သတင်းထုတ်လွှင့်ချက် - ( EP - 89 )
ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။
ပြောပြပေးမယ့် သတင်းတွေကတော့ ---- ကော့သောင်းတိုက်ပွဲတွင် စစ်ကောင်စီ ၈ ယောက်သေဆုံးခဲ့ပါတယ်။
စစ်ရှောင်တစ်ယောက်ကို ကျပ်သိန်း ၅၀ လက်ထဲမှာရှိနေတဲ့အတွက် စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
ဆိုင်ကယ်နဲ့ ကင်းလှည့်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ မိုင်းခွဲ တိုက်ခိုက်ခံလိုက်ရပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း ဆန်နဲ့ စက်သုံးဆီ အဝင်တွေကို တင်းကြပ်ထားတဲ့အတွက် ဆီပြတ်လပ်မှုတွေနဲ့ ရင်ဆိုင် နေရတယ်လို့ ဒေသခံတွေက ပြောတဲ့အကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။