တစ်ပတ်တွင်းစိတ်ဝင်စားဖွယ်ကိုဗစ်နိုင်တင်းသတင်းများ။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကိုဗစ်နိုင်တင်းနဲ့ပတ်သက်တဲ့ တစ်အပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အကျဉ်းချုပ်တွေကို တင်ဆက်ဖု့ိအချိန် ရောက်လာပါပြီ။ ဒီတစ်ပတ်မှာတော့ တစ်ပတ်အတွင်းဖြစ်ပွားခဲ့တဲ့ကိုဗစ်-၁၉ရောဂါအနှစ်ချုပ်။ ကိုဗစ်-၁၉သက်ရောက်မှုကြောင့်ထိခိုက်မှုတွေရှိနေတဲ့စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရဲ့ဒုတိယအကြိမ်မြောက်ချေးငွေကိုစတင်လျှေက်ထားနိုင်ပါပြီ။ ရန်ကုန်တိုင်းတွင်းဘုရားစေတီးများပြန်လည်မဖွင့်လှစ်သေး။ ရုပ်ရှင်ရုံများကို သုံးပတ်အတွင်း အမြန်ဆုံးပြန်ဖွင့်နိုင်ရန် စောင့်ကြည့်နေ။ တနင်္သာရီမှာKTV တွေကိုခိုးဖွင့်နေ။ လူစည်လွန်းလို့ တနင်္သာရီမြို့နယ်ထဲက ရေတံခွန်တစ်ခုကို ပိတ်လိုက်ရ။ ချင်းပြည်နယ်တွင်းကိုဗစ်စည်းကမ်းမလိုက်နာတဲ့ စားသောက်ဆိုင်များကိုစစ်ဆေးအရေးယူ။ မွန်ပြည်နယ်မှာ မဲစာရင်းစစ်ဖို့ ကိုဗစ်စည်းကမ်းတွေနဲ့အညီပြုလုပ်ထား။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အောက်မှာရှိတဲ့အသင်းတော်တွေအနေနဲ့ သြဂုတ်လကစပြီး သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီလိုက်နာပြီးဘုရားကျောင်းတွေမှာဝတ်ပြုဆုတောင်းနိုင်။ စတဲ့သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်သတင်းများကို နားဆင်နိုင်ပါပြီ။ (Unicode)