သတင်းထုတ်လွှင့်ချက် - ( EP - 219 )
ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
အခုတင်ဆက်ပေးမယ့် သတင်းတွေကတော့ ….. ရှမ်းမြောက်က ၁၀.၂၇ စစ်ဆင်ရေးထဲ စစ်ကောင်စီရဲ့ စခန်းပေါင်း ၇၃ ခုနဲ့ မြို့ငါးမြို့ကို တအာင်းတပ် TNLA တပ်ဖွဲ့တွေက သိမ်းယူးထားနိုင်ပါတယ်။
ရခိုင်ပြည်နယ်ထဲက ကျောက်တော်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်ဘက်က စစ်တပ်နဲ့ ရက္ခိုင့်တပ်တို့ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို နားဆင်ရဖို့ရှိပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ အဝင်မှာ ဖမ်းဆီးခံရတဲ့ ချိုးဖြူမြို့ပြ ပြောက်ကျား တပ်ဖွဲ့ (JPRF)က တပ်သား တစ်ယောက် ၃ ပတ်ကျော် ကြာလတဲ့အထိ ဆက်သွယ်လို့ မရသေးတဲ့ အကြောင်းတွေကို တင်ဆက်ပေးထားပါတယ်။