သတင်းထုတ်လွှင့်ချက် - ( EP - 148 )
ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ………. …… ရခိုင်က မွတ်ဆလင်ဒုက္ခသည် စခန်းတစ်ခုမှာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေပါတယ်။
ပုလောမြို့နယ်မှာတော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ယောက်ရဲ့ နေအိမ် မီးရှို့ဖျက်ဆီး ခံရလိုက်ရပါတယ်။
ဧရာဝတီတိုင်းမှာတော့ ၆ လ အတွင်း ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ တွေထဲက အယောက် ၃၀၀ ကျော်ကို စစ်ကောင်စီ က ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။
ပုသိမ်မှာတော့ အကျဉ်းထောင်မှာ ဆန္ဒပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ၆၂ ယောက်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ ထပ်တိုး အမိန့်ချလိုက်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ် ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။