တစ်ပတ်တွင်းစိတ်ဝင်စားဖွယ်ကိုဗစ်နိုင်တင်းသတင်းများ။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကိုဗစ်နိုင်တင်းနဲ့ပတ်သက်တဲ့ တစ်အပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အကျဉ်းချုပ်တွေကို တင်ဆက်ဖု့ိအချိန် ရောက်လာပါပြီ။ ဒီတစ်ပတ်မှာတော့ တစ်ပတ်အတွင်းဖြစ်ပွားခဲ့တဲ့ကိုဗစ်-၁၉ရောဂါအနှစ်ချုပ်။ ရုရှနိုင်ငံ၏ကိုဗစ်ရောဂါကာကွယ်ဆေးကိုWHOတရားဝင်အတည်ပြုပါကမြန်မာနိုင်ငံအနေဖြင့်ရရှိရန်စီစဉ်ထား။ ကိုဗစ်ကာလမှာဖုန်းပေါင်တဲ့ဝန်ဆောင်မှုတွေစတင်ဖြစ်။ ရှစ်လေးလုံးတစ်နှစ်ပြည့်အခမ်းအနားစင်မြင့်ပေါ်မှာမိန့်ခွန်းပြောကြားစဉ်ကွယ်လွန်ခဲ့တဲ့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌဟောင်းနိုင်နွန်လာအောက်မေ့ဖွယ်အခမ်းအနားကိုဗစ်ကြောင့်မကျင်းပဖြစ်။ ရှမ်းပြည်မြောက်ပိုင်းဘက်မှာခိုးဝင်တရုတ်နိုင်ငံသား(၁၁)ဦးဖမ်းမိ။ ကိုဗစ်ကာလတွင်အစိုးရကပြန်လည်ကုစားပေးတဲ့ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့်ကျေးရွာများကိုရွေးချယ် ငွေချေးပေး။ အထောက်ထားမဲ့ဝင်ရောက်လာတဲ့အိန္ဒိယနိုင်ငံသားလေးဦးကိုဖမ်းမိ။ မြစ်ကြီးနားမှာKTV၊ကလပ်နဲ့ဘားတွေကိုကျန်းမာရေးစည်းကမ်းချက်တွေစီစစ်ပြီးပြန်လည်ဖွင့်ခွင့်ပေးမယ်။ ဟားခါးမှာငါးမွေးသူများ၏စီးပွားရေးထိခိုက်မှုကိုသက်သာစေဖို့ ရည်ရွယ်ပြီးCOVID-19 Economic Relief Plan ဖြင့်ချေးငွေပေး။ ထားဝယ်မှာကိုဗစ်ထောက်ပံ့ငွေကိုအလွဲသုံးစားလုပ်တယ်ဆိုပြီးကျေးရွာအုပ်ချုပ်ရေးမှူးကိုတိုင်ကြား။ စတဲ့သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်သတင်းများကိုနားဆင်နိုင်ပါပြီ။(Unicode)