အပတ်စဉ် သတင်း ထုတ်လွှင့်ချက် ( EP - 13)
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
စစ်ကိုင်းတိုင်း ယင်းမာမြို့နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်နေတယ်ပါတယ်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်တွေနေတဲ့ နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ထပ်ပြီး ပစ်ခတ်လာတဲ့အတွက် နောက်ထပ်တစ်နေရာကို ထွက်ပြေးရတဲ့သတင်း။
စစ်တပ်က အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးထဲမှာ လူဦးရေ ၁၆၀၀ နီးပါးသေဆုံးသွားတဲ့သတင်း
တိုင်းရင်းသား မျိုးနွယ်စု အချင်းချင်း တိုက်ခိုက်စေတဲ့ စစ်နည်းဗျူဟာတွေကို အုပ်ချုပ်သူ စစ်အာဏာရှင် အဆက်ဆက်က ကျင့်သုံးလာတာ ဒီနေ့အချိန်ထိ ဖြစ်တယ်လို့ KIO က ပြောတဲ့အကြောင်းအရာတွေနဲ့အတူ တိုင်းရင်းသား ဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွား မှာပါရှင်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။