သတင်းထုတ်လွှင့်ချက် - ( EP - 84 )
ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
ပြောပြပေးမယ့် သတင်းတွေကတော့ ---- မွန်ပြည်နယ်မှာ ဘုရားဖူးကားပေါ် လက်နက်ကြီးကျပြီး ၁ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ကသာက စာသင်ကျောင်းနား လက်နက်ကြီး ပေါက်ကွဲလို့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ပါတယ်။
တနင်္သာရီဒေသက တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။ အင်းလေးမှာ ဒေသခံအမျိုးသမီးတယောက်ကို ပစ်ခတ်ခဲ့တဲ့ ပျူစောထီးက မိသားစုလိုက် ထွက်ပြေးနေရ အကြောင်း သတင်းပေးပို့ချက်နဲ့ တနိုင်း-ဟူးကောင်းဒေသက မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေမှုတွေ အကြောင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။