စစ်အာဏာသိမ်းပြီးကတည်းက တိုက်ပွဲတွေကြောင့် နှစ်ဖက်စလုံးမှာ သေဆုံးသူ သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိသူ ဘယ်လောက်ရှိတယ်ဆိုတာ တိကျတဲ့အချက်အလက်မရရှိနိုင်ပါဘူး။ ဒါပေမယ့် စစ်တပ်က တိုက်ပွဲတွင်းမသန်စွမ်းဖြစ်သွားသူတွေအတွက် ထောက်ပံ့ရေးစနစ်တွေရေးဆွဲထားတာရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်မှာရော ဘယ်လို အကူညီတွေရရှိနေပါသလဲ။