လွန်ခဲ့တဲ့ ၇၅ နှစ် ဒီနေ့မှာ မြန်မာဟာ လူ့အခွင့်အရေးကြေညာစာတမ်း ကိုအတည်ပြုခဲ့တဲ့ နိုင်ငံပေါင်း ၄၈ နိုင်ငံမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ကစပြီး တိုင်းပြည်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုထဲအဆိုးဆုံးနိုင်ငံတွေထဲက နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ စစ်ခေါင်းဆောင် အဆက်ဆက်ဟာ ပြည်သူတွေရဲ့အခြေခံအခွင့်အရေးတွေကို လျစ်လျူရှုခဲ့ပြီး ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်တာမျိုးတွေရှိကြပါတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာခံရတာဖြစ်ပြီး အဲဒီအတွက်လည်း တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့ပါဘူး။ အဲဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားနေသူ လေးဦး က Doh Athan Doh Talk စကားဝိုင်းမှာဆွေးနွေးထားပါတယ်။ စကားဝိုင်းမှာတော့ စစ်ခေါင်းဆောင်နဲ့အပေါင်းအပါတွေကို နိုင်ငံတကာမှာတရားစွဲဆိုထားတဲ့ အမှုတွေအကြောင်းကို စုံလင်စွာ နားထောင်ရမှာပါ။ ဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးပေးကြတဲ့ ဧည့်သည်တော်တွေရဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေနဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ထပ်မံသိရှိလိုပါက အောက်ပါ Link တွေကနေ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ https://www.facebook.com/MyanmarMechanism(You can contact IIMM on Signal +41(0)76 691 12 08)https://www.facebook.com/ChinHumanRightsOrganizationhttps://www.facebook.com/FortifyRights