သတင်းထုတ်လွှင့်ချက် - ( EP - 131 )

မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ထားဝယ်ခရိုင်အတွင်းက ကလိန်အောင်မြို့အနီးရှိ စစ်ကောင်စီ တပ်ရင်းကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က ဝင်တိုက်ခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်မှာ စစ်ဆင်ရေး ထွက်လာတဲ့ PDF ၈ ယောက် ကျဆုံးခဲ့ပါ တယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ - NUG နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီတို့ကို ပုတ်ခတ်ရေး သားတဲ စာစောင်တွေကို စစ်ကောင်စီတပ်က ဖြန့်ဝေနေပါတယ်။

တနင်္သာရီတိုင်း အတွင်း ရေကြောင်းကနေ ထိုးလာတဲ့ စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း တပ် တွေက စောင့်ကြိုတိုက်ခိုက်နိုင်ခဲ့ပါတယ်။

သတင်းလွှာတွေထဲမှာ တော့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA ကသစ်တော ပြုန်းတီးမှုကို ကာကွယ်ဖို့၊ ရှားပါး တိရစ္ဆာန် နဲ့ရေအရင်းအမြစ် ထိန်းသိမ်းဖို့အတွက် သစ်တောကြိုးဝိုင်း နယ်မြေ တွေ သတ်မှတ်ပြီး လုပ်ဆောင် နေတယ်ဆိုတဲ့အကြောင်း သတင်းပေးပို့ချက် ကိုလည်း နားဆင်ရဖို့ ရှိပါတယ်။