သတင်းထုတ်လွှင့်ချက် - ( EP - 180 )
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ .......... ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ထဲက စစ်တပ်နဲ့ KNDO တို့အကြားက တိုက်ပွဲထဲ စစ်ကောင်စီဘက်က ၃၂ ယောက်သေဆုံးပြီးခဲ့ပါတယ်။
အိမ်ပြန်ကြည့်တဲ့ ဖရူဆိုမြို့နယ်ထဲ ဒေသခံအမျိုးသမီးတစ်ယောက် မိုင်းနင်းမိပြီး သေဆုံးသွားပါတယ်။ လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ စက်သုံးဆီဆိုင် ပေါက်ကွဲမှုထဲ အမျိုးသား ၂ ယောက် သေဆုံး ခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းမြောက်၊ တန့်ယန်းမြို့နယ်ထဲက ကလေးငယ်တွေကို မန်ပန်ပြည်သူ့စစ် အဖွဲ့က စာသင်ပေး မယ်လို့ ဆိုပြီး အတင်းအဓမ္မ ခေါ်ဆောင်သွားတဲ့ အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။