သတင်းထုတ်လွှင့်ချက် - ( EP - 222 )

ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။

အခုတင်ဆက်ပေးမယ့် သတင်းတွေကတော့ ….. စစ်ကောင်စီက အမျိုးသားတစ်ဦးကို ဖမ်းသွားပြီးနောက် အဲ့ဒီအမျိုးသားကိုအလောင်းကို ခေါင်းဖြတ်သတ်သွားပြီး ရေကန်ထဲစွန့်ပစ်ခဲ့ပါတယ်။

မြိတ်မြို့အဝင် တိုးဂိတ် မီးရှို့ဖျက်ဆီးခံရတဲ့သတင်း၊

နိုင်ငံကူးလက်မှတ်အတွက် တောင်ကြီးက ဝန်ထမ်းဆိုသူတွေဟာ လက်မှတ်လာလုပ်တဲ့ ပြည်သူတွေဆီကနေ ပိုက်ဆံတွေ မတရားတောင်းနေတဲ့အကြောင်း၊

သတင်းပေးပို့ချက်တွေထဲမှာတော့ ရှမ်းပြည်နယ် အခြေစိုက် မီဒီယာတိုက်တခုကို စစ်ကောင်စီက လုပ်ငန်းလိုင်စင်ပိတ်သိမ်းလိုက်တဲ့အကြောင်းကို နားဆင်ရဖို့ရှိပါတယ်။