သတင်းထုတ်လွှင့်ချက် - ( EP - 226 )
ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။
"ရခိုင်ပြည်နယ်မှာ ဘာဖြစ်လို့လဲ စပါးအထွက်နှုန်းကျသွားတာလဲ"(သတင်းဆောင်းပါး)
တင်ဆက်ပေးမယ့် သတင်းဆောင်းပါးကတော့ ---- “မိုခါ” မုန်တိုင်းပြီးနောက် ရခိုင်ပြည်နယ်မှာ ဘာကြောင့် စပါးအထွက်နှုန်းကျသွားတာလဲ၊ စပါးအထွက်နှုန်းကျသွားတဲ့အတွက် တောင်သူတွေ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံနေရသလဲ။ အခက်အခဲတွေကို ဘယ်လိုကျော်လွှားနေရသလဲ စတာတွေကို တင်ဆက်ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။