ဘ၀ဆိုတာ ကိုယ်လုပ်ယူသလောက်ပဲ ရတယ် ။ ဒါတောင် ရချင်မှ ရတယ် ။ ဒါပေမယ့် ဘာမှမလုပ်ရင်တော့ ဘာမှ မဖြစ်ဘူး ။ ဘာမှ မဖြစ်တာဆိုတာ တကယ်တော့ အမှားပါ ။ ကျနော်တို့ လူတွေဆိုတာ မြေဆီလွှာတွေလိုပဲ ၊ ကောင်းတဲ့ သစ်သီးပန်းပင်တွေ သစ်ပင်တွေ စိုက်ပျိုးမှ ကိုယ်စိုက်တဲ့ အသီးပြန်ရတယ် ။ ဘာမှ မစိုက်ဘူးဟေ့ဆိုပြီး ထားရင် ချုံနွယ်ပိတ်ပေါင်းတွေ ထလာပြီး ရှိနေတဲ့ အပင်ကောင်းလေးတွေဆီက မြေဆီလွှာကိုပါ စုပ်ယူလိမ့်မယ် ။ ဒါကြောင့် ဘာအပင်တွေ စိုက်မိနေလဲ ဂရုစိုက်ပါ ။

ဒီ Podcast လေးမှာ - မကြိုးစားပဲ နေချင်သလို နေပါဆိုတဲ့ Ideology မှန်လား မှားလား - ဘာတွေ လုပ်လို့ရလဲ - ဆိုက်ကားသမားတောင် ဘယ်အထိ ပေါက်ရောက်နိုင်လဲ ပြောထားပါတယ် ။