သတင်းထုတ်လွှင့်ချက် - ( EP - 108 )

ဧပြီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- KNU တပ်မဟာ ၅ နဲ့ တပ်မဟာ ၁ ကြား မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ကရင်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA က “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ UWSP/UWSA ရဲ့ နိုင်ငံရေး ၊စစ်ရေး ဦးဆောင်မှုတွေကို ခံယူသွားမယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ယောက် သေဆုံးပြီး ကလေးတစ်ယာက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လောင်းလုံမြို့နယ်ထဲမှာတော့ လက်နက်ကိုင်ဆောင်ထားတဲ့ မူးယစ်ဆေးဝါး အဖွဲ့တစ်ခုနဲ့ ပစ်ခတ်မှုဖြစ်ပွား ခဲ့ပြီး လက်နက်တွေနဲ့ မူးယစ်ဆွေးဝါးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ လောင်းလုံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဆိုပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်း ကနေ တိုက်ခိုက်ခံ ရပြီးနောက် ဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ ပြည်သူတွေဟာ အခုဆို ရင် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါထိခိုက်ပြီး အရေး ပေါ် အကူအညီတွေလည်း လိုအပ်နေတယ်ဆိုတဲ့ သတင်းပေးပို့း ချက်တွေနဲ့အတူ တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို နားဆင်ရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။