သတင်းထုတ်လွှင့်ချက် - ( EP - 196 )
အောက်တိုဘာလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။
၁၀၂၇ စစ်ဆင်ရေး စတုတ္ထနေ့အထိ ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ပြင်း ထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တပ်စခန်းများကိုလည်း ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု ညီနောင်မဟာ ၃ ဖွဲ့က ပြောသည်။
၁၀၂၇ စစ်ဆင်ရေး စတုတ္ထနေ့အဖြစ် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟောင်နှင့် မုံးကိုးမြို့နယ်များတွင် စခန်းသိမ်း တိုက်ပွဲများကို ဆက်လက်လုပ်ဆောင်နေသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။
၁၀၂၇ စစ်ဆေင်း လုပ်ဆောင်ရတဲ့ အဓိက အကြောင်းနှင့် ပတ်သက်၍ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကို သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။