သတင်းထုတ်လွှင့်ချက် - ( EP - 199 )

နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။

" အရပ်သားတွေကို စစ်ကောင်စီက ဘာကြောင့် ပိုပြီး ဦးတည်တိုက်ခိုက်နေတာလဲ " (သတင်းဆောင်းပါး)

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO/KIA ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုကြောင့် စစ်ရှောင်ကလေးတွေအပါအဝင် စစ်ရှောင်ပြည်သူ ၂၉ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၅၇ ယောက် ရှိခဲ့တယ်လို့ KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မုန်လိုင်ခက် တိုက်ခိုက်မှု ဖြစ်စဉ်အပြင် စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိူး၊ စစ်ရာဇဝတ်မှု ချိုးဖောက်မှုအမျိုးမျိုးကို ဆက်တိုက်ကျူးလွန်နေတယ််လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။

အရပ်သားတွေကို စစ်ကောင်စီက ဘာကြောင့် ပစ်မှတ်ထားတိုက်ခိုက်နေတာလဲ။ ဒါနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ် ရေးအစိုးရ NUG နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဘယ်လို ထောက်ပြပြောဆိုထားပါသလဲ ဆိုတာကို စုစည်းတင်ဆက်ထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။