သတင်းထုတ်လွှင့်ချက် - ( EP - 93 )
ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
ပြောပြပေးမယ့် သတင်းတွေကတော့ ---- ကွတ်ခိုင် တာမိုးညဲမှာ လက်နက်ကြီးကျပေါက်ကွဲပြီး ရွာသား ၂ ယောက် ထိမှန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က အရာတော်မြို့နယ်ထဲမှာ နေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲ ဆွမ်ပရာဘွမ်မြို့နယ်ထဲ လုပ်ငန်းရှင်တချို့က တရားမဝင် ရွှေတူးဖော်နေတဲ့ အကြောင်းနဲ့ တအာင်းရုံးသုံးစာကို တအာင်းတွေထဲ လိုက်လံသင်ကြားပေးနေတဲ့ အကြောင်း တွေကို နားဆင်ရ ဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။