သတင်းထုတ်လွှင့်ချက် - ( EP - 75 )

ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လုပ်နေတဲ့ အဖွဲ့တွေရဲ့ ဒေသတွေမှာ တိုက် ပွဲဖြစ်ပွားတာမရှိပေမယ့် ငြိမ်းချမ်းရေးအတွက် ရလဒ် တစ်စုံတစ်ရာ ဖြစ်ပေါ်တိုးတက်မှု မရှိဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တစ်ယောက်က ပြောဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ကလေး PDF က မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက ဒီဇင်ဘာလ ဒုတိယပတ်တိုက်ပွဲအတွင်း စစ်သား အယောက် ၃၀ ထက်မနည်း ထိခိုက် သေဆုံးနိုင်တယ်လို့ KNDF က ထုတ်ပြန်ထားတဲ့အကြောင်းတွေကို တင်ဆက် ပေးသွားမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။