သတင်းထုတ်လွှင့်ချက် - ( EP - 123 )
မေလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ရှမ်းပြည်နယ် မြောက်ပိုင်း သန္ဒီမြို့ မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ အမှတ်
တံဆိပ် လိုဂိုကို အသုံးပြုပြီး ခြိမ်းခြောက်ငွေတောင်းခံမှု တွေရှိနေပါတယ်။
မိုချာ မုန်းတိုင်းသတင်းကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်နဲ့ ပင်လယ်ကမ်းခြေက လူတွေ ရှောင်တိမ်းနေကြပါတယ်။
ရေးမြောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုမှာ PDF တပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့ပါတယ်။
ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေမှာ ၄ လ တာကာလ တိုက်ပွဲ အတွင်း စစ်ကောင်စီနဲ့ BGF တွေဖက်က ၁၇၃၆ ယောက် သေဆုံးခဲ့ပြီး ၁၁၈၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ပြောပါတယ်။
သတင်းလွှာတွေထဲမှာတော့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရဲ့ ရှေ့တန်း စစ်မျက်နှာ တစ်နေရာမှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက် ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO-PDF) က ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာမျိုး ရှိခဲ့ တဲ့အပြင် ကျဆုံးမှု ရှိခဲ့ပါတယ် ဆိုတဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။