မြန်မာနိုင်ငံရဲ့အကျဉ်းထောင်တွေမှာတော့ လာဘ်ပေးလာဘ်ယူမှူတွေဟာ အသစ်အဆန်းမဟုတ်တော့ပါဘူး။ဒါပေမယ့် အချို့ အရာရှိများဟာ ကြီးကြီးမားမားလာဘ်ပေးလာဘ်ယူ မှုတွေ ပြုလုပ်နေကြတယ်လို့ နိုင်ငံရေး အကျဉ်းသားတွ ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကပြောပါတယ်။အဲဒီလို လာဘ်ပေးမှုတွေကလည်း တကယ်တန်းတော့ ထိရောက်မှု မရှိနေကြပါဘူး။