ရခိုင်မှာ မိုခါမုန်တိုင်းတိုက်ခိုက်ပြီးမှ ပြန်လည်ထူထောင်ရေးတွေကို ဆက်လက်လုပ်နေကြပေမယ့် ကလေးငယ် တစ်ချို့က ကျောင်း မရောက်နိုင်ကြသေးပါဘူး။ မုန်တိုင်းကြောင့် အိုးအိမ်တွေ၊ စာသင်ကျောင်းတွေ ၊ လယ်စိုက်ခင်းတွေပါ ပျက်စီး ဆုံးရှုံးခဲ့ ရပြီး မုန်တိုင်းသင့်မိသားစုများစွာဟာ အခြေခံကျတဲ့ နေ့စဉ်ရှင်သန်ရေးကိုပဲ ဦးစားပေးရုန်းကန်နေရပါတယ်။ ဒီဆောင်းပါးကိုဒို့အသံရဲ့ အလွတ်တန်းသတင်းထောက်ကရေးသားထားပြီး ဒိုအသံအဖွဲ့သားတွေက တင်ဆက်ပေးထားပါတယ်။