တစ်ပတ်အတွင်းစိတ်ဝင်စားဖွယ်ကိုဗစ်-၁၉သတင်းများ။

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကိုဗစ်-၁၉နဲ့ပတ်သက်တဲ့ တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အကျဉ်းချုပ်တွေကို တင်ဆက်ဖု့ိအချိန်ရောက်လာပါပြီ။

ဒီတစ်ပတ်မှာတော့

➡တစ်ပတ်အတွင်းဖြစ်ပွားခဲ့တဲ့ကိုဗစ်-၁၉ရောဂါအနှစ်ချုပ်။

➡ကာကွယ်ဆေးကို ဘယ်သူမှမကျန်အောင် တတိုင်းပြည်လုံးကို ထိုးပေးမှာဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော။

➡ဖားကန့်မြို့နယ်ဟာ Stay at home အစီအစဉ်မှာ အကျုံးဝင်တဲ့အတွက် ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်မှုတွေကို ဇန်နဝါရီလ ၃၁ရက်နေ့ထိထပ်မံရပ်ဆိုင်း။

➡တနင်္သာရီတိုင်းမှာ လယ်သမားတွေကို ထုတ်ချေးပေးတဲ့ ကိုဗစ်ကုစားရေးချေးငွေတွေပိုနေလို့ ပြန်အပ်လိုက်ရ။

➡မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ကြုံတွေ့ရ။

➡ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းမှာ တစ်ပတ်မှာတစ်ကြိမ် ဘုရားရှိခိုးဝတ်ပြုခွင့်။

➡နာဂဒေသတွင် ပထမဆုံးသော ကိုဗစ်လူနာနှစ်ဦး ဆေးကုသမှုခံယူဖို့ ဆိုင်ကယ်ကိုယ်တိုင်မောင်းပြီး သွားရောက်ခဲ့ရ။

➡မွန်ပြည်နယ်မှာ ပိုးတွေ့လူနဲ့ ထိတွေ့ခဲ့သူ (Contact Person) တွေကို Home Quarantine သတ်မှတ်ခံထားရတဲ့နေအိမ် (၁၅၈) ကျော်ရှိ။

➡နမ့်စန်မြို့ ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ COVID-19 အတည်ပြုလူနာရဲ့ လက်ကိုင်ဖုန်း ခိုးယူ သူဖမ်းမိ။

စတဲ့သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်သတင်းများကိုနားဆင်နိုင်ပါပြီ။(Unicode)

တစ္ပတ္အတြင္းစိတ္၀င္စားဖြယ္ကုိဗစ္-၁၉သတင္းမ်ား။

ျမန္မာတစ္ႏိုင္ငံလံုးမွာရွိတဲ့ ကိုဗစ္-၁၉နဲ႔ပတ္သက္တဲ့ တစ္ပတ္အတြင္း စိတ္၀င္စားဖြယ္သတင္း အက်ဥ္းခ်ဳပ္ေတြကို တင္ဆက္ဖု႔ိအခ်ိန္ေရာက္လာပါၿပီ။

ဒီတစ္ပတ္မွာေတာ့

➡တစ္ပတ္အတြင္းျဖစ္ပြားခဲ့တဲ့ကိုဗစ္-၁၉ေရာဂါအႏွစ္ခ်ဳပ္။

➡ကာကြယ္ေဆးကို ဘယ္သူမွမက်န္ေအာင္ တတိုင္းျပည္လံုးကို ထိုးေပးမွာျဖစ္တယ္လို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေျပာ။

➡ဖားကန္႔ၿမိဳ႕နယ္ဟာ Stay at home အစီအစဥ္မွာ အက်ံဳးဝင္တဲ့အတြက္ ေက်ာက္စိမ္း႐ိုင္းတူးေဖာ္ထုတ္လုပ္မႈေတြကို ဇန္နဝါရီလ ၃၁ရက္ေန႔ထိထပ္မံရပ္ဆိုင္း။

➡တနသၤာရီတိုင္းမွာ လယ္သမားေတြကို ထုတ္ေခ်းေပးတဲ့ ကိုဗစ္ကုစားေရးေခ်းေငြေတြပိုေနလို႔ ျပန္အပ္လိုက္ရ။

➡ၿမိဳင္ႀကီးငူစစ္ေဘးေရွာင္စခန္းမွာ စားနပ္ရိကၡာ ျပတ္လပ္မႈနဲ႔ႀကံဳေတြ႔ရ။

➡ခ်င္းျပည္နယ္ရွိ ခရစ္ယာန္ဘုရားေက်ာင္းမွာ တစ္ပတ္မွာတစ္ႀကိမ္ ဘုရားရွိခိုးဝတ္ျပဳခြင့္။

➡နာဂေဒသတြင္ ပထမဆုံးေသာ ကိုဗစ္လူနာႏွစ္ဦး ေဆးကုသမႈခံယူဖို႔ ဆိုင္ကယ္ကိုယ္တိုင္ေမာင္းၿပီး သြားေရာက္ခဲ့ရ။

➡မြန္ျပည္နယ္မွာ ပိုးေတြ႕လူနဲ႕ ထိေတြ႕ခဲ့သူ (Contact Person) ေတြကို Home Quarantine သတ္မွတ္ခံထားရတဲ့ေနအိမ္ (၁၅၈) ေက်ာ္ရွိ။

➡နမ့္စန္ၿမိဳ႕ ေဆး႐ုံမွာ ေဆးကုသမႈခံယူေနတဲ့ COVID-19 အတည္ျပဳလူနာရဲ႕ လက္ကိုင္ဖုန္း ခိုးယူ သူဖမ္းမိ။

စတဲ့သတင္းအပါအ၀င္ အျခားစိတ္၀င္စားဖြယ္သတင္းမ်ားကိုနားဆင္ႏိုင္ပါၿပီ။(Zawgyi)