သတင်းထုတ်လွှင့်ချက် - ( EP - 205 )
နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ ကို တိုက် ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ် ပြန် ပြော ဆိုလိုက်ပါတယ်။
KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်ထဲရှိ ကျေးရွာတစ်ခုထဲကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရခိုပြည်နယ် ပေါက်တောမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ဆက်လက် ကယ်ထုတ်နေတယ်လို့ AA က ပြောပါတယ်။
၁၁.၁၁ စစ်ဆင်ရေး ကာလအတွင်း ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ သေဆုံးသူ အရပ်သား ၇၆ ဦး အထိရှိ လာတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စစ်ကောင်စီဟာ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အပေးအယူ လုပ်ကာ တွေ့ဆုံဆွေး နွေးမှုမျိုးတွေကို လုပ်ဆောင် လာနိုင်တယ်လို့ KNU က တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေကို သတိပေးပြောဆို လိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။