သတင်းထုတ်လွှင့်ချက် - ( EP - 274)
မတ်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အသက် ၁၀ နှစ်အောက် ကလေးငယ် ၁၀ ယောက် သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ပြောပါတယ်။
၂၀၂၄ ခုနှစ် ပထမ ၃ လအတွင်း ကရင်နီပြည်မှာ မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၁၀ ယောက်ထက် မနည်းရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ယာယီပိတ်ထားတဲ့ မြဝတီမြို့က ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်ရေး အမှတ် ၂ တံတား ဒီနေ့မှာ ပြန်ဖွင့်လိုက်ပြီလို့ မြဝတီဒေသခံတွေက ပြောပါတယ်။
တနိုင်ငံလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်နဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ ၅ မြို့ကို ထိန်းချုပ် စိုးမိုးထားပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီပြည်မှာရှိတဲ့တော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်ထားတဲ့ မြို့အများစုမှာ မြေမြုပ်မိုင်း ရှင်းလင်းရေး တွေလုပ်ဆောင်နေပြီဖြစ်ပေမယ့် နေရာအများစုမှာ လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့ မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ဆောင်နေသူတွေက ပြောတဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။