သတင်းထုတ်လွှင့်ချက် - ( EP - 114 )
ဧပြီလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ဒုဌဝတီမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို ရပ်တန့်အောင် တားဆီးပေးဖို့
ဒေသတွင်းက လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီတွေကို ရှမ်းအရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆို လိုက်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ၊ လုံးပျဉ်ကျေးရွာအုပ်စုမှာရှိတဲ့ လယ်ကြားကျေးရွာက ဒေသခံ ရွာသားတွေကို စစ်ကောင်စီတပ်က လက်နှောက်ပြန်ကြိုးတုတ်ပြီး လူသာဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ KNDF သတင်း ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တနေရာကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ဖက်ဒရယ်ကို အခြေခံပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိတဲ့ အုပ်ချုပ်ရေး စနစ်မျိုးကို တော်လှန်ရေး ကာလ အတွင်း ကရင်နီပြည်နယ်မှာ ကျင့်သုံးနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်နဲ့အတူ တခြားစိတ်ဝင်စားစရာ ကောင်းတဲ့ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။