သတင်းထုတ်လွှင့်ချက် - ( EP - 201 )

နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ကို ရောက်ရှိ နေတဲ့ ကရင်နီ စစ်ဘေးရှောင် အယောက် ၂,၅၀၀ ကျော်အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။

ပိတ်ထားတဲ့ မန္တလေး- မြစ်ကြီးနားလမ်းတွေ ပြန်ဖွင့်ပေမယ့်လည်း ကချင်ပြည်နယ်၊ မြို့တော် မြစ်ကြီး နားမှာ အခြေခံစားသောက်ကုန်တွေ စျေးမကျသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်း ပုလောမှာတော့ စစ်ကောင်စီ ရေတပ်က တပ်ကြပ်ကြီးတစ်ယောက်ဟာ လက်နက်မဲ့ အလင်းဝင် လာတယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူက ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေထဲမှာ ကျားဖြန့် အွန်လိုင်းငွေ လိမ်လည် လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၈၈ ယောက်နဲ့ မြန်မာနိုင်ငံသား ၂၈ ယောက် စုစု ပေါင်း ၁၁၆ ယောက် ကို SSPP/SSA က ဖမ်းဆီးနိင်ခဲ့တယ်ဆိုတဲ့ သတင်းနဲ့အတူ စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ စစ်ကောင် စီတပ်တို့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အခြေအနေ အသေးစိတ် သတင်းပေးပို့ချက်ကိုလည်း ကြားကြရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။