သတင်းထုတ်လွှင့်ချက် - (EP - 297)
ဇွန်လ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- မြဝတီမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ စုကလိစခန်းကို ကရင်တော်လှန် ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် လိုက်ပါတယ်။
ကရင်နီပြည်ရဲ့ ကာကွယ်ရေးကဏ္ဍအတွက် အခွန်ငွေရဲ့ ၆၉ ရာခိုင်နှုန်း ကို အသုံးပြုခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ပြောပါတယ်။
မတူပီအခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၃၀၄ ကိုတိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ ချင်းညီနောင် အဖွဲ့က ထုတ်ပြန် ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ တစ်နှစ်အတွင်း အရေးပေါ်တုံ့ပြန်မှုနဲ့ စားနပ်ရိက္ခာ ဖြန့်ဝေမှုကို စစ်ဘေးရှောင် (၁၅၀,၀၀၀) ဆီကို လက်လှမ်းမီ ဖြန့်ဝေနိုင်ခဲ့တယ်လို့ ကရင်နီပြည်ကြား ကာလ အုပ်ချုပ်ရေး ကောင်စီ IEC ကပြောလိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။