သတင်းထုတ်လွှင့်ချက် - ( EP - 95 )
ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
ပူတာအိုဒေသက ဖုန်ဂန်ရာဇီ ရေခဲတောင် တက်မယ့်သူတွေ ဘာတွေပြင်ဆင်ဖို့လိုလဲ။ ရေခဲတောင်တက်တဲ့ ခရီး စဉ်တလျှောက် ကြုံတွေ့ရမယ့် အခက်အခဲတွေက ဘာတွေလဲ။ ရေခဲတောင်တက်မယ့် ခရီးသွား ဧည့်သည်တွေ ကို ဖုန်ဂန်ရာဇီရေခဲတောင် အစပ်မှာရှိတဲ့ ဇီယာဒမ်းရွာခံ ဦးဖုန်ရမ်က ဘယ်လို အကြံပြုထားလဲဆိုတာကို မေးမြန်းတင်ဆက်ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။