သတင်းထုတ်လွှင့်ချက် - ( EP - 220 )

ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။

ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA) ပြန်ကြားရေး တာဝန်ရှိသူ တစ်ယောက်နှင့် ဆက်သွယ်မေးမြန်းချက်

လွိုင်ကော်အကျဉ်းထောင်တွင်း အခြေအနေ ပိုမိုတင်းကြပ်လာပြီး ရိက္ခာပြတ်မှာကို စိုးရိမ်နေရတဲ့အပြင် အကျဉ်း သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခံရမှာကိုပါ စိုးရိမ်ရတဲ့ အခြေအနေမျိုးဖြစ်လာနေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၁.၁၁ စစ်ဆင်ရေး စတင်လိုက်တဲ့ အချိန်က စပြီး ထောင်ဝင်စာပိတ်ခံထားရတဲ့အပြင် ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း အကျဉ်းထောင်အနီး ကရင်နီတော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီ တပ် တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အကျဉ်းသားတွေအတွက်စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော် အကျဉ်းထောင်ထဲက အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ်လုပ်ခံရ မှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA) ပြန်ကြားရေး တာဝန်ရှိသူ တစ်ယောက်ကို သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက ကိုပီတာက ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။