သတင်းထုတ်လွှင့်ချက် - ( EP - 215 )
ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ …… စစ်တောင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးကို စစ်ဆင်ရေး တိုးမြှင့် ဆောင်ရွက်သွားမယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ လောပိတရွာဘက်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ယာခင်းထဲ သွားတဲ့ အရပ်သားတွေထဲက ၂ ယောက်သေပြီး ၉ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်က အခုရက် တိုက်ပွဲအတွင်း နေအိမ် ၅၀ ဝန်းကျင် မီးလောင်ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်း နတ်သံကွင်းမြို့ စခန်းသိမ်းတိုက်ပွဲအတွင်း မြိတ် နည်းပညာတက္ကသိုလ်က ကျောင်း သားတစ်ဦး ကျဆုံးခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်/ တပ်မတော် (PNLO/ PNLA)က သူတို့ ထိန်းချုပ်နယ်မြေထဲ တန်းတူ ညီမျှရေးစနစ်နဲ့ အခွန်ကောက်ခံတယ်လို့ အဖွဲ့တာဝန် ရှိသူတွေက ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။ ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။