တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 40 )
ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စစ်တပ်တို့အကြား ရပ် တန့်သွားတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက အာဏာရှင် အဓွန့်ရှည်ရေး အတွက် အသုံးပြုနေတယ်လို့လည်း သုံးသပ်ချက်တွေက ရှိနေပါတယ်။ စစ်ကောင်စီလက်ထက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ဘာတွေကို ဦးတည်နေတာလဲ။ အခြေအနေတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။