သတင်းထုတ်လွှင့်ချက် - ( EP - 117 )
ဧပြီလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- စစ်တပ်က အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကြာလာတဲ့ အချိန် ကရင်နီပြည်နယ်ထဲ နယ်မြေဘယ်နှစ် ရာခိုင်နှုန်း ကို ကရင်နီတော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားနိုင်ပြီလဲ။ စစ်တပ်ရဲ့ နယ်မြေအနေအထားကရော လက်ရှိအခြေအနေကရော ဘယ်လိုရှိနေလဲ။
ကရင်နီပြည်နယ်တွင်း ကရင်နီတော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲရော အုပ်ချုပ်ရေး ကဏ္ဍကိုရော ဘယ်လို လည်ပတ်နိုင်ပြီလဲ။
ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး KNDF ဥက္ကဋ္ဌလည်းဖြစ်၊ ကရင်နီပြည်နယ် အုပ်ချုပ်ရေးကောင်စီ ၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သည့် ခွန်းဘီထူးရဲ့ ရှင်းလင်းပြောကြားချက်ကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။