သတင်းထုတ်လွှင့်ချက် - ( EP - 193 )
အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေမှာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ကနေ ဖရူဆိုအနောက်ဘက်ခြမ်းကိုသွားတဲ့ လမ်းပိုင်းတွေ ပျက်စီးသွား တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာပြီး ကုန်စျေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေသံတွေက ပြောပါတယ်။
တနင်္သာရီကမ်းရိုးတန်း မြိတ်ကျွန်းစုအနီး ပင်လယ်ပြင်မှာ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင် လေ့ကျင့်ခန်း ပြုလုပ်သွားမှာ ဖြစ်တယ်လို့စစ်ကောင်စီ ထုတ်ပြန်ထားတယ် ဆိုတဲ့ သတင်းတွေနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးနဲ့ အတူ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးကို တစ်ပြိုက်နက်တည်း ပါဝင် အကောင်အထည် ဖော်ရမယ့် အချိန်ဖြစ်ပြီး ဒီအခွင့်အရေးကို လက်လွှတ်မခံဖို့ လိုတယ်လို့ NUG ကပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။