သတင်းထုတ်လွှင့်ချက် - ( EP - 118 )

ဧပြီလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တော်လှန်ရေးက လက်ရှိအခြေအနေမှာ ဘယ်လောက်ထိ အောင်မြင်နေပြီလဲ၊ လူထုရဲ့ ပါဝင်မှု၊ ပေးဆပ်မှုတွေကရော ဘယ်လိုရှိနေလဲ။ ကရင်နီတော်လှန်ရေးကရော တစ်နိုင်ငံလုံးအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိလဲ။ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဗဟိုကော်မတီဝင် နော်ဆဲဆဲရဲ့ ပြောကြားသုံးသပ်ချက်ကို နားဆင်ရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။