သတင်းထုတ်လွှင့်ချက် - ( EP - 230 )
ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။
"ကရင်နီ အမျိုးသမီး အစည်းအရုံး KNWO အထွေထွေ အတွင်းရေးမှူး - ၂ မော်ဖရေးမြာနဲ့ ဆက်သွယ် မေးမြန်းချက်"
ကရင်နီပြည်နယ်ထဲက တိုက်ပွဲတွေအတွင်း အရပ်သားပြည်သူ သေဆုံးမှုတွေထဲ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်နီ အမျိုးသမီး အစည်းအရုံး KNWO အထွေထွေ အတွင်းရေးမှူး - ၂ မော်ဖရေးမြာကို ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။