သတင်းထုတ်လွှင့်ချက် - ( EP - 154 )
ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ……… ကသာက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် တစ်လအကြာမှာ
သတ်ပစ်လိုက်ပါတယ်။
လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ထားဝယ်မြို့ပေါ်က စစ်ကောင်စီ ဝန်ကြီးတွေရဲ့ အိမ်ရာ တတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။
ခင်ဦးမြို့နယ်မှာတော့ စစ်ကောင်စီတပ်က ကျေးရွာထဲကို ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
KNU တပ်မဟာ ၃ မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က တပ်ခွဲမှူး တစ်ယောက်အပါအဝင် အယောက် ၄၀ ကျော်သေဆုံးပြီး အယောက် ၄၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီဒေသမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြားက တိုက်ပွဲတွေ၊ စစ်ရေးပဋိပက္ခ အခြေအနေတွေ၊ နှစ်ဖက်တပ်တွေရဲ့ နယ်မြေစိုးမိုးမှု အတိုင်းအတာ အခြေအနေ တွေကို သတင်းပေးပို့ချက်ထဲမှာ ကြားကြရမှာမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။