သတင်းထုတ်လွှင့်ချက် - (EP - 455)

မေလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီကနေ့ သတင်းတွေထဲမှာတော့ စစ်တပ်က နောင်ချိုမြို့နယ်ထဲ လေကြောင်းကနေ ဗုံးကြဲမှုမှာ သတ္တုကုမ္ပဏီ လုပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပစ်ချခဲ့တဲ့ ရဟတ်ယာဉ်ဟာ စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီက လိမ်လည်သတင်း ထုတ်ပြန်ပါတယ်။

တမူး ပကဖ - ရဲဘော် ၁၀ ယောက် အသတ်ခံရတဲ့ ကိစ္စ အရေးယူပေးရန် အိန္ဒိယအစိုးရကို NUG က တောင်းဆို လိုက်ပါတယ်။

အိန္ဒိယ ဈေးဆိုင်တွေက တူရကီ ကုန်ပစ္စည်းတွေကို ဘာ့ကြောင့် သပိတ်မှောက်ကြတာလဲ။ ဒီအကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။