သတင်းထုတ်လွှင့်ချက် - ( EP - 200 )
နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
"ကရင်နီပြည်နယ်မှာ တရားစီရင်ရေးကဏ္ဍတွေကို ဘယ်လို အကောင်အထည် ဖော်နေသလဲ"
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ဦးဆောင်နိုင်ဖို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ကို ဖွဲ့စည်းပြီး ကြားကာလ ကရင်နီပြည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းထားသလို ပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေကြပါတယ်။
ဒီလိုဆောင်ရွက်နေမှုတွေထဲက တရားစီရင်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး ဘာတွေလုပ်နေကြလဲ၊ ဒေသန္တာရ တရား စီရင်ရေး ကျင့်သုံးတဲ့ ကရင်နီပြည်ရဲ့ တရားစီရင်ရေးကဏ္ဍ၊ တရားရုံးအခြေအနေ၊ တရားစီရင်ရေးအပိုင်းမှာ ကြုံ နေရတဲ့ အခက်အခဲတွေက ဘာတွေလဲ။ ကရင်နီပြည်နယ်ရဲ့ အမှတ် ၂ တရားရေးရုံး၊ တရားသူကြီး ဒေါ်အန်းဂျလာကို သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက ကိုပီတာက ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။