သတင်းထုတ်လွှင့်ချက် - ( EP - 141 )
ဒေါနိုးကူး ကရင်နီ စစ်ရှောင်စခန်းမှာ ဘာတွေ လိုအပ်နေသလဲ။
ဇွန်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲများ ပြင်းထန်စွာ ဆက်တိုက်ဖြစ်ပွား လာတဲ့အတွက် ဒေသခံပြည်သူတွေဟာ စစ်ဘေးလွတ်ရာ တောတောင်ထဲနဲ့ သူတို့ရဲ့ဆွေမျိုးတွေရှိရာ နေရာဒေသအသီးသီးကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
တချို့က ကရင်နီပြည်နယ်ထဲက တောတောင်ထဲတွင် ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေ ကြသလို တချို့ကတော့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်ခိုလှုံနေကြပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြပေမယ့်လည်း နေထိုင်စားသောက်ရေး၊ ကျန်းမာ ရေး၊ ပညာရေးအပြင် အဖက်ဖက်က အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
လက်ရှိ ထိုင်း-မြန်မာနယ်စပ် ဒေါနိုးကူးစစ်ဘေးရှောင်စခန်းကို ရောက်ရှိခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေ အနေနဲ့ ဘယ်လိုအခက်အခဲတွေ ရှိနေသလဲ၊ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ဖြတ်သန်းနေကြသလဲ စတာတွေကို ဒေါနိုးကူးစစ်ရှောင်စခန်း အုပ်ချုပ်ရေးကော်မတီ ရုံးစီမံရေးမှူး ခွန်းရောဘတ်ကို တွေ့ဆုံမေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။