သတင်းထုတ်လွှင့်ချက် - ( EP - 195 )
အောက်တိုဘာလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။
နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း ကရင်နီပြည်နယ်မှာ ဘယ်လိုအုပ်ချုပ်ရေး စနစ်မျိုးကို စတင်ကျင့်သုံးနေသလဲ
နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလ အတွင်းမှာတော့ ကရင်နီ လက်နက်ကိုင် တော် လှန်ရေး အင်အားစုတွေက ကရင်နီပြည်နယ်ရဲ့ နယ်မြေ ထက်ဝက်ကျော်ကို ထိန်းချုပ်လာနိုင်တဲ့ပြီး အဲ့ဒီ နောက်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်မှု စနစ်မျိုးကို ကျင့်သုံးလာနေပြီလို့ KNPP၊ KNDF တာဝန်ရှိသူ တွေ က ပြောပါတယ်။ ဒါ့အပြင် ဘယ်အဖွဲ့အစည်း၊ ဘယ်အာဏာရှင်မှ ဝင်ရောက် စွက်ဖက်မှုမျိုး မရှိတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး စနစ်ကို စတင်ကျင့်သုံးနေတဲ့အကြောင်း စုစည်းတင်ဆက်ပေးထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။