သတင်းထုတ်လွှင့်ချက် - (EP - 414)

မတ်လ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီနေ့သတင်းတွေထဲမှာတော့ ... ငွေလိမ်လုပ်ငန်းတွေက အိန္ဒိယနိုင်ငံသား ၂၈၃ ယောက်ကို ဒေလီအစိုးရ ပြန်ခေါ်သွားပြီ ဖြစ်ပါတယ်။

ငွေလိမ်လုပ်ငန်းတွေက ယူဂန်ဒါနိုင်ငံသား ခြောက်ယောက် နေရပ်ကို ပြန်ရောက်သွားပါပြီ။

ငွေလိမ်လုပ်ငန်းတွေ နှိမ်နင်းရေး ဆက်လုပ်နေကြောင်း BGF ပြောဆိုလိုက်ပါတယ်။

ရှမ်းမြောက်ဒေသမှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ဆက်လက်ကြီးထွားနေတယ် ဆိုတဲ့ သတင်းနဲ့အတူ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။