သတင်းထုတ်လွှင့်ချက် - ( EP - 50 )
စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ - မြိတ်ခရိုင်မှာ စစ်ကား ၄ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံး သွားပါတယ်။ ဧရာဝတီတိုင်းထဲမှာ အလုပ်ပြန်ဝင်တဲ့ CDM ပညာရေး ဝန်ထမ်းတွေ ငွေညှစ်ခံနေရပါတယ်။ ဟိုင်းကြီးကျွန်းမှာ ရခိုင်တချို့ AA နဲ့ ပတ်သက်တယ်ဆိုတဲ့သံသယနဲ့ စစ်တပ်က ဖမ်းဆီးတာကို ခံနေရပါတယ်။ မြစ်ကြီးနားမြို့ပေါ်က ရပ်ကွက်တွေထဲ ခရိုင်ရဲက ညအချိန် ဝင်ရောက်ရှာဖွေနေတဲ့ သတင်းတွေနဲ့အတူ တခြားစိတ်ဝင်စားစရာသတင်းတွေကို တင်ဆက်ပေး ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။