဲ့ ကမ္ဘာတဝှမ်းမှာ ကျင်းပနေကြချိန်မှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ကတော့ မျှော်လင့်ထားတာနဲ့ ပြောင်းပြန်ဖြစ်သွားတယ်လို့ စာနယ်ဇင်းလောကသားတွေက သုံးသပ်ပြောဆိုကြပါတယ်။ မခက်မာ စုစည်းတင်ပြထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို အမြန်ဆုံးကယ်ထုတ်ခွင့်ရဖို့အတွက် ဆန္ဒပြတောင်းဆိုနေသူတွေဟာ ဒီကနေ့ညနေပိုင်းမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ပိတ်မိပြည်သူများလွှတ်ပေးရေးကော်မတီက ဒေါ်ဆွတ်ဆိုင်းထွယ်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကစပြီး လောင်ကျွမ်းခဲ့တဲ့ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က ထိန်ပင်အမှိုက်ပုံမီးကို မနေ့က အပြီးသတ်မီးငြှိမ်းသတ်နိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီမီးလောင်ကျွမ်းမှုဟာ ၁၂ ရက်ကြာခဲ့တဲ့အတွက် ရန်ကုန်တိုင်းမှာ အကြာဆုံးလောင်ကျွမ်းတဲ့ မီးလောင်မှုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။ Photo: MOI Webportal Myanmar - facebook
ဒီကနေ့ မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက်ဟာ ပြီးခဲ့တဲ့နှစ်တွေနဲ့ နှိုင်းစာလိုက်ရင် ကမ္ဘာ့အဆင့်မှာ ကျဆင်းသွားခဲ့ရပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကျဆင်းသွားတာနဲ့ပတ်သက်ပြီး အရင်က ရိုက်တာသတင်းဌာနမှာ နှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့သလို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကို RFA သတင်းထောက် ကိုထက်အာကာ က ဆက်သွယ်မေးမြန်းထားပါတယ်။
ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရတဲ့သက်သေအဖြစ် တရားလိုဘက်က လျှောက်လဲချက်ကို ပယ်ချလိုက်တဲ့ တရားရုံးရဲ့ဒီကနေ့ဆုံးဖြတ်ချက်ကို မြန်မာရှေ့နေတွေ၊ ရိုက်တာစ်သတင်းဌာနဘက်ကရှေ့နေတွေ၊ နိုင်ငံတကာရှေ့နေတွေနဲ့ ဒီကနေ့တရားခွင်ကို လာရောက်နားထောင်သူတွေအားလုံးက အသိအမှတ်ပြုလေးစားကြပြီး တရားစီရင်ရေးစနစ်အတွက် အလင်းတန်းတခုအဖြစ် သုံးသပ်တယ်လို့ သတင်း ထောက်နှစ်ယောက်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ ဦးခင်မောင်ဇော်ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့တွေရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီး သုံးသပ်ချက်တွေနဲ့ တိုက်တွန်းချက်တွေဟာ လက်တွေ့မကျတဲ့ အချက်တွေရှိနေတယ်ဆိုတဲ့ အမြင်တွေရှိသလို အပြုသဘောဆောင်တဲ့ ထောက်ပြချက်တွေဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။ ဒီလို မတူတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို မသင်းသီရိ ဆက်ပြောပြမှာပါ။
မြန်မာနိုင်ငံမှာ အဆိုးရွားဆုံးနဲ့ လူအသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ နာဂစ်လေမုန်တိုင်းကြီး တိုက်ခတ်ခံခဲ့ရတာ ၁၀ နှစ်တင်းတင်းပြည့်လာခဲ့ပါပြီ။ မုန်တိုင်းဒဏ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေကတော့ အဲဒီတုန်းက အဖြစ်အပျက်တွေကို ခုထိခံစားနေရဆဲဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ခံခဲ့ရသူတချို့ရဲ့ အတွေ့အကြုံတွေကို RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားပါတယ်။
ဒီတပတ်မှာတော့ ၈၈ အရေးအခင်း သမိုင်းအထောက်အထား ၀တ္တုဟန်မှတ်တမ်းစာအကြောင်း ပြင်ပကလောင်ရှင် မေစာက တင်ပြထားပါတယ်။
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်တ၀ိုက်မှာ တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသဘက် ထွက်ပြေးလာသူတွေထဲက တစ်ထောင်ကျော်ကို တန်ဖရဲ ကောင်းကင်ဘုံသခင်မ ကက်သလစ်ဘုရားကျောင်းမှာ နေရာချထားပေးပါတယ်။ အဲဒီဒုက္ခသည်တွေနဲ့ တိုက်ပွဲတွေကြားထဲ ပိတ်မိနေသူတွေကို အကူအညီပေးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ကောင်းကင်ဘုံသခင်မ ကက်သလစ်ဘုရားကျောင်းရဲ့ ကျောင်းထိုင် ဖာသာရ်စတီဖင်ဆွပ်မာဆွတ်အောင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
(တိုက်ပွဲတွေကြောင့် ထွက်ပြေးနေတဲ့ ဒေသခံတွေကို ကက်သလစ် ဘုရားကျောင်းမှာ နေရာစီစဉ်ပေးဖို့ ခေါ်ဆောင်လာစဉ်)
Photo: KBC Kachin
လွန်ခဲ့တဲ့ ၁၀ နှစ်က နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဟာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့လို့ လူပေါင်း တစ်သိန်းလေးသောင်းကျော် သေကြေခဲ့ကာ မိသားစုလိုက် ပျောက်ဆုံးကုန်တာ၊ နေအိမ်အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးခဲ့တဲ့ သမိုင်းဖြစ်ရပ်ဆိုးကြီး ရှိခဲ့ပါတယ်။ ဆယ်စုနှစ်တာကာလအတွင်း အခုလို အဖြစ်ဆိုးမျိုးတွေ ပြန်မဖြစ်အောင် ဘာတွေ ပြင်ဆင်လုပ်ဆောင်ခဲ့ပြီးပြီလဲဆိုတာ ပညာရှင်တွေရဲ့သဘောထားတွေကို RFA သတင်းထောက် ကိုကျော်သူက စုစည်းတင်ပြထားပါတယ်။
Photo: AFP
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတွေဟာ SSPP ဌာနချုပ်ဖြစ်တဲ့ ဝမ်ဟိုင်းမှာ မနေ့ကနေ ဒီနေ့အထိ နှစ်ရက်ကြာတွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ် စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲအဆင်ပြေတဲ့အတွက် လက်မှတ်ရေးထိုးနိုင်ဖို့ အလားအလာကောင်းတယ်လို့ တွေ့ဆုံပွဲ ဖြစ်မြောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း က ပြောပါတယ်။ ဦးစိုင်းအိုက်ပေါင်းကို RFA သတင်းထောက် မဝေမာထွန်း ကဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ အရပ်သားများ ထွက်ပြေးနေကြရတဲ့အပေါ်မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက စိုးရိမ်မိတယ်လို့ ထုတ်ဖေါ်ပြောဆိုပါတယ်။ လက်ရှိမှာတိုက်ပွဲတွေကြောင့် ပိတ်မိသူတွေရှိနေသလို ၂၀၁၁ခုနှစ်ကထဲက ထွက်ပြေးလာသူတွေနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေအတွက် ရိက္ခာတွေလည်း အသွားအလာအပိတ်ခံနေရပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။
ရိုဟင်ဂျာအရေးလေ့လာဖို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ သူတို့တွေ့ရှိခဲ့တာနဲ့ပတ်သက်လို့ နေပြည်တော်မှာ ဒီနေ့ညနေ ၆ နာရီလောက်ကစပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။
အဲဒီမှာ လုံခြုံရေးကောင်စီဥက္ကဌဟောင်း ပီရူးနိုင်ငံသံအမတ်ကြီးက -“ ဒုက္ခသည်တွေပြန်တဲ့အခါ သူတို့လုံခြုံရေးအာမခံရှိဖို့၊ ပြီးတော့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့နဲ့ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရတဲ့ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖေါ်ထုတ်ဖို့ကိစ္စတွေဟာ အရေးကြီးတဲ့အတွက်ဒီကိစတွေကို ကျနော်တို့ဆွေးနွေးခဲ့ပါတယ်” လို့ပြောပါတယ်။
ကူဝိတ်ကိုယ်စားလှယ်ကလဲ - “ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ပဋိဉာဉ် စာတမ်းကိုလိုက်နာရမှာဖြစ်သလို၊ ဒုက္ခသည်ပြန်ပို့ရေးဟာ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကိုက်ညီ ရပါ့မယ်လို့ ပြောပါတယ်။ ပြီးတော့ ဒီလိုပြန်ပို့တဲ့အလုပ်တွေမှာလဲ ကုလသမဂ္ဂအဖွဲ့တွေ ပါဝင်ရမှာဖြစ်ပါတယ်လို့ ပြောပါတယ်။
အမြဲတမ်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံ ကိုယ်စားလှယ်က - လုံခြုံရေးကောင်စီအနေနဲ့ ဒီပြဿနာနဲ့ပတ်သက်လို့ ရှောင်ထွက်သွားမှာမဟုတ်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ် တွေကိုတော့ သူတို့အနေနဲ့ မစီစဉ်ရသေးပါဘူးလို့လည်းပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ကောက်နှုတ်တင်ပြထားပါတယ်။
ဒီကနေ့ ကျရောက်တဲ့ မေဒေးလို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ ဘ၀တိုးတက်လာဖို့ တောင်းဆိုကြပါတယ်။ အလုပ်သမားဥပဒေပြဌာန်းချက် အားနည်းချက်တွေနဲအတူ လုပ်ခလစာနဲ့ လုပ်ငန်းခွင်တွေတွင်း ကြုံနေရတဲ့ အကြောင်း အလုပ်သမားတွေပြောပြထားတာကိုတော့ မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
RFA ရေဒီယိုပရိသတ် ပြောချင်တာတွေ၊ သိချင်တာတွေ၊ သိသင့်တာတွေကို တိတိကျကျ တင်ပြတတ်တဲ့ သတင်းစာဆရာဟောင်း ဦးစိန်ကျော်လှိုင်ဟာ သူ့ဇာတိ တောင်သာမြို့နယ် ၀ဲလောင်ရွာသစ်မှာ ကွယ်လွန်သွားပါတယ်။ RFA မှာ တာဝန်ထမ်းဆောင်ချိန်က ဦးစိန်ကျော်လှိုင် သတင်းတင်ပြပုံနဲ့ သူနဲ့ အင်တာဗျူးခဲ့ဖူးသူတွေရဲ့ အမှတ်တရ စကားတချို့ကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
အခုတစ်ပတ်မှာ မြန်မာနိုင်ငံ တရားစီရင်ရေးရဲ့ မှတ်ကျောက်ဖြစ်လာမယ့် ရိုက်တာ သတင်းထောက်နှစ်ဦးအမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးထားပါတယ်။ ဦးတင်အောင်ခိုင်က ဖတ်ကြားထားပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့ ဒီကနေ့ညနေပိုင်းမှာ တွေ့ဆုံခဲ့ပြီး အမုန်းစကားပြန့်ပွားမှုတွေရှိနေတဲ့ အခြေအနေနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းနှစ်ခုအကြား သင့်မြတ်စွာနေထိုင်နိုင်ရေးအပေါ် သဘောထားတွေကို မေးမြန်းခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ဒီနေ့မနက်ပိုင်းမှာ မောင်တောမှာရှိတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးစခန်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။
တွေ့ဆုံရာမှာပါဝင်ခဲ့တဲ့ ရခိုင်အမျိုးသမီးများကွန်ရက် ပြည်နယ်ဥက္ကဌ ဒေါ်ညိုအေး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ မနေ့ညက နေပြည်တော်မှာ အရပ်ဖက်အဖွဲ့တွေ လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားကြတဲ့ မွတ်စလင်ဒုက္ခသည်အရေးကိစ္စကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကိုဖီအာနန်ကော်မရှင်မှာ အဖွဲ့ဝင် ဦးအေးလွင်က မိုးရာသီမှာ ဒုက္ခသည်တွေ အခက်အခဲတွေကြုံမှာဖြစ်တဲ့အတွက် ပြည်တွင်းပြန်နိုင်ရေး မြန်မာအစိုးရဘက်က ဖြေလျော့ပေးဖို့နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဒုက္ခသည်တွေအတွက် ခိုင်ခံ့တဲ့နေရာထိုင်ခင်းတွေ စီစဉ်ပေးဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။
ဦးအေးလွင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
နိုင်ငံတချို့မှာ အမှိုက်ကနေ စွမ်းအင်ထုတ်လုပ်နိုင်၊ အမှိုက်ကို ပြန်သုံးနိုင်၊ မြေဆွေး ထုတ်လုပ်နိုင် စတာတွေဟာ အမှိုက်တွေကို စည်းကမ်းတကျ ခွဲခြားပစ်တတ်တဲ့အလေ့ရှိလို့ အောင်မြင်တာပဲ ဖြစ်ပါတယ်။ လူထုက စည်းကမ်းတကျ အမှိုက်ပစ်တတ်ဖို့အပြင် သက်ဆိုင်ရာဌာနတွေကလည်း စနစ်တကျ စီမံခန့်ခွဲတတ်ဖို့လိုတာကို ထိန်ပင်အမှိုက်ပုံက သင်ခန်းစာပေးလိုက်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
ကချင်ပြည်နယ်ထဲမှာ အရှိန်မြင့်လာနေတဲ့ တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တချို့က သုံးသပ်ကြပါတယ်၊ မသင်းသီရိ ဆက်ပြောပြမှာပါ။
“ဒီကြားထဲ ခေတ်ဟောင်းအလွမ်းသမားတသိုက်ကရှိသေး၊ ဒီ ရဲကြီးဂလိုလုပ်တာ ဘယ်က ဒေါ်လာရထားလို့တုန်း” တဲ့။ အသေးစိတ်ကို ဆက်လက်နားဆင်နိုင်ကြပါတယ်။
မြစ်ဆုံကျေးရွာအုပ်စု ဂွေထောင်ကျေးရွာမှာ ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည် ၈ဝဝ ခန့်ကို မနေ့ညက မြစ်ကြီးနားမြို့ပေါ်ကို ခေါ်ဆောင်လာနိုင်ခဲ့ပြီး တခြားနေရာတွေမှာ ပိတ်မိနေသူတွေ ရှိနေသေးတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဒေါက်တာဆမ်ဆွန် က ပြောပါတယ်။ ဒေါက်တာဆမ်ဆွန် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။ Photo: KBC KACHIN - facebook
မြန်မာတွေအသိနည်းသေးတဲ့ dive site ဆိုတဲ့ ရေအောက်ပန်းခြံကို မှတ်တမ်းဓာတ်ပုံနဲ့ ဗွီဒီယိုရိုက်ကူးသူတဦးရဲ့ မျက်မြင်ကိုယ်တွေ့နဲ့ ငပလီကမ်းခြေကို ပြည်တွင်းခရီးသွားတွေ အရောက်များလာတာနဲ့ အမျှ အမှိုက်သရိုက် ပိုများလာတဲ့အကြောင်းတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ အစိုးရတပ်မတော်တို့ရဲ့ တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် "ပိတ်မိ ပြည်သူများ လွှတ်ပေးရေးကော်မတီ" က ဦးဆောင်ပြီး မနက်ဖြန်မှာ ဆန္ဒပြတောင်းဆိုသွားမှာ ဖြစ်သလို နှစ်ပတ်ကြာ သပိတ်စခန်းဖွင့်သွားမှာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး "ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီ" က ဒေါ်နန်ပူ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
(တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ တနိုင်းမြို့နယ်က ရွာသားတွေကို တွေ့ရစဉ်)
Photo: Hkun Awng Nlam Facebook
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံဒေသက တန်ဖရဲရွာမှာရောက်နေတဲ့ အင်ဂျန်းယန်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို မနေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့သလို ဗျူဟာမှူးက လာရောက်တွေ့ဆုံခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
အင်ဂျန်းယန်မြို့နယ် ဇွတ်မိုင်ရွာကနေ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တစ်ဦးကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
(အင်ဂျန်းယန်မြို့နယ်တဝိုက်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကို ၂၀၁၈ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်) Photo: Ja Seng Hkawn Maran - facebook
ပြင်ပဆောင်းပါးရှင် မခင်မျိုးသွယ်ရဲ့ " မြန်မာ့လယ်ယာကဏ္ဍ"အစီအစဉ်ဖြစ်ပါတယ်။အခုတစ်ပတ်မှာသိမ်းဆည်းလယ်ယာမြေပြဿနာတွေဖြေရှင်းနိုင်ဖို့အတွက်မြေသိမ်းရာမှာပါဝင်နေသူတွေကိုထပ်တလဲလဲကော်မတီတွေမှာပါဝင်ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင်ရေစုန်မျှောနိုင်တဲ့လုပ်ငန်းစဉ်လိုဖြစ်သွားနိုင်တာကြောင့်ပြန်လည်သုံးသပ်ဖို့လိုတဲ့အကြောင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။။
ပြင်ပဆောင်းပါးရှင် ကိုစံနီဦးရဲ့ "အလွဲအမှားများနဲ့ တိုးမိတိုက်မိ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ နိုင်ငံခြားသားတွေကို ဦးစားပေးလေးစားလွန်းအားကြီးတာတွေ နိုင်ငံခြားသားဆိုရင် အဆင့်အတန်းမြင့်တယ်လို့ထင်နေတာ ကိုယ့်နိုင်ငံသူ နိုင်ငံသားထက် နိုင်ငံခြားသားကို အထင်ကြီးတဲ့ စိတ်တွေလျှော့ကြဖို့နဲ့ အတုယူစရာရှိတာကိုသာ လေးစားအတုယူကြပါလို့ တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်ရဲ့ " ပျိုးခင်းဘေးက တေးသံကဏ္ဍ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ လူငယ်တွေအနေနဲ့ ကိုယ့်လုပ်ရပ်တွေဟာ ကျောင်းထဲ၊ အရပ်ထဲကနေ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့အလုပ်တွေမှာပါ သက်ရောက်မှုရှိတာဖြစ်လို့ ဘယ်ကိစ္စမဆိုပရော်ဖက်ရှင်နယ်ဆန်ဆန်စဉ်းစားပြီးလုပ်ရင်တော့ ပရောဖက်ရှင်နယ်နဲ့ဆိုင်တဲ့ရလဒ်ကိုရမှာဖြစ်ပြီးအပျော်တမ်းဆန်တဲ့စဉ်းစားပုံနဲ့ဆိုရင်တော့ အပျော်တမ်းဆန်တဲ့ရလဒ်ပဲရမယ်ဆိုတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မေလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပမယ့် ရခိုင်လူငယ်ညီလာခံကို ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တွေအားလုံးကို ဖိတ်ခေါ်ဖို့ဆန္ဒရှိကြပေမယ့် လုံခြုံရေးပြဿနာတွေကြောင့် ကမန်နဲ့ မာရမာကြီး တိုင်းရင်းသားတွေ ညီလာခံကို ကိုယ်တိုင်တက်ရောက်လို့ မရနိုင်တဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့နေရပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။ Photo: Arakan Youth Conference, သတင်းထုတ်ပြန်ရေး နှင့်ပြန်ကြားရေး- facebook
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်း တပ်မတော်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့ကို ဒီနေ့အထိ ထွက်ပြေးလာကြသူ ၁၅ဝဝ ကျော် ရှိနေပြီဖြစ်ပါတယ်။ အင်ဂျန်းယန်မြို့နယ် ဇွတ်မိုင်ရွာကနေ ထွက်ပြေးလာသူတစ်ဦးကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။မြန်မာနိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်စားစရာ ပြောကြားချက်တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
ကချင်ပြည်နယ်ထဲမှာ တပ်မတော်က KIA ကိုထိုးစစ်ဆင်နေတဲ့အတွက် စစ်ပွဲတွေဆက်ပြီးဖြစ်နေလိမ့်ဦးမယ်လို့ KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အမှန်တကယ်လိုနေတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်ချခိုင်းတာ၊ စစ်နဲ့အမြစ်ဖြတ်ချေမှုန်းတာတွေ ရှိနေမယ်ဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်လာမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။ ဗိုလ်မှူးကြီး နော်ဘူးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။ Photo: AFP
လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံမီးလောင်တဲ့အတွက် ဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေသူတွေရဲ့သွေးထဲမှာ ကာဗွန်မိုနောက်ဆိုဒ်ဓါတ် ပါဝင်မှုပမာဏများနေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကာဗွန်မိုနောက်ဆိုဒ် ပမာဏများများကို အချိန်ကြာကြာရှုမိသူဟာ အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သလို အဲဒါဟာ ဓါတ်ငွေ့ဖြစ်တဲ့အတွက် မျက်နှာဖုံးစွပ်ကိုလည်း ထိုးဖောက်ပြီး အသက်ရှုလမ်းကြောင်းထဲ ဝင်ရောက်နိုင်တာမို့ အဲဒီမီးခိုးငွေ့မရှိရာနေရာကို ရှောင်ရှားနေထိုင်ခြင်းဟာ အကောင်းဆုံးပါပဲလို့ နားနှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီး ဒေါက်တာဝင်းထွန်းက ပြောပါတယ်။ ဒေါက်တာဝင်းထွန်းကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နိုင်ငံတကာနဲ့ အခြေအနေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ပြဿနာအတွက် အကျိုးရှိမယ့် ခရီးစဉ်တစ်ခုဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။ မသင်းသီရိ ဆက်ပြောပြမှာပါ။
(၂ဝ၁၇ သြဂုတ်လ ၃ဝ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်စဉ်။)
(UN Photo/Manuel Elias)
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ နှစ်ရက်ကြာ ဆွေးနွေးပွဲပြီးစီးခဲ့ပေမယ့် လတ်တလော KNPP က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါဘူး။
KNPP ရဲ့ အတွင်းရေးမှူး( ၂) ခူးဒယ်နီယယ် ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ် မေးမြန်းထားပါတယ်။
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်တဝိုက်က KIA အဖွဲ့ တပ်ရင်း ၄ တပ်စွဲထားတဲ့ဒေသမှာ တပ်မတော်နဲ့ KIA တို့ ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အဲဒီအနီးနားဒေသ ရွာပေါင်း ၂၀ နီးပါးက ဒေသခံ တစ်ထောင်နီးပါးဟာ မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးလာကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေကို မြစ်ကြီးနားမြို့အထက်ဘက်မှာရှိတဲ့ မြစ်ဆုံအနီးက တန်ဖရဲရွာမှာ နှစ်ဖွဲ့ခွဲပြီး နေရာချထားပေးရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီက ပြောပါတယ်။
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာတူးဂျာကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ RSF က ထုတ်ပြန်တဲ့ ၂ဝ၁၈ ခုနှစ်အတွက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်စာရင်းမှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ မနှစ်ကထက် ပိုပြီးကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။ ဒီမိုကရေစီရေးဖော်ဆောင်နေတဲ့ အရပ်သားအစိုးရလက်ထက် သတင်းလွတ်လပ်ခွင့် ကျဆင်းသွားခဲ့တဲ့အပေါ် သတင်းစာနယ်ဇင်းသမားတွေရဲ့ အမြင်တွေကို RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ စိုးရိမ်စရာကောင်းတဲ့အထိ ကျဆင်းနေတယ်လို့ ပြင်သစ်နိုင်ငံ ပဲရစ်အခြေစိုက် RSF လို့ခေါ်တဲ့ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့က အာရှနဲ့ ဖိစိဖိတ်ရေးရာ တာဝန်ခံ Deniel Bastard ( ဒန်နီရယ် ဘာစတာ) က သုံးသပ်လိုက်ပါတယ်။ RSF အဖွဲ့ကြီးက ဘာကြောင့် အခုလို သုံးသပ်လိုက်တာပါလဲ?
Deniel Bastard ကို မသင်းသီရိ ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ဒီတပတ်မှာတော့ မြင်းခြံခရိုင် တလုတ်မြို့က လယ်မြေတွေပုံစံ (၇) ရဖို့ ငွေပေးနေရတဲ့အကြောင်းနဲ့ သပိတ်ကျင်းမြို့နယ် တွင်းငယ်က လျှပ်စစ်ဓါတ်အားပေးရုံးကိစ္စတွေ၊ နယ်စပ်ဒေသတွေက မူးယစ်ဆေးဝါးနဲ့ အကျင့်ပျက်ဝန်ထမ်းတွေအကြောင်း သောတရှင်တွေပြောပြတာကို RFA အဖွဲ့သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
ဒီတပတ်မှာတော့ ကမ္ဘာတလွှား ဘဏ်မဟုတ်တဲ့ ဘဏ်တွေအကြောင်း ဆောင်းပါးရှင် ဦးအောင်မိုးဝင်းက တင်ပြထားပါတယ်။
တပ်မတော်ရဲ့ထိုးစစ်ကြောင့် ဧရာဝတီမြစ်ဆုံတန်ဖဲရွာနားကို စစ်ပြေးဒုက္ခသည်ရာချီရောက် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်ထဲမှာ တပ်မတော်နှင့် KIA တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေရာနဲ့ချီထွက်ပြေးရပြီး ဧရာဝတီမြစ်ဆုံနားက တန်ဖဲရွာတဝိုက် ဘုရားကျောင်းတွေမှာခိုလှုံနေရ တယ်လို့ သိရပါတယ်။
ဇွပ်မိုင်ယန်ရွာမှာ တိုက်ပွဲဖြစ်ပြီး မြန်မာ့တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်တဲ့အတွက် ဒေသခံပြည်သူတွေက ကြောက်လန့်ပြီး ထွက်ပြေးလာကြတာလို့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ အတွင်းရေးမှူး ဦးတူးရော်က RFA ကိုပြောပါတယ်။
မနေ့ညနဲ့ဒီနေ့မနက်မှာ ဧရာဝတီမြစ်ကို ဖေါင်တွေနဲ့ကူးပြီး ထွက်ပြေးလာတဲ့သူ ၈၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ သူတို့စားသောက်နေထိုင်ရေးကို ခရစ်ယာန်ဘာသာရေးဂိုဏ်းပေါင်းစုံနဲ့ လူမှုရေး၊ နိုင်ငံရေးအဖွဲ့တချို့ ကူညီနေတယ်လို့သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီရဲ့ အတွင်းရေးမှူး ဦးတူးရော် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ယောက်နဲ့အတူ တရားရုံးမှာ သက်သေထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်တို့ကို စစ်ဆေးနေတဲ့အမှုကို အမှန်တရားအတိုင်း တရားမျှတမှုရှိစေဖို့ အရပ်ဖက်လူမှုအဖွဲ့တွေ စုပေါင်းပြီး နိုင်ငံတော်သမ္မ ဦးဝင်းမြင့်ထံကို ဒီကနေ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ အဲဒီအိတ်ဖွင့်ပေးစာထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပက်သက်ပြီး COMREG အဖွဲ့က ကိုသတိုးကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ဆက်သွယ်မေးမြန်းထားပါတယ်။
လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံမှာ မီးသတ်နေရတဲ့ မီးသတ်ရဲဘော်တွေ၊ တပ်မတော်သားတွေ၊ ရဲတပ်သားတွေ မီးခိုးမွှန်ရင် ကုသပေးဖို့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက လူနာတင်ယာဉ်တွေနဲ့ ကူညီပေးနေသလို ပရဟိတအဖွဲ့တွေက ရွှေ့ပြောင်းဆေးကုသယာဉ်တွေနဲ့ ကူညီပေးနေတဲ့သူတွေလည်း ရှိပါတယ်။ မီးငြှိမ်းသတ်နေရတဲ့သူတွေကို ပရဟိတအနေနဲ့ကူညီပေးနေတဲ့ ကိုထိန်ဝင်းနောင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ရဲ့ တရားဝင် ဆွေးနွေးပွဲ ဒီနေ့ ပထမနေ့မှာ အရင်က KNPP နဲ့ အစိုးရကြား သဘောတူထားတဲ့ ပြည်နယ်အဆင့်နဲ့ ဒေသအဆင့် ပူးတွဲစောင့်ကြည့်ရေးကိစ္စတွေခိုင်မာဖို့ကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။ KNPP အဖွဲ့က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုး ကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ Photo: KnIC - facebook
ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ၇ နှစ်ကြာစစ်ပွဲအတွင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အစိုးရတပ်မတော်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC တင်ဖို့ ကချင်အရပ်ဖက်အဖွဲ့အစည်း ၃၂ ခုက ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အဲဒီလို ထုတ်ပြန်ချက်ထုတ်တဲ့အဖွဲ့တွေထဲမှာ ပါဝင်တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာ ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။
ဒီတပတ်မှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်ရှိဖို့ တရားမျှတမှုကို လက်လှမ်းမီခြင်းဟာ ကနဦးလိုအပ်ချက်ဖြစ်ကြောင်းနဲ့ နိုင်ငံတော်နဲ့ ပြည်သူ ပိုမိုပူးပေါင်းဆောင်ရွက်လိုတဲ့ ကတိက၀တ်ကို အခုထက်ထင်သာမြင်သာရှိအောင် ဖော်ပြဖို့ ဆောင်းပါးရှင် ဒေါက်တာ ညိုညိုသင်း က တင်ပြထားပါတယ်။
(၅) ရက်နီးပါးခန့်ရှိနေပြီဖြစ်တဲ့ ထိန်ပင်အမှိုက်ပုံမီးကြောင့် လှိုင်သာယာအပါဝင် အနီးဝင်းကျင်က မြို့နယ်တွေမှာ မီးခိုးငွေ့တွေနဲ့ ဆိုးဝါးတဲ့ ညှော်နဲ့တွေကြောင့် ကျန်းမာရေး ထိခိုက်လာနေတဲ့အထိ ကြုံနေကြရပါတယ်။ အပြည့်အစုံကို မသင်းသီရိ တင်ပြထားပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ငြိမ်းချမ်းရေးကော်မရှင်နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ လွိုင်ကော်မြို့မှာ ၂ ရက်ကြာ တရားဝင်တွေ့ဆုံဆွေးနွေးကြမယ့်အကြောင်းနဲ့ ပတ်သက်လို့ KNPP ငြိမ်းချမ်းရေးကော်မရှင် ပြောခွင့်ရသူ နဲနယ်ပလိုး ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
Photo: Peace Commission - facebook
ရိုက်တာ သတင်းထောက် ၂ ဦးအမှုမှာ တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ရတဲ့ သက်သေအဖြစ် ကြေညာပေးဖို့ တရားရုံးကို အစိုးရရှေ့နေတွေက လျှောက်ထားတာနဲ့ပတ်သက်ပြီး တရားရုံးမှာ ဒီနေ့ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက် ပေးကြပါတယ်။
အမှုအခြေအနေကို ရိုက်တာ သတင်းထောက် ၂ ဦးရဲ့ ရှေ့နေ ဦးခင်မောင်ဇော် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
(တရားလိုသက်သေ ဒုရဲမှူး မိုးရန်နိုင် ကို အင်းစိန်မြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက်ေန့က တွေ့ရစဉ် )
လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်အင်အား ၃၀၀ လောက်နဲ့ ငြိမ်းသတ်နေရပြီး မီးသတ်သမားတချို့ကို အောက်ဆီဂျင်ပေးနေရတဲ့ အခြေအနေတွေ ရှိတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။
ဦးဝင်းနိုင် ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
အခုတစ်ပတ်မှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအခြေအနေအကြောင်း ဆွေးနွေးထားပါတယ်။
ဦးတင်အောင်ခိုင်က ဖတ်ကြားထားပါတယ်။
မွန်ပြည်နယ်မှာ ဒီနှစ်အတွင်း မြို့နယ် ၄ မြို့နယ်က ကျေးရွာ ၄၀ကျော် ရေရှားပါးမှုနဲ့ ကြုံတွေ့နိုင်ပြီး အဲဒီမြို့နယ်တွေထဲမှာ ရေရှားပါးမှုအန္တရာယ်အများဆုံးကတော့ ပေါင်မြို့နယ်ဖြစ်ပါတယ်။ ရေအခက်အခဲရှိသူတွေအနေနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနရုံးကို ဖုန်းဆက်အကူအညီ တောင်းခံနိုင်ပြီး ရေရှည်စီမံကိန်းအနေနဲ့တော့ ကျေးရွာတွေမှာ မိုးရေလှောင်ကန်ကြီးတွေ တည်ဆောက်ပြီး ရေတွေကို သိုလှောင်သွားမယ်လို့ ပေါင်မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်က ပြောပါတယ်။
ဦးကျော်ကျော်လတ်ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။
(ကျေးရွာတစ်ရွာမှာ ဒေသခံတွေကို ရေများဖြန့်ဝေပေးနေစဉ်)
ရခိုင်ပြည်နယ်အတွင်းက NVC နိုင်ငံသားစိစစ်ရေး သက်သေခံကတ် ကိုင်ဆောင်ထားသူတွေကို နိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုမယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ဒီအစီအစဉ်ကြောင့် နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ထိခိုက်မှုတွေရှိလာမှာကို စိုးရိမ်ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်တွေက ပြောပါတယ်။
RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ရခိုင်ပြည်နယ်ထဲက NVC (National Verification Card) သက်သေခံကတ်ပြား ကိုင်ဆောင်ထားသူတွေကို နိုင်ငံတွင်း လွတ်လပ်စွာသွားလာခွင့်ပြုလိုက်တာ၊ နိုင်ငံသားဖြစ်ခွင့်ပြုမယ်ဆိုတာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်နဲ့ ကိုက်ညီတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
ဒေါက်တာမျိုးညွန့် ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံ တစ်ထောင်လောက်ဟာ နမ္မတီးကခရစ်ယာန်ဘုရားကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။
ထွက်ပြေးခိုလှုံနေကြသူတွေကို ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဆောင်ပြီး ဆန်၊ အရေးပေါ်ရိက္ခာ နဲ့ အခြေခံသုံးပစ္စည်းတွေကို ဒီကနေ့ လှူဒါန်းခဲ့ကြပါတယ်။
ကူညီကယ်ဆယ်ရေးမှာ လိုက်ပါခဲ့တဲ့ နမ္မတီးမြို့မိမြို့ဖ ဦးဝင်းဘို ကို RFA သတင်းထောက် ကိုကျော်မျိုမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။
သားယောက်ျားလေးပဲလိုလားတာမို့ မြန်မာ့အိမ်နီးချင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံမှာ အမျိုးသားဦးရေ များပြီး ဇနီး ရှာရခက်တာတွေဟာ မြန်မာအမျိုးသမီးတွေကို ဂယက်လာရိုက်ခတ်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ၁၆ (ခ)နဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင်ဟာ အပြစ်မရှိဘဲ မတရားဖမ်းဆီးခံရတာဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်တူးတူးက ပြောပါတယ်။ ဒုရဲမှုးဖမ်းဆီးခံရတဲ့ အခြေအနေ အပါအဝင် လက်ရှိမိသားစု ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဒေါ်တူးတူး ကို RFA အဖွဲ့သူ မခင်ခင်အိ က ဆက်သွယ်မေးမြန်းထားပါတယ်။
နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ရဲ့ အမှုနဲ့ ပတ်သက်လို့ ဘယ်သူကိုမှ ကာကွယ်မနေပဲ အမှန်တရားကို အခြေခံဆုံးဖြတ်ဖို့ လိုအပ်နေပြီး၊ ဒါမှသာ မြန်မာနိုင်ငံ တရားစီရင်ရေး ဂုဏ်သိက္ခာရှိမှာဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို မသင်းသီရိ တင်ပြထားပါတယ်။
“ဘော်ဒါကြီးခမျာ ဝန်ကြီးကတော်ကို သနားပြီး လိုက်ငိုရတော့မလား၊ အဟောင်းတွေကိုဇောကပ်ပြီး အတောမသတ်အောင် အမောဇာတ်ခင်းနေရကောင်းလားလို့ အော်ပြီး ဟားလိုက်ရယ်လိုက်ရတော့မလား၊ ဘာလုပ်ရမှန်းကို မသိတော့ဘူး” တဲ့။ အသေးစိတ်ကို ဆက်လက်နားဆင်နိုင်ကြပါတယ်။
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း ကေအိုင်အေ နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ထွက်ပြေးနေရတဲ့ ဒုက္ခသည် နှစ်ထောင်နီးပါးကို ကယ်ထုတ်နိုင်ရေးအတွက် အစိုးရတပ်မတော်နဲ့ ကချင်ခရစ်ယာန်ဂိုဏ်းပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ညှိနှိုင်းမှု မအောင်မြင်ဘူးလို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။ ဒေါက်တာ ဆမ်ဆွန်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
Photo: Hkun Awng Nlam - Facebook
လှိုင်သာယာမြို့နယ်က ဧရိယာစတုရန်းဧက ၃ဝဝ ခန့်ရှိတဲ့ ထိန်ပင်အမှိုက်ပုံဟာ ဧပြီ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက စပြီးလောင်နေတဲ့ မီးကို မီးသတ်ယာဉ် ၁၂ စီး၊ ရေသည်ယာဉ် ၄ စီးနဲ့ ငြှိမ်းသတ်နေပြီး အခုချိန်မှာတော့ ထိန်းချုပ်နိုင်တဲ့ အခြေအနေရှိပြီလို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။ ဦးမြတ်မင်းသူကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
၁၉၅၀ ပြည့်နှစ်ကစလို့ တွင်တွင်ကျယ်ကျယ်သုံးလာပြီး တော်တော်နဲ့ ဆွေးမြေ့မသွားဘဲ ပင်လယ်သမုဒ္ဒရာတွေမှာ အမှိုက်ပုံသွားဖြစ်တဲ့ ပလတ်စတစ်တွေ သုံးနေတာလျှော့ချတဲ့နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံ မပါဝင်ပါဘူး။ ကိုယ်တိုင်သစ်မခုတ်ပေမယ့် သစ်ပင်စိုက်တဲ့ စိတ်မျိုးနဲ့ ကိုယ်တိုင်သုံးနေတဲ့ ပလတ်စတစ်ကို လျှော့သုံးနိုင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ၁၆(ခ)နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုတိယရဲမှူး မိုးရန်နိုင် ကို စစ်ဆေးမှုပြီးစီးပြီ ဖြစ်တာကြောင့် သူ့ကိုထိန်းသိမ်းထားတဲ့ အမှတ်(၈) လုံခြုံရေးရဲတပ်ရင်း၊ ရဲအချုပ်မှာ မိသားစုဝင်တွေ တရားဝင် လာရောက်တွေ့ဆုံနိုင်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးက တာဝန်ရှိသူ ရဲမှူးကြီး မျိုးသူစိုး က ပြောပါတယ်။
ဒုရဲမှူး မိုးရန်နိုင်ကို ရဲတရားရုံးက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရာမှာ ခွင့်ပြုချက်မရှိဘဲ သတင်းအချက်အလက်တွေ ဖြေဆိုခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်တဲ့အတွက် လက်ရှိမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က အပြစ်ပေးဖို့ သုံးသပ်နေတယ်လို့လည်း ပြောပါတယ်။
ရဲမှူးကြီး မျိုးသူစိုး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
(တရားလိုသက်သေ ဒုရဲမှူး မိုးရန်နိုင် ကို အင်းစိန်မြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀ ရက်ေန့က တွေ့ရစဉ်)
အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက မပြေလည်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံရေး ကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲတွေကို ဧပြီလ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
နိုင်ငံရေး ကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် KNU ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ် နမ္မတီးမြို့ ကဆုန့်ဒေသမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့လောက်ကစပြီး အစိုးရတပ်မတော်နဲ့ KIA တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ နမ္မတီးမြို့နယ်ထဲက ကဆုန့်နဲ့ ဆွတ်ယန်ရွာတွေက ဒုက္ခသည် ၈၀၀ လောက်ဟာ ဘေးလွတ်ရာထွက်ပြေးနေကြရပြီး သူတို့ကို နမ္မတီးမြို့ပေါ်က ခရစ်ယာန်ဘုရားကျောင်းတွေမှာ ဒီကနေ့ နေရာချထားပေးလိုက်တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။
ဒေါက်တာ ဆမ်ဆွန်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
Photo: KBC KACHIN - facebook
ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော်မောင်မေတ္တာနဲ့ အဖွဲ့သားတွေ စီစဉ်တင်ဆက်တဲ့ " အကျိုးမျှော် နှိုးဆော်ပါရစေ " အသံ လွှင့်ဇာတ်လမ်း အစီအစဉ် ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ "စုံလုံးကန်းခြင်းမဟုတ်ပါ" အစီအစဉ်ကို နားဆင်ရမှာပါ။
ပြင်ပဆောင်းပါးရှင် ကိုစံနီဦးရဲ့ "အလွဲအမှားများနဲ့ တိုးမိတိုက်မိ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ တရားဝင်ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးဝါးကုသနေတဲ့သူတွေကို အရေးယူပေးဖို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ အဆိုရှုံးနိမ့်ခဲ့တာဟာ ပြည်သူကတင်မြှောက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မဲပေးခဲ့တဲ့ ပြည်သူတွေကို စေတနာမထားကြတော့ဘဲ ကိုယ်ကျိုးစီးပွားလုပ်နေတဲ့ ဒေါက်တာ ရမ်းကုတွေရဲ့ အကျိုးစီးပွားကို ကာကွယ်သွားကြတာလားဆိုတာ ဆောင်းပါးရှင်း တင်ပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်ရဲ့ " ပျိုးခင်းဘေးက တေးသံကဏ္ဍ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ ငယ်ရွယ်နုနယ်သေးတဲ့ ကလေးတွေရဲ့ နှလုံးသားတွေမှာ စာနာစိတ်ဆိုတဲ့တရားကို မရှိမဖြစ်ထည့်ပေးကြဖို့ သင်ခန်းစားတွေ ပြဌာန်းချက်တွေနဲ့ သင်ပေးကြဖို့လိုတဲ့အကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ပြင်ပဆောင်းပါးရှင် ကိုအောင်နိုင်ကျော် ရေးသားတင်ပြတဲ့ " လူမှုစီးပွားနဲ့ လယ်ယာကဏ္ဍ " အစီအစဉ် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာ ချေးငွေရဲ့ အတိုးနှုန်းကိုလျှော့ချတာထက် ချေးငွေပမာဏ တိုးမြှင့်ပေးတာ၊ ချေးငွေသက်တမ်း တိုးမြှင့်ပေးတာဟာ လယ်သမားတွေအတွက် ပိုမိုအကျိုးရှိစေတဲ့အကြောင်း ဆောင်းပါးရှင် တင်ပြထားတာကို နားဆင်နိုင်ပါတယ်။
ရိုက်တာ သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မနေ့က မြောက်ပိုင်းခရိုင် တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ တရားလိုပြ သက်သေ ဒုရဲမှုး မိုးရန်နိုင်နဲ့ သူရဲ့ မိသားစုဝင်တွေကို ဥပဒေနဲ့အညီ ကာကွယ်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
ရိုက်တာ သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့တာလို့ မနေ့က တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုဝင်တွေကို နေပြည်တော် ရဲတပ်ဖွဲ့အိမ်ယာ လိုင်းခန်းကနေ ဒီနေ့မနက်က ပြောင်းရွှေ့ခိုင်းတယ်လို့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ညီဖြစ်သူ ကိုရဲဝင်းနိုင်က ပြောပါတယ်။ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင်ကိုလည်း အမှတ် ၈ ရဲတပ်ရင်းကနေ မနေ့ညကတည်းက တခြားနေရာကို ပြောင်းရွှေ့လိုက်ပြီလို့ သိရပါတယ်။ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ညီဖြစ်သူ ကိုရဲဝင်းနိုင်ကို RFA သတင်းထောက် ကိုအောင်သိင်္ခက ဆက်သွယ်မေးမြန်းထားပါတယ်။
ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့ အမှုမှာ ပါဝင်နေသူ ဒု ရဲမှူး မိုးရန်နိုင် ကို သတင်းထောက်တွေက မေးမြန်းစဉ်မှာ ဒီအမှုဟာ ထောင်ဖမ်းတဲ့အမှုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီအမှုမှာ နောက်ကွယ်က စေခိုင်းသူကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ စုံစမ်းဖော်ထုတ်သင့်တယ်လို့ ပြောပါတယ်။ ဦးရောဘတ်ဆန်းအောင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်စားစရာ ပြောကြားချက်တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
ဧပြီလ ၂၂ ရက်ဟာ နိုင်ငံတကာမိခင်မြေကမ္ဘာနေ့ ဖြစ်ပါတယ်။ သဘာဝ သယံဇာတ ပေါကြွယ်ဝတယ်ဆိုတဲ့ မြန်မာနိုင်ငံဟာ တကယ်တမ်းတော့ သယံဇာတကျိန်စာသင့်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကြုံနေရတဲ့ ရာသီဥတုပြောင်းလဲမှုမှာရော၊ သဘာဝထိန်းသိမ်းရေးမှာပါ သစ်တောကဏ္ဍ အရေးကြီးပုံကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ Facebook လူမှုကွန်ရက်မှာ အမုန်းစကားတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေကို နိုင်နိုင် နင်းနင်း ကိုင်တွယ်ထိန်းချုပ်ဖို့ အရှိန်မြှင့်အားထုတ်ဆောင်ရွက်ပါမယ်လို့ Facebook ရဲ့ အမှုဆောင်အရာရှိချုပ် Mark Zukerberg က အမေရိကန်လွှတ်တော်မှာ ပြောဆိုသလို သူ့ဆီအိပ်ဖွင့်ပေးစာပို့ခဲ့တဲ့ မြန်မာလူမှုအဖွဲ့အစည်း ၆ ခုဆီ ကိုယ်တိုင်စာပြန်ပြောကြားခဲ့ပါတယ်။ တကယ်လို့ သူပြောတဲ့အတိုင်း မဆောင်ရွက်နိုင်ရင် သူပြောသလို အကောင်အထည်ဖော်ဖြစ်သည်အထိ ဆက်လက်တွန်းအားပေးသွားမယ်လို့ မြန်မာလူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်က အမှန်တရားကို ထုတ်ဖော်ပြောလိုက်တဲ့အပေါ် တန်ဖိုးထား လေးစားအသိအမှတ်ပြုတယ်လို့ သတင်းသမားတွေက ပြောပါတယ်။
ဒါပေမဲ့ အခုလို ထောင်ချောက်ဆင်ဖမ်းဆီးဖို့ အမိန်ပေးခဲ့သူတွေ တာဝန်ရှိသူတွေကို ဘယ်လိုဆက်ပြီး အရေးယူမလဲဆိုတာကိုတော့ စောင့်ကြည့်ဖိုလိုမယ်ဆိုတဲ့ သတင်းသမားတွေရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို မသင်းသီရိက ဆက်ပြောပြပေးမှာပါ။
ဓါတ်ပုံ - (တရားလိုသက်သေ ဒုရဲမှူး မိုးရန်နိုင် ကို အင်းစိန်မြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက်ေန့က တွေ့ရစဉ်)
အင်းဒင်ကျေးရွာ လူသတ်မှုကို ဖော်ထုတ်ခဲ့တဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည်မှာ မှန်ကန်ကြောင်း တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်က ဒီကနေ့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ဒီထွက်ဆိုချက်ကို မယုံကြည်ထိုက်တဲ့ သက်သေအဖြစ် ကြေညာပေးဖို့ ဥပဒေအရာရှိက လျှောက်ထားကြောင်းလည်း သိရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သတင်းထောက် ၂ ဦးရဲ့ ရှေ့နေ ဦးသန်းဇော်အောင်ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေကို တပ်မတော်နဲ့ ကချင်ပြည်နယ်အစိုးရက မိမိနေထိုင်ရာကို ပြန်လာကြဖို့ ပြောထားပေမယ့်လည်း ဒေသခံတွေ ပြန်မလာရဲကြသေးဘူးလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကချင်ပြည်နယ် အမျိုးသမီးကွန်ရက်အဖွဲ့က ပြောပါတယ်။
ထွက်ပြေးကြတဲ့ ထောင်ချီတဲ့ ဒေသခံတွေရဲ့ အခြေအနေတွေအကြောင်း ကချင်ပြည်နယ်အမျိုးသမီးများ ကွန်ရက်အဖွဲ့တည်ထောင်သူ ဒေါ်နန်ပူ ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းက နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြား ( National Verification Card - NVC) ကတ် ကိုင်ဆိုင်ထားသူတွေကို တစ်နိုင်ငံလုံးလွတ်လပ်စွာသွားလာခွင့် ပြုထားပြီးဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မနေ့က ရန်ကုန်မြို့ NRPC ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ နေရသူတွေကတော့ အဲဒီအကြောင်းကို ဘယ်သူကမှ လာရောက်အသိပေးတာမျိုးမရှိသေးဘဲ သတင်းမီဒီယာတွေမှာဖော်ပြမှသာ သိရတာဖြစ်ပြီး တကယ်လို့ သွားလာခွင့်ပြုခဲ့ရင်လည်း ဘယ်သူမှမသွားရဲဘူးလို့ စစ်တွေမြို့နယ်မှာရှိတဲ့ သက္ကယ်ပြင်စခန်းမှာနေထိုင်တဲ့ ဦးတင်လှိုင် က ပြောပါတယ်။
ဦးတင်လှိုင် ကို RFA သတင်ထောက် ကိုသန့်ဇင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်လွှတ်တော်နှစ်ရပ်မှာ ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ် ကြားနာစစ်ဆေးခံခဲ့စဉ်က မြန်မာနိုင်ငံတွင်း ဖေ့စ်ဘွတ်သုံးစွဲသူတွေအတွက် ဆောင်ရွက်ပေးမယ့်ကိစ္စ ၃ ရပ်ကို အကောင်အထည်ဖော်ဖြစ်အောင် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဆက်လက်တွန်းအားပေးသွားမယ်လို့ ဖေ့စ်ဘွတ်ကို အိပ်ဖွင့်ပေးစာပေးပို့ခဲ့တဲ့ အဖွဲ့ ၆ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ Burma Monitor အဖွဲ့ရဲ့ စီမံကိန်းတာဝန်ခံ ကိုမြတ်သူက ပြောပါတယ်။ ကိုမြတ်သူကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီတပတ်မှာတော့ လက်ပံတောင်းတောင်ကြေးနီစက်ရုံမှာ မြန်မာအလုပ်သမားတွေကို နှစ်တိုးလစာ ပုံမှန်မပေးတာ၊ မြန်မာတွေ လုပ်နိုင်တဲ့အလုပ်နေရာတွေမှာ တရုတ်အလုပ်သမားတွေ ခန့်ထားတာတွေ နားဆင်ရမယ့်အပြင်၊ ရန်ကုန်မြို့က ကုမ္ပဏီတခုက အစုရှယ်ယာရှင်တွေကို လိမ်လည်ထားတဲ့ကိစ္စတွေအကြောင်း RFA အဖွဲ့သား ကိုနေရိန်ကျော် က တင်ပြထားပါတယ်။
အခုတစ်ပတ်မှာတော့ ကျူးဘားသမ္မတသစ် ရွေးချယ်ပွဲနဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကို ပြင်ပဆောင်းပါးရှင် ဦးအောင်မိုးဝင်း က ဆွေးနွေးတင်ပြထားပါတယ်။
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း တပ်မတော်နဲ့ KIA တို့ရဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ နေရပ်မှာပြန်ဖို့ ပြည်နယ်အစိုးရ နဲ့ တပ်မတော်က ကူညီဆောင်ရွက်နေတယ်ဆိုပေမဲ့ ဒီဒုက္ခသည်တွေနေရပ်ပြန်ရေးက အခက်အခဲတွေရှိနေတယ်လို့ ကက်သလစ်အသင်းတော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တာဝန်ခံ ဖာသာ ဗင်းဆင့်က ပြောပါတယ်။ ဖာသာ ဗင့်းဆင့်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
၂၀၀၅ ခုကတည်းကစပြီး ၁၀ နှစ်ကျော်လည်ပတ်တဲ့ တီကျစ်ကျောက်မီးသွေးဓါတ်အားပေးစက်ရုံကို အကြီးစားပြင်ဆင်ဖို့ ပိတ်ထားပြီး မနှစ်က ဧပြီမှာ တနှစ်ပြန်လည်စမ်းသပ်လည်ပတ်ပါတယ်။ မီးခိုးအထွက်နည်းသွားတာကလွဲလို့ တနှစ်အတွင်း ဘာမှ မထူးခြားတဲ့အပြင် လည်ပတ်သံဆူညံလို့ ဒေသခံတွေ စက်ရုံအပြင်ဘက်စုရုံးပြီး ကန့်ကွက်ရတဲ့အထိ ဖြစ်ရပါတယ်။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် တီကျစ်ရွာ ဒေသခံ စိုင်းတူး ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ် တနိုင်းမြို့နယ်က အောင်လော့ရွာနဲ့ အခြားရွာ ၂ ရွာက စစ်ပြေးဒုက္ခသည် ပြည်သူတွေ ကိုယ့်ရွာကိုယ်ပြန်လာနေလို့ရပြီဆိုပြီး မြန်မာ့တပ်မတော်က မနေ့က တနိုင်းမြို့ပေါ်မှာ လိုက်ပြီးကြေညာခဲ့ပါတယ်။
ဒီလိုကြေညာတာကို မြို့ပေါ်က အကူအညီပေးနေတဲ့သူတွေက တောထဲမှာပုန်းနေတဲ့ပြည်သူတွေကို အသိပေးချင်ပေမယ့် အဆက်အသွယ်မရဘူးလို့ ဆိုပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ တနိုင်းမြို့က ခရစ်ယာန်ဘာသာရေးဆရာ ဆရာနော်တောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်မှာ NVC (National Verification Card) သက်သေခံကတ်ပြား ကိုင်ဆောင်ထားသူတွေကို တားမြစ်ထားတဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်ပြီး လွတ်လပ်စွာ သွားလာခွင့်ပေးလိုက်ပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။ ဒီခွင့်ပြုချက်အပေါ် ကြိုဆိုတဲ့သူရှိသလို စောင့်ကြည်ဖို့လိုမယ်ဆိုတဲ့ အမြင်တွေလညှ်းရှိနေပါတယ်၊ မသင်းသီရိ ဆက်ပြောပြမှာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လမ်းကြောင်းအတိုင်းသွားမှသာ ငြိမ်းချမ်းရေးရဖို့ လမ်းစမြင်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေအပါအဝင် ဒေသအတွင်း လူမှုစီးပွားနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံကို ၂ ၇က်ကြာခရီးစဉ်အဖြစ် မနက်ဖြန်သွားရောက်မှာ ဖြစ်ပါတယ်၊ ရခိုင်ပြည်နယ် ပြဿနာကြောင့် ဥရောပနဲ့ အနောက်နိုင်ငံကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှု နည်းပါးးလာတဲ့အချိန် အရှေတောင်အာရှနိုင်ငံတွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပိုပြီးရရှိဖို့အတွှက် ဒီခရီးစဉ်အတွင်း ဗီယက်နမ်အစိုးရနဲ့ စီးပွားရေးကဏ္ဍကို အလေးထားဆွေးနွေးနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ မသင်းသီရိ က ဆက်လက်တင်ပြထားပါတယ်။
ရိုဟင်ဂျာ အသိုင်းအဝိုင်းအပေါ် အကြမ်းဖက်မှုတွေကို မဟာဗျူဟာချ ကျူးလွန်ခဲ့တယ်ဆိုပြီး မြန်မာ့တပ်မတော်ကို ကုလသမဂ္ဂက နာမည်ပျက်စာရင်းထဲမှာ ထည့်သွင်းလိုက်တဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ကုလသမဂ္ဂရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ သံသယရှိစရာဖြစ်နေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ပြင်ပကလောင်ရှင် မေစာ တင်ပြမယ့် စာဝိုင်းပေ၀ိုင်း စကားဝိုင်း အစီအစဉ် ဖြစ်ပါတယ်။ အခုတပတ်မှာ လူငယ်ပြဿနာနဲ့ ပတ်သက်ပြီး ဆောင်းပါး ဟောင်းတပုဒ်ကို ကိုးကားပြီး တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်မှာ နှစ်ဆန်းတစ်ရက်နေ့ မနေ့က ညီအစ်ကိုနှစ်ယောက်ကို ရွှေပြည်အေးရဲတပ်ဖွဲ့ ဒုတပ်ကြပ်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အဲဒီအရပ်သားနှစ်ဦးဟာ ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
ဥပဒေကြောင်းအရ သေဆုံးသူဘက် အပါအ၀င် ရဲတပ်ဖွဲ့ဝင်အတွက်ပါ အမှန်တရားဖြစ်စေဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောပါတယ်။
ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွန့်ကို RFA သတင်းထောက် ကိုအောင်သိင်္ခက ဆက်သွယ်မေးမြန်းထားပါတယ်။
ရိုဟင်ဂျာ မွတ်စလင်တွေကို သူတို့အိမ်တွေကနေ စွန့်ခွာထွက်ပြေးစေဖို့အတွက် လိင်အကြမ်းဖက်မှုကို နည်းဗျူဟာတစ်ရပ်အနေနဲ့ အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာဟာ အထောက်အထား မခိုင်လုံတဲ့ စွပ်စွဲပြောကြားချက်တွေအပေါ်မှာ အခြေခံပြီး ဖြစ်လာတာလို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြတဲ့ အစီရင်ခံစာမှာ မြန်မာ့တပ်မတော်ဟာ ရိုဟင်ဂျာ မွတ်စလင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေရှိတယ်ဆိုပြီး နာမည်ပျက်စာရင်းထဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လော့ကျေးရွာမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေဖြစ်ပွားမှုကြောင့် ပိတ်မိနေတဲ့ ဒေသခံ ၂၀၀၀ ကျော်ကို အမြန်ဆုံးလွတ်မြောက်အောင် ဆောင်ရွက်ပေးဖို့ ကချင်ပြည်နယ် ၀န်ကြီးချုပ်ကို ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်အဖွဲ့က မနေ့က စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
လက်ရှိ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ဒေသခံတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်အဖွဲ့ တည်ထောင်သူ ဒေါ်နန်ပူကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
(ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တချို့ကို တွေ့ရစဉ်)