အပတ်စဉ် သတင်းထုတ်လွှင့်ချက် (EP - 12 )
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
မိုးမောက်မြို့နယ်ထဲမှာ ဒေသခံ ၂၀၀ နီးပါး စစ်ဘေးရှောင်နေကြရပါတယ်။
တနင်္သာရီမှာလည်း စစ်ကောင်စီနဲ့ ဒေသခံ PDF တွေအကြားတိုက်ပွဲကြောင့် ရွာသား ၁၀၀၀ နီးပါး တော တောင်တွေထဲ ထွက်ပြေးနေကြရပါတယ်။
သောင်းရင်းမြစ်ဘေးမှာ စစ်ဘေးရှောင်နေကြရတဲ့ လေးကေ့ကော်ဒေသက စစ်ရှောင်တွေ အချိန်အခါမဟုတ် ရွာသွန်းတဲ့မိုးကြောင့် နေထိုင်ရေးအခက်အခဲဖြစ်နေတဲ့ သတင်းနဲ့အတူ တိုင်းရင်းသား ဒေသတွေက တခြား စိတ် ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။