သတင်းထုတ်လွှင့်ချက် - ( EP - 96 )
ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာက စစ်ရှောင်စခန်းမှာ နေထိုင်နေကြတဲ့ ကချင်စစ်ရှောင် ပြည် သူ ၃၇၀ ကျော် နေရပ်ပြန်ရေး စီစဉ်နေကြပါတယ်။ မိုင်းနားစစ်ရှောင်စခန်း ဒု-တာဝန်ခံ ဦးလွမ်းဇောင်းကို သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ အခုလို စပြောပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။