သိန်းနဲ့ချီတဲ့တက္ကသိုလ်ကျောင်းသားတွေဟာ ၂၀၂၁စစ်အာဏာသိမ်းလိုက်ကတည်းက ကျောင်းဆက်မတက်ကြ တော့ပါဘူး။ သူတို့အတွက် တက္ကသိုလ်အသစ်တွေပေါ်လာပေမယ့်လည်း ပြည်တွင်းပြည်ပ နှစ်ခုစလုံးကကျောင်းသားတွေဟာ ငွေကြေးအခက်ခဲ လုံခြုံရေးအန္တရာယ် လျှပ်စစ်မီးအပြည့်အဝ မရရှိမှုတွေကြောင့် ပညာသင်ကြားဖို့ ပြီးဆုံးရန် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။