သတင်းထုတ်လွှင့်ချက် - ( EP - 47 )

စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။

ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ပင်လုံ ကတိ အကောင်အထည်ဖော်ရန် စစ်ကောင်စီကို SSPP ပြောဆိုလိုက်ပါတယ်။ လောင်းလုံးတွင် ပျူစောထီးအဖွဲ့ဝင် တစ်ယောက် သတ်ခံလိုက်ရပါတယ်။ ဧရာဝတီတိုင်းမှာ သတင်းပေးဆိုသူ အသတ်ခံရပြီးနောက် ဒေသခံ ၄၀ ကျော်ကို စစ်တပ်ကဖမ်းဆီးလိုက်တဲ့ သတင်းတွေနဲ့အတူ တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။