သတင်းထုတ်လွှင့်ချက် - ( EP - 156 )
ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ...... အရေးပေါ်ကာလသက်တမ်း ထပ်တိုးပြီး စစ်ကောင်စီ အာဏာဆက်ယူလိုက်တဲ့သတင်း
အစစ်အဆေးကြမ်းတဲ့ ဘားအံ သံလွင်တံတားထိပ်မှာ ပေါက်ကွဲမှုဖြစ် ၁ ယောက်သေ၊ ၁၄ ယောက်ဒဏ်ရာရ တဲ့သတင်းနဲ့ ရှမ်းမြောက်၊ ကွတ်ခိုင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေသခံတစ်ယောက်ကို စစ်ကောင်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းပေးပို့ချက်ထဲမှာတော့ KNU ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်နဲ့ တောင်ငူခရိုင်ထဲက စစ်ရေးအခြေအနေ၊ စစ်ရှောင်တွေအကြောင်းနဲ့ ရှမ်းမြောက်က စစ်တပ်နဲ့ TNLA တအာင်းတပ်တို့ကြားက ပစ်ခတ်မှုထဲ အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့တဲ့ အကြောင်းတွေကို တင်ဆက်ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။