သတင်းထုတ်လွှင့်ချက် - ( EP - 110 )
ဧပြီလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ ဆောင်းဖွေးရွာက ကိုယ်ထူကိုယ်ထ ဆေးပေးခန်းတစ်ခုကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့အဝင်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းပိုင်းမှာ စစ်ကောာင်စီယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခံခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာတော့ အခွန်ထမ်းဆောင်တဲ့ လုပ်ငန်းရှင်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုပေးမယ်လို့ကလေး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ အခုနောက်ပိုင်း ကချင်ပြည်နယ် ရှေ့တန်းတပ်စခန်းတွေကို စစ်ကောင်စီတပ်က တပ်အင်အားနဲ့ ရိက္ခာဖြည့်တင်းမှုတွေနဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ရာမှာ ကုန်းလမ်းထက် လေကြောင်း အသုံးပြုမှုကို ပိုမိုလုပ်ဆောင်လာတယ်ဆိုတဲ့ သတင်းပေးပို့ ချက်နဲ့ အတူ တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။